၂၀၁၉ ဇွန်လ ၃ ရက်နေ့ နေ့လည် ၁၄း၃၀ လောက်ကဖြစ်ပွားခဲ့တဲ့ တာချီလိတ်ဈေးအတွင်းတည်ရှိတဲ့ ရွှေဆိုင် တစ်ခုကို အနုကြမ်းဆီးပြီးထွက်ပြေးတိမ်းရှောင်သွားတဲ့ ကျူးလွန်သည့်သူများကို ဖမ်းဆီးရနိုင်ရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတာဝန်ရှိသူများထံသို့ ဇွန်လ ၄ ရက်နေ့တွင် ပူးပေါင်းဖမ်းဆီးနိုင်ရန် အကူအညီ တောင်းခံခဲ့သည်ဟုသိရသည်။

အနုကြမ်းစီးခံရသည့်ဆိုင်အမည်မှာ “နန်နန်းဘွန်ကျောက်(၂)” ရွှေဆိုင်ဖြစ်ပြီး အင်္ကျီလက်ရှည် ဘောင်းဘီလက် ရှည်ဝတ်ဆင်ထားပြီး မျက်နာပိတ်ဆင်ရန်ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်သူ ၂ ဦးအနက် 9 mm.  သေနတ်ကိုင်ဆောင်ထားသူတစ်ဦးမှဆိုင်ဝန်ထမ်း ၂ ယောက်အား အသံမထွက်ရန် သေနတ်ဖြင့်ချိန်ရွယ်ထား စဉ် ကျန်တစ်ဦးမှ ၅၀ စင်တီမီတာခန့်ရှည်သည့်သံချောင်းဖြင့်ရွှေထည့်ထားသော မှန်ဘောင်များအားရိုက်ခွဲကာ အသင့်ယူဆောင်လာသည့်အိတ်ဖြင့်ရွှေများကိုထည့်ကာ စီးနင်းလာသည့်ဆိုင်ကယ်အနီရောင်ဖြင့် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟုသိရပြီး ယင်းအကြမ်းဖက်မှု၏အသေးစိတ်ကို ဆိုင်အတွင်းတပ်ဆင်ထား သည့် CCTV ကင်မရာမှ သက်သေမှတ်တမ်းများဖမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။

ဆိုင်အတွင်းလုယူခံသွားရသည့်ရွှေများအလေးချိန် ၂၃၄ ကျပ်သားခန့်ရှိပြီး ပျောက်ဆုံးနေသော လက်ဝတ်ရတ နာများမှာ စုစုပေါင်းအလေးချိန် ၆၉ ကျပ်သားရှိ ရွှေဆွဲကြိုး ၈ ကုံး (ဘတ် ၁၃ သိန်းခန့်) ၂ ကျပ်သားရွှေဆွဲကြိုး ၁၈ ကုံး (ဘတ် ၇ သိန်းခန့်) ၁.၅၀ ကျပ်သားရွှေဆွဲကြိုး ၁ ကုံး ၁ ကျပ်သားရွှေဆွဲကြိုး ၄၆ ကုံး (ဘတ် ၉သိန်း ခန့်) ၂ မူးသားရွှေဆွဲကြိုး ၃၀ ကုံး (ဘတ် ၃ သိန်းခန့်) ၁ မူးသားခန့်ရွှေဆွဲကြိုး ၂၇ ကုံး နှင့် ရွှေသားအလေးချိန် ၃၀ ကျပ်သား (ဘတ် ၆ သိန်းခန့်) စုစုပေါင်းထိုင်းဘတ်ငွေ ၅ သန်းခန့်ပါသွားသည်ဟုသိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် တာချီလိတ်မြို့ရဲစခန်းဖြင့် ၅၀၀ မီတာသာကွာဝေးသည်ဖြစ်ပြီး ပြစ်မှုကျူးလွန် သူများကို အမြန်ဆုံးဖမ်းမိနိုင်ရန် မဲဆိုင်ရဲစခန်း ချင်းရိုင်းခရိုင်ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးထံသို့ သံသယရှိသူ များအားစစ်ဆေးပေးရန် အကူအညီတောင်းခံထားကြောင်းသိရသည်။

အချက်အလက်နဲ့ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : mgronline