သင်္ကြန်ကာလအပြီး ထိုင်းနိုင်ငံကိုပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ညီအကိုတွေ ကို မဲ့ဆောက်-မြ၀တီ နယ်စပ်ဂိတ်မှာ Myanmar Live မှ ထိုင်းနိုင်ငံမှနေထိုင်ရင်သိထားသင့်တဲ့ အကြောင်းအ ရာတွေနဲ့  အရေးပေါ်ဖုန်းနံပါတ်များကိုစုစည်းပေးထားတဲ့ ‘Thailand 101’ ကို ပံ့ပိုးပေးထားတဲ့မြန်မာညီအကို မောင်နှမတွေ သိပြီးသားဖြစ်တဲ့အသုံးအဆောင်ပစ္စည်းလေးတွေနဲ့အတူ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီ စဲလ်ဆီးယပ်စ် ကိုအံတုပြီး အခမဲ့ပေးဝေနေတာ အခုနဲ့ဆို ၃ ပတ် မြောက်ရှိပြီဖြစ်ပါတယ်။

ပေးဝေမှုမှာတော့ မြန်မာရွှေ့ပြောင်းညီကိုမောင်နှမတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းများကို အမြဲ တင်ဆက်ပေးနေတဲ့  Myanmar Live မှ Surachai Mintun နဲ့ บัตรต่างด้าว – ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမား များ ပေ့ခ်ျမှ Ko Chit တို့မှ မိတ်ဆက်စကားများပြောပြီး ‘Thailand 101’ ကိုပေးဝေပေးခဲ့ပါတယ်။

မရသေးတဲ့ညီကိုမောင်နှမတွေလည်း ၀မ်းမနည်းနေနဲ့နော် မဲ့ဆောက်-မြ၀တီ နယ်စပ်ဂိတ်မှာ Myanmar Live မှ Thailand 101 အလုပ်သမားများရှိသင့်ရှိထိုက်တဲ့ လက်စွဲခေါက်စာအုပ်များကို လစဉ်သွားရောက် ပေးဝေသွားမှာဖြစ်တဲ့အတွက် ဘယ်နေ့တွေမှာ သွားရောက်ပေးဝေမလဲဆိုတာကို Facebook Myanmar Live နဲ့ www.myanmarlivenews.com မှာစောင့်ကြည့်နေဖို့မမေ့နဲ့နော်။