စနေ-တနင်္ဂနွေနေ့တွေမှာဘယ်ကိုအလည်သွားရင်ကောင်းမလဲ ပိုက်ဆံလည်းမရှိ တစ်ယောက်က ဘုရားဖူးသွားမယ်  နောက်တစ်ယောက်ကသဘာဝခရီးထွက်ချင်တယ်   

အမြင်မတူတော့ “ဘယ်မှမသွားဖြစ်ဘူး” ဟုတ်လား ဒီလိုညှိုလို့မရတဲ့ပြဿနာကို Myanmar Live ရဲ့ ၁ ရက်တာခရီးသွားအစီအစဉ်နဲ့ဖြေရှင်းပေးလိုက်ပါပြီ သင့်ရဲ့နားရက်ကိုထူးခြားတဲ့ရက်အဖြစ် ပြောင်းလဲပေးမယ့်ခရီးစဉ်နဲ့မိတ်ဆက်ပေးပါရစေ ဘူရားဖူးရင်း  စက်ဘီးစီးပြီး သဘာဝရှုခင်းတွေ ကိုရှူစားရင်း လေကောင်းလေသန့်ကိုရှူရှိုက်ခွင့်ရမယ့်ဒီခရီးစဉ်ကတော့ ကုသိုလ်လည်းရပြီး အလုပ်ကပင်ပန်းမှုမှန်သမျှအပန်းဖြေစေမယ့်ဘတ် ၃၀၀ သာကုန်ကျတဲ့ခရီးစဉ်ပါ

“ဘန်ကရကျောက်”  အပင်မျိုးစိတ်ပေါင်းများစွာနဲ့သာယာလှတဲ့မြစ်လယ်ကျွန်းတစ်ခုဖြစ်သလို ဖရာ့ပရဒဲမြို့နယ် စမွတ်ပရာကာန်ခရိုင်ထဲမှာတည်ရှိနေတဲ့အတွက် သွားလာရလွယ်ကူတဲ့နေရာဖြစ်ပါ တယ် ဘယ်လိုသွားရောက်နိုင်လဲဆိုတာကိုမိတ်ဆက်ပေးလိုက်ပါပြီ

၁။ မဟာချိုင်းမြို့နယ် စမွတ်ဆာခွန်ခရိုင် ကားဂိတ်ကနေ ၆၈ အဲယားကွန်းကား(အဖြူ-အပြာ)စီးပြီး စင်ထရယ်ဖရာ့ရမ်ဆောင်မှာဆင်းပါ (ကားခ ၁၂-၂၀ ဘတ်) ပြီးတော့ ၁၄၀ ၁၄၁ ၁၄၂ စီးပြီး ဘန်ပကော်ဈေးမှာဆင်းပါ (ကားခ ၁၂-၂၀ ဘတ်) အဲဒီနောက်မှာ ၈၂ ကားစီးပြီးဖရာ့ပရဒဲဈေးမှာ ဆင်းပါ (ကားခ ၉ ဘတ်) ဆက်ပြီးတော့ထေ့စဘန်ဖရာ့ပရဒဲမှာဟိုင်းလပ်ကားဆက်စီးလိုက်ရုံနဲ့ ရောက်ရှိနိုင်ပါပြီ

၂။ ၀ွန်ဝီယန်ယိုင်ကနေ ၆ ကား (သို့) ၈၂ ကားစီးပြီးဖရာ့ပရဒဲရေဆိပ်မှာဆင်းပါ(ကာခ ၉ဘတ် ) ဆက်ပြီးတော့ထေ့စဘန်ပရာ့ပရဒဲမှာဟိုင်းလပ်ကားစီးပြီးသွားရောက်နိုင်ပါတယ်

၃။ အုန်းနွယ့်ကနေ ၅၃၉ ကားစီးပြီးစိုင်တိုက်မိုင်မှာဆင်းပါ (ကားခ ၁၂-၂၀ ဘတ်) ပြီးတော့ ၃၅ ကားစီး ပြီး ၀ပ်ရွတ်မှာဆင်းပါ (ကားခ ၉-၁၅ ဘတ်) အဲဒီနောက်မှာဆိုင်ကယ်တက္ကဆီ (သို့) ဟိုင်းလပ်ကား စီးပြီးဖရာ့ပရဒဲရေဆိပ်မှာဆင်းပါ (ကားခ ၉-၂၀ ဘတ်)ပြီးတော့ ထေ့စဘန်ပရာ့ပရဒဲမှာဟိုင်းလပ်ကား ဆက်စီးသွားမယ်ဆိုရင်ရောက်ရှိနိုင်ပါပြီ

ဘန်ကရကျောက်ကိုရောက်ရှိပြီးဆိုရင်လိုက်ပတ်ဖို့နဲ့သဘာဝရှုခင်းတွေကိုအပြည့်အ၀ခံစားနိုင်ဖို့အ တွက်စက်ဘီးတစ်စီးကိုပြေးငှားလိုက်ပါ စက်ဘီးငှားဆိုင်တွေအများအပြားရှိပါတယ် ငှားခကတစ်ရက် ကိုဘတ် ၈၀ ထဲပါ ညနေ ၆ နာရီအထိစီးနိုင်တယ်နော်

စီးတော်ယာဉ်ကိုရပြီဆိုရင်သဘာဝရှုခင်းတွေကိုလိုက်ကြည့်နိုင်ပါပြီ ဥယျာဉ်ထဲကလမ်းတွေမှာစက်ဘီး လမ်းသီးသန့်လုပ်ထားပေးပါတယ် ပထမဦးဆုံးသွားစေချင်တဲ့နေရာကတော့ “နခေါ်ခူယန်ခန်းပန်းခြံ” ဖြစ်ပါတယ်

“နခေါ်ခူယန်ခန်းပန်းခြံ” သစ်ပင်မျိုးစိတ်ပေါင်းများစွာနဲ့တည်ငြိမ်အေးချမ်းတဲ့ပြည်သူ့ပန်းခြံတစ်ခုဖြစ်ပါ တယ် သူငယ်ချင်းတို့အနေနဲ့သဘာဝရှုခင်းမှာစက်ဘီးစီးခွင့် အိပ်စက်အနားယူခွင့် လေကောင်းလေ သန့်ရှုရှိုက်ခွင့်တွေကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်သလိုရှည်လျားလှတဲ့သစ်သားတံတားကိုကျော်ဖြတ်ပြီး ၇ မီတာလောက်မြင့်မားတဲ့မျှော်စင်ကြီးပေါ်တက်ပြီးရှုခင်းတွေကိုရင်သရှုမောနိုင်မှာဖြစ်ပါတယ် ဓာတ်ပုံ တွေအများကြီးရိုက်ဖို့လည်းမမေ့နဲ့နော် အဲဒီမှာကနေရာတိုင်းလှတယ် တစ်ရက်ရိုက်ပြီး ၃ လလောက် ပို့စ်တင်ရမယ့်သဘောရှိပါတယ် သဘာဝကိုရှူစားလို့အီသွားပြီဆိုရင် “ထိုင်းငါးကြင်းပြတိုက်” ကို ဆက်လက်နင်းသွားဖို့လမ်းညွှန်ချင်ပါတယ်

“ထိုင်းငါးကြင်းပြတိုက်” ကတော့ငါးကြင်းနဲ့ပတ်သက်ပြီးပညာပေးဖို့အတွက် ငါချင်းမျိုးစိတ်ပေါင်းများ စွာကိုပြသထားတဲ့နေရာတစ်ခုဖြစ်သလိုရှားပါးငါးကြင်းမျိုးစိတ်တချို့ကိုလည်းပြသထားတာကိုတွေရမှာ ဖြစ်ပါတယ် ငါးကြင်းတွေကြည့်လို့အီသွားပြီးတဲ့နောက်မှာကုသိုလ်ပြုဖို့အချိန်ရောက်ပါပြီ

“ထိုင်းငါးကြင်းပြတိုက်” ကနေထွက်လာတာနဲ့ “၀ပ်ဘန်နမ်းဖူ့နော့” ကိုဆက်နင်းသွားမယ်ဆိုရင် ကျောင်းရဲ့သိမ်ထဲကအကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ဖြစ်တဲ့ “လွန်းဖော့ယိုင်” ကိုဖူးမြော်ခွင့်ရမှာဖြစ်ပါတယ် ဘုရားဖူးပြီးပြီဆိုရင်ဘုန်းကြီးကျောင်ပရ၀ုဒ်အတွင်းကိုအေးအေးဆေးဆေးလျှောက်ကြည့်နိုင်ပါတယ် ဗိုက်ဆာလာပြီဆိုရင်တော့ “ဘန်နမ်းဖူ့ရေပေါ်ဈေး” မှာအားဖြည့်လို့ရပါပြီ

ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့နောက်မှာမပြန်ချင်သေးဘူးဆိုရင်စက်ဘီးနင်းပြီးသဘာဝရှုခင်းတွေကို ဆက်လက်ခံစားလို့ရသလို “နခေါ်ခူယန်ခန်းပန်းခြံ” မှာပြန်လည်အိပ်စက်အနားယူလို့လည်းရပါတယ် အိမ်ပြန်ဖို့မေ့သွားတဲ့အထိတော့မလည်နဲ့နော်

ကဲ ဘယ်လိုလဲ ကျွပ်န်ုတို့ရဲ့ ဘတ် ၃၀၀ တန်တစ်ရက်ခရီးသွားပရိုဂရမ်ကအဆင်ပြေလား အပန်း လည်းဖြေ ကုသိုလ်လည်းရတဲ့ အပြင် ကိုယ်ချစ်ရတဲ့သူနဲ့အတူအချိန်ကိုတန်ဖိုးရှိရှိအသုံးချခွင့်ရတယ် မဟုတ်လား ဒီ့ထက်ချွေတာချင်တယ်ဆိုရင်အစားအသောက်ဝယ်သွားပြီးနခေါ်ခူယန်ခန်းပန်းခြံထဲ မှာစာသုံးနိုင်တယ်နော် ဒီနေ့တော့ ဘိုင်းဘိုင်း နောက်ပတ်တွေမှာဘယ်ကိုအလည်ခေါ်သွားမလဲ ဘယ်လောက်ထိသက်သာမလဲဆိုတာ လက်လွတ်မခံဘဲစောင့်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်

အချက်အလက်နဲ့ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : kapook, greenworld, Anirut Thailand, medium, edtguide, thetrippacker