အဆိုတော်ယုန်လေး ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ “သတိအန္တရာယ်ရှိသည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ဇွန်လ ၂၀ ရက် ဆိုရင်မြန်မာတစ်နိုင်ငံလုံးမှာရုံတင်ပြသမှာဖြစ်ပါတယ်

သရုပ်ဆောင်ခင်ဝင့်ဝါကလည်း သတိအန္တရာယ်ရှိသည်ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီးသူ့ရဲ့ကာရိုက်တာ ကတော့ တစ်ခါမှသရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးဖြစ်ပြီးတော့ အစ်ကိုတွေကိုအရမ်းချစ်ရတဲ့ ညီမလေးအဖြစ် သရုပ်ဆောင်ထားကြောင်းနဲ့ ဒီဇာတ်ကားကအလွမ်းကောအကြမ်းကောပါဝင်တဲ့ရသတွေပေးတဲ့ဇာတ်ကားဖြစ်တယ်လို့ ခင်ဝင့်ဝါကပြောပါတယ်

“ဒီကားလေးက အက်ရှင်ကြိုက်တဲ့ပရိတ်သတ်လည်းကြိုက်မယ်လို့ထင်တယ်ပြီးတော့ ဒီကားက သတိအန္တရာယ်ရှိသည် ဆိုတဲ့ပိုစတာကြည့်တာနဲ့တင်ပရိတ်သတ်က အက်ရှင်ကားလို့ထင်ပေမယ့် တကယ်တမ်းကြည့်လိုက်မယ်ဆိုရင်တော့ ရသက ၅၂၈ ကော ၁၅၀၀ ကော အက်ရှင်ကော ရသမျိုးစုံပေးတဲ့ကားလို့ညီမထင်တယ်’’လို့ သရုပ်ဆောင်ကပြောပါတယ်

ဒါ့အပြင်ဒီဇာတ်ကားကိုလက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းနဲ့ ပရိတ်သတ်တွေအနေနဲ့ ဒီဇာတ်ကားကိုကြည့်ရှုပြီးတော့ ဝေဖန်ပေးကြပါဦးလို့လည်း အနုပညာရှင်က အခုလို ပြောပါတယ်

“ကိုယုန်လေးနဲ့ညီမတို့ကအပြင်မှာအရမ်းခင်တယ် မောင်နှမတွေလိုလည်းဖြစ်တော့ သူကမ်းလှမ်းတဲ့အခါမှာ ဒီကားလေး ကိုလက်ခံရိုက်ဖြစ်တာပေါ့  ညီမကလည်းရိုက်ချင်တယ်အချစ်ကားလည်းမဟုတ်ဘူး ရိုက်နေကျကား လည်းမဟုတ်ဘူး အကိုတွေကအရမ်းချစ်ရတဲ့ညီမလေးတစ်ယောက်အနေနဲ့သရုပ်ဆောင်ရမယ်ဆိုတော့လက်ခံရိုက်ဖြစ်တယ် လာပြီး ကြည့်ရှုပေးကြပါ အကြံဥာဏ်ပေးကြပါဝေဖန်ပေးကြပါ” လို့ သူမဆိုပါတယ်

သတိအန္တရာယ်ရှိသည် ဇာတ်ကားကို ဇာတ်ညွန်း ဒီရေလှိုင်း၊ အောင်ကြီးတို့ကရေးသားပြီး ဒါရိုက်တာအဖြစ် အဆိုတော် ယုန်လေး ၊သရုပ်ဆောင်တွေအဖြစ် – မြင့်မြတ် ယုန်လေး K ညီ အောင်လေး တိုင်ရွန် ဘိုချမ်း ခင်ဝင့်ဝါ တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်