သရုပ်ဆောင်မြင့်မြတ်ဟာ အခုနောက်ပိုင်းဇာတ်ကားတွေရိုက်တာစိတ်လာတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့ Life Style ကို ငယ်ငယ်ကနဲ့အခုချိန်နဲ့ကွာခြားသွားတယ်လို့လည်းသူကဆိုပါတယ် သူ့ရဲ့သရုပ်ဆောင်မှုတွေ ရှုတင်တွေပြီး ဆုံးသွားပြီဆိုရင်တော့ အရင်က ဘားတွေ ကေတီဗွီတွေသွားခဲ့ပေမယ့်အခုတော့မသွားချင်တော့ဘဲဂိမ်းဆော့တာနဲ့ပဲအချိန် သွားတယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။

” အသက်ကြီးလာလို့လားမသိဘူး ငယ်တုန်းကတော့သွားတယ် ရှုတင်ပြီးရင်  ကေတီဗွီတွေဘာတွေသွားတယ် အခုကျတော့မသွားချင်တော့ဘူး ဂိမ်းပဲဆော့တယ် ကျွန်တော်ကလည်းဂိမ်းဆော့တာဝါသနာ ပါတယ်လေ ဂိမ်းကလည်း တော်တော်ငြိတယ် အဲ့တာနဲ့ပဲရှူတင်ပြီးတာနဲ့ဂိမ်းဆော့တာနဲ့ပဲအချိန်ကုန်တယ် ပြီးရင် ကလေးနဲ့ဆော့တယ်” လို့ မြင့်မြတ် က ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာတော့ မြင့်မြတ်ဟာ “ကျောမှ ဂဠုန် ၊ ရင်မှာ နဂါး”ရုပ်ရှင်မှာသရုပ်ဆောင်ထားခဲ့ပြီး မကြာခင်မှာထပ်မံရိုက်ကူးမယ့် ဇာတ်လိုက် ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်အတွက် ကျောင်းဆရာနေရာကနေ၀င်ရောက်သရုပ်ဆောင်မယ့်အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်  ” ဒါရိုက်တာကိုပေါက်နဲ့ပေါ့ပဲခူးဘက်မှာသွားရိုက်ဖို့ရှိတယ် အဲ့ကားဆိုရင်လည်း ပညာပေးကားလေးပဲ အရမ်းကောင်းတယ်  ကျောင်းဆရာ ဇာတ်ရုပ်ဆိုတော့ တက်တူးတွေကိုဖျက်ပြီးသရုပ်ဆောင်ရမယ်” လို့ ၄င်းကပြောပြ ပါတယ်။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် Facebook : komyintmyatrealfan, Myint-Myat-Actor