ဒဏ်ရာကြောင့် အနားယူထားရပြီး ၁ နှစ်တာ မြက်ကွင်းနဲ့ဝေးကွာခဲ့ရတဲ့ မြန်မာဘောလုံးအားကစားသမား ကျော်ကိုကို ကိုလာမည့်ခြေစမ်းပွဲတွင် ကစားရန်အသင့်ရှိမရှိ ပွဲထုတ်ခြေစမ်းမည်။

 “တိုယိုတာထိုင်းလိဂ်၂၀၁၉” တွင် ရလာဒ်အကောင်းဆုံးလုပ်ဆောင်နိုင် ခဲ့တဲ့ ထိုင်းဘာသာစကားအခေါ်အဝေါ် “ခိယို့စမွတ်” သမုဒ္ဒရာအဆွယ် ဟုအဓိပ္ပါ ယ်ရတဲ့ အသင်းကတော့ ပြိုင်ပွဲ ၄ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ နဲ့ ၁ ပွဲရုံး ရမှတ် ၇ မှတ်နဲ့ အဆင့် ၄ မှာချိတ်နေပါတယ် ယင်းအသင်းကိုလည်း ဖီဖာဒေး ပြက္ခဒိန်နှင့် အတူ အနားယူခွင့်ပေးထားတယ်လို့သိရပါတယ်။

လက်ရှိတွင် စုရဖုန်(င်) ခွန်ထေ့ပ် သမုဒ္ဒရာအဆွယ် ရဲ့နည်းပြချုပ်  “နည်းပြ အန်” ရဲ့ပြောပြချက်အရ မြန်မာဘောလုံးအားကစားသမား ကျော်ကိုကို ရဲ့ ဒဏ်ရာကြောင့် ၁ နှစ်တာအနားယူခဲ့လိုက်ရတဲ့နောက်ပိုင်း ကွင်း နဲ့ဝေးကွာ ပြီး ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အပေးအယူပိုင်းမှာ ယုံကြည်မှု အနည်းငယ်လျော့ကျသွားနိုင်ကြောင်း၊ ဒါ့ကြောင့် ကျော်ကိုကို ပြန်လည် သက်သာလာတာနဲ့အမျှ ကွင်းနှင့်အသားကျအောင် စိတ်ဓာတ်ခွန်အားနဲ့

အသင်းသား တွေနဲ့လိုက်ရောညီထွေစွာကစားနိုင်ဖို့ကို ပြန်လည်လေ့ကျင့် ပေးသွားမယ် လို့ ဆိုပါတယ်။

 “ထိုင်းလက်ရွေးစင်အသင်း အနားယူနေတဲ့အချိန်မှာ လေ့ကျင့်ရေးနည်းပြ တွေက ကျနော်နဲ့လာပြီး ကျော်ကိုကို ကိုလေ့ကျင့်ပေးတယ် ပြီးရင် လာမည့် မတ်လ ၂၂ ရက်နေ့မှာ ထိုင်းလက်ရွေးစင်အသင်း လိဂ် ၂ ဖြစ်တဲ့ “ကစစ်စတ် အဖ်စီ” နဲ့ခြေစမ်းခွင့်ရမယ် ဒါဟာ ကျော်ကိုကို ကိုဒဏ်ရာကြောင့်အနားယူ သက်သာလာပြီးတဲ့နောက် ပွဲထုတ်စမ်းသပ်ဖို့ အသင့်တော်ဆုံးအချိန်လို့ ထင်ပါတယ် ပွဲပြီးရင်တော့ ကျော်ကိုကို ရဲ့ဝင်ရောက်ယဉ်ပြိုင်ကစားမှုဟာ ဘယ်လောက်ထိ အဆင့်သင့်ဖြစ်နေပြီလဲဆိုတာကို ကျနော်တို့ပြန်လည်သုံး သပ် ကြမှာဖြစ်ပါတယ်” ဟု နည်းပြအန် မှ ပြောပါတယ်။

လာမည့်ပွဲစဉ်တွေမှာတော့ သမုဒ္ဒရာအဆွယ် လို့တင်စားထားတဲ့ “စမွတ်ပရ ကန်စီးတီး” နဲ့  လျှပ်စစ်ရဲတိုက်လို့တင်စားထားတဲ့ “ဘူရီရမ်ယူနိုက်တက်” တို့ဟာ “တိုယိုတာထိုင်းလိဂ်၂၀၁၉” လက်ရှိရာသီရဲ့ ပွဲစဉ် ၅ မှာ ၂၀၁၉ မတ်လ ၃၀ ရက်နေ့ ထိုင်းစံတော်ချိန် ၁၉း၀၀ အချိန်မှာ ချန်းအာရီနာ ကွင်းမှာ ယှဉ်ပြိုင်သွားကြမှာပါဖြစ်ပါတယ်