ရှက်ကြောက်တတ်ခြင်းဟာ အားလုံးအတွက်ပြဿနာတစ်ခုလိုဖြစ်နေပါပြီ ဒါပေမယ့် “နေခြည်ဦး” အတွက်တော့ ပြဿနာတစ်ခုမဟုတ်လောက်ပါဘူး ဆိုရှယ်မီဒီယာမှာ ရှက်ကြောက်ခြင်းကိုအနိုင်ယူခဲ့ပြီး ပရိသတ်တွေရဲ့အသည်းနှလုံး တွေကိုငြို့ယူနိုင်ခဲ့ပြီး ၀င်ငွေများစွာကိုဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။

ဆိုရှယ် မီဒီယာဆိုတာကတော့ နှစ်ဖက်ထက်တဲ့ဒါးတစ်စင်းလိုပါပဲ ကြိုက်တဲ့သူများလေ  မုန်းတဲ့သူတွေဟာလည်း ဒွန့်တွဲပါလာတတ်ပါတယ်။ မြန်ဆန်စွာဆက်သွယ်လို့ရနိုင်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မြန်ဆန်စွာလည်းအခြားသူကိုတိုက်ခိုက် လို့ရပါတယ်။ မကြေနပ်တဲ့သူတစ်ယောက်ကို ခြက်ခြင်းလိုလိုတိုက်ခိုက်နိုင်တာလည်း အကောင်းထဲကအဆိုးလို့ပြောရမှာပါ ဒါ့ကြောင့်လည်း ‘Cyberbully’ လို့ဖြစ်လာပြီး အချို့တွေဆိုချက်ခြင်းလိုပင် စိတ်ဓာတ်ကျဆင်းရတဲ့ဝေဒနာကိုခံစားလာရပါ တယ်။

အလှတရားတွေကို ဆိုရှယ်မီဒီယာပေါ်မှာနာမည်ရသွားအောင် မွေးထုတ်ပေးခြင်းခံလိုက်ရတဲ့ နေခြည်ဦးဟာ England နိုင်ငံရဲ့ University of Brandford တက္ကသိုလ်မှာ ဘွဲ့ရထားတဲ့ စီးပွားရေးပိုင်ရှင်တစ်ဦးရဲ့သမီးဖြစ်ပါတယ် ယခုဆိုရင်တော့ (MBA) ဘွဲ့ကို Global MBA University of the Thai Chamber of Commerce မှာသင်ကြားနေပြီး လူမှုကွန်ယက် ဖေ့ဘုတ်ခ်ပေ့ခ်ျ Facebook: beautybynaychi မှာရေပန်းစားနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့ Myanmar live ပရိသတ်ကြီးကို နေခြည်ဦးရဲ့ MODA မှာဖြေထားတဲ့အင်တာဗျူးလေးကို ကောက်နှုတ်တင်ပြပေးလိုက် ပါတယ်နော်။

Photo Credit: MODA Myanmar

မိဘတွေအထိတိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့အပေါ်နေခြည်ဦးရဲ့ခံယူချက်

Nay Chi:
“အများစုကတော့ နေခြည့်ကိုတိုက်ခိုက်ကြတာပါပဲ ဒါပေမယ့် တစ်လောက နေခြည်ရဲ့အိမ်ကို Review လုပ်တဲ့ ဆင်းလေးရိုက်လိုက်တဲ့နောက်ပိုင်းမှာ နေခြည့်ကိုတိုက်ခိုက်တော့တာပဲ နောက်ပြီးနေခြည်ရဲ့အဖေကစစ်သားဖြစ်တဲ့အ တွက် ဒီချမ်းသာမှုတွေဟာ မရိုးသားဘူးပေါ့ ဆိုပြီးတိုက်ခိုက်တာ ဒါပေမယ့် နေခြည်တို့ဘယ်လိုရုန်းကန်လာခဲ့ရလည်းဆို တာကတော့သိတဲ့သူနည်းတာပေါ့”

အွန်လိုင်းပေါ်ကတိုက်ခိုက်မှုကို နေခြည်ဦးဘယ်လိုတုံ့ပြန်ခဲ့လဲ

Nay Chi:
“နေခြည်က Public people ဆိုတော့ တိုက်ခိုက်ခံရတာ မပြောပလောက်ပါဘူး ဒါပေမယ့်တစ်ခုခု တုံ့ပြန်တော့ မယ်ဆိုရင်အရင်ဆုံး သတိရှိအောင်ကြိုးစားပါတယ် မတုံ့ပြန်သင့်တဲ့အရာတွေကိုတော့ မတုံ့ပြန်ဘူး အများအားဖြင့်တော့ မတုံ့ပြန်တာများပါတယ် နေခြည်က ကိုစိုင်းကို အတုယူတယ် သူကဆိုရှယ်မီဒီယာပေါ်မှာ ဘယ်လိုလှောင်ပြောင်ခံရပါစေ ဥပေက္ခာပြုပြီးတော့ ဘာမှမတုံ့ပြန်သလိုစိတ်လည်းမဆိုဘူး ပြီးတော့ ချက်ခြင်းကြီးဆိုသလို မီဒီယာတွေနဲ့လည်း လက်လွတ်စဖွယ် အင်တာဗျူးမဖြေဘူး ဒါတွေကိုအတုယူပြီးနေခြည်ဖြတ်သန်းပါတယ်။ ”

Photo Credit: MODA Myanmar

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : MODA Myanmar (Lu Thar Man, Kyaw Ye Lynn)