အဆိုတော်ရွှေထူးကတော့ သူ့ရဲ့ ဇနီးရွှေမှုန်ရတီနဲ့ ရည်းစားမဖြစ်ခင်စတင်ဆုံတွေ့ခဲ့တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ် ကားရုံတင်တော့မှာမို့လို့ ရင်ခုန်စိတ်လှုပ်ရှားနေလို့ဆိုပါတယ်။ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က အဲဒီကားမှာ မင်းသားနဲ့ မင်းသမီးနေရာကနေ သရုပ်ဆောင်ထားကြတာဖြစ်ပြီးတော့ ဇာတ်ကားရိုက်နေရင်းနဲ့ ရင်းနှီးပြီးချစ်ကြိုက်ခဲ့ကြ တာဖြစ်ပါတယ်။

ဒါကြောင့် ဒီဇာတ်ကားဟာ အမှတ်တရတွေအများကြီးရှိနေပြီး မကြာခင်မှာလည်း ဒီဇာတ်ကားရုံတင်တော့မှာ ဖြစ်တဲ့အတွက်ပရိတ်သတ်တွေအနေနဲ့ကြည့်ရှုပြီးဝေဖန်အားပေးကြပါလို့လည်း အဆိုတော်ရွှေထူးကဆိုပါတယ်။

“ဧည့်သည်ဇာတ်ကားက သိပ်မကြာခင်မှာရုံတင်တော့မယ်။ ရင်ခုန်တယ်လင်မယားနှစ်ယောက်လုံးလည်းအိမ်မှာ အဲဒါကိုပဲပြောဖြစ်နေတယ်။ ဇာတ်ကားလေးရုံတင်တော့ မယ်ဆိုတော့လေ။ အမှတ်တရကားလေးလေ။အဲ့ဒီကား ကိုပရိတ်သတ်တွေ အနေနဲ့လည်းကြည့်ရှူပြီးဝေဖန်ပေး ကြပါဦး။မင်းသားရုပ်မဟုတ်ပေမယ့်လည်း မင်းသား နေရာ ကနေ သရုပ်ဆောင်ထားတဲ့အတွက် သရုပ်ဆောင်တာလေးကိုကြည့်ပြီးဝေဖန်ပေးကြပါဦးလို့ပြော ချင်ပါ တယ်” လို့ အဆိုတော်ရွှေထူးကဆိုပါတယ်။

ဒါ့အပြင် သူတို့လင်မယားနှစ်ယောက်ဂျပန်ကိုသွားလည်ဖြစ်တာက ဆာကူရာပန်းတွေနဲ့ ရွှေမှုန်ရတီက ဓာတ်ပုံ ရိုက်ချင်တယ်လို့ဆိုတဲ့အတွက် ချက်ခြင်းထသွားဖြစ်တာပါလို့လည်းရွှေထူးကဆိုပါတယ်။

“အဲ့နေ့ညက မှတ်မှတ်ရရဆာကူရာပန်းလေးတွေသွားကြည့်ချင်တယ်။သူလည်းမရောက်ဖူးဘူးဆိုတာနဲ့ ဗီဇာ တွေဘာတွေလျှောက်ပြီး ၂ပတ်လောက်ကြာသွားတော့ သွားဖြစ်လိုက်တာပါ။ ဂျပန်သွားတာက အဓိက က သူ့ကိုဓာတ်ပုံရိုက်ပေးဖြစ်တာပေါ့။အတွေ့အကြုံသစ်တွေလည်းအများကြီးရပါတယ်။ ဂျပန်တွေကအရမ်းယဉ် ကျေးတာတွေ့ခဲ့ရပါတယ်” လို့ ရွှေထူးကပြောပြပါတယ်။ ရွှေထူးကလက်ရှိမှာတော့ သူ့ရဲ့ တတိယမြောက် အယ်လ်ဘမ်အတွက် သီချင်းလုပ်နေတာ ၉ပုဒ်ပြီးသွားပြီဖြစ် ပြီးမကြာခင်အချိန်မှာ အခွေထွက်နိုင်အောင် ကြိုးစားမယ်လို့လည်းပြောပြခဲ့ပါတယ်။