ထိုင်းနိုင်ငံမှသရုပ်ဆောင်များနဲ့ မြန်မာသရုပ်ဆောင်များပူးပေါင်းရိုက်ကူးထားတဲ့ Lady boy ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၆ ရက်ကစပြီးမြန်မာနိုင်ငံမှာရုံတင်ပြသပြီဖြစ်ပါတယ်

ဒီဇာတ်ကားမှာကျွန်တော် ပေးချင်တဲ့အကြောင်းအရာလေးကတော့ပြည်ပရောက်နေတဲ့ရေခြေားမြေခြားရောက် နေတဲ့သူတွေဒုက္ခရောက်နေတဲ့ အချိန်မှာဗမာအချင်းချင်း လောဘဒေါသမောဟတွေနဲ့ မဟုတ်ဘဲ အချင်းချင်း ကူညီဖြေရှင်း ပေးလိုက်ရင်ကိုယ့် လူမျိုးအချင်းချင်းချစ်တဲ့စိတ်နဲ့ အောင်မြင်တဲ့နေ့တစ်နေ့ကို ရောက်လိမ့်မယ်လို့ မျှော်လင့်တဲ့ ရည်ရွယ်ချက်လေး ပါတယ်” လို့ဒါရိုက်တယကိုပေါက်ကပြောပါတယ်

ဒီဇာတ်ကားနဲ့ပတ်သက်ပြီးဒါရိုက်တာကိုပေါက်က “lady boy ကကျွန်တော့်အတွက် OVersea မှာပထမဦးဆုံး Officialစရိုက်ဖြစ်တဲ့ရုပ်ရှင်ပေါ့ မြန်မာနိုင်ငံမှာရိုက်သလိုမျိုးမနက် ၁၀ နာရီ ၁၁ နာရီမှ ရှူတင်တည်ရတာမျိုး မဟုတ်ဘဲမနက် ၆နာရီထရတယ်  ၇နာရီခွဲ ၈နာရီဆိုရင်ကင်မရာစလည်ပြီး ည ၁၀နာရီ ၁၁နာရီလောက် ထိရိုက်ရတာပါဘန်ကောက်မှာ ၁၂ရက်လောက်ရိုက်ခဲ့ရတယ် အားလုံးလည်းပင်ပန်းခဲ့ရတယ် ဒီဇာတ်ကားလေး ကပင်ပန်းရကျိုးနပ်မယ့်ကားလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိချောပိုကလည်း ဒီဇာတ်ကားမှာသရုပ်ဆောင်ဖြစ်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးပြောပြ ရာမှာတော့ “Lady boy ကားမှာဆိုရင်တော့ စင်သီယာဆိုတဲ့ကောင်မလေးပေါ့ ထိုင်းနိုင်ငံမှာမော်ဒယ်မင်းသမီးဖြစ်နေတဲ့မြန်မာမိန်းကလေးပေါ့ ဘာသာစကားအခက်အခဲတော့ရှိတာပေါ့ ဟိုနိုင်ငံမှာအလုပ်လုပ်နေတဲ့မိန်းကလေးဆိုတော့ ထိုင်းလိုပြောရတာရှိတာပေါ့” လို့ပြောပါတယ်

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် :  Instagram: eichawpo_malaypo