မေး : ဆရာရေ…ရည်းစားအသစ်နဲ့လိင်ဆက်ဆံပြီးအဖြူဆင်းတာ ပကတိဖြစ်စဉ် တခု ဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းလာမှာ မဟုတ်လားရှင့်

ဖြေ : ဒီလိုကိစ္စမျိုးကို လျော့တွက်လို့မရပါဘူး ! တကယ်လို့ ပုံမှန်ထက် ပိုပြီးအဖြူဆင်းနေ ရင်  အရောင်အဆင်းကို သတိထားကြည့်ပါ တကယ်လို့ အကြည်ရောင် အစိမ်းနုရောင် အဝါရောင် နဲ့ အဖြူရောင်အရည်များ မိန်းမကိုယ် မှ ဆင်းခြင်း ဆီးသွားတဲ့အချိန်နာကျင်ခြင်း ဆီးခုံအောင့်ခြင်း နဲ့ ရာသီမလာမီစပ်ကြားအချိန်တွင် သွေးဆင်းခြင်း လိင်ဆက်ဆံ တဲ့ အချိန်တွင် မိန်းမကိုယ်မှသွေးဆင်းခြင်းများဖြစ်နေရင် သေချာပါတယ် မိန်းမကိုယ်အတွင်း တခုခုဖြစ်နေပါပြီ (Gonorrhea) ဆိုတဲ့ ဆီးပူညောင်းကျ ဖြစ်နိုင်ချေရှိနေပါပြီ….မပေါ့ဆပါနဲ့။

ဆီးပူညောင်းကျရောဂါ ကူးစက်နိုင်တဲ့ လက္ခဏာတွေကတော့ လိင်ဆက်ဆံဖေါ် ပြောင်းခြင်း /များခြင်း အကာအကွယ်မသုံးဘဲ ပါးစပ်၊ စအို၊ တို့ဖြင့်လိင်ဆက်ဆံခြင်း မူးရစ်ဆေးသုံးထားပြီး ဆစ်ဖလစ် (Syphilis) ရောဂါ ရှိနေပြီးသောသူနှင့်လိင်ဆက်ဆံခြင်း ပါးစပ်ဖြင့် လိင်အာသာဖြေခြင်းတို့မှ တဆင့် ဘက်တီးရီးယားများ ဖြစ်ပွား ပြီး ဆီးပူညောင်းကျရောဂါ ဖြစ်တတ်ပါတယ်။

အကောင်းဆုံးနည်းလမ်း ကတော့ အဆိုပါ ရောဂါလက္ခဏာ တွေဖြစ်နေပြီဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားပြ ပါ အကာအကွယ်သုံးပြီးလိင်ဆက်ဆံပါ မိန်းမကိုယ်နာကျင်နေသည့်အချိန် တွင် လိင်မဆက်ဆံခြင်း  မကြာခဏ လိင်ဆက်ဆံဖေါ် ပြောင်းခြင်း တို့ကိုရှောင်ရှားပါ။