ဒီတစ်ပတ် FA cup ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲမှာဆိုရင်  အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းတွေထဲက အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊မန်စီးတီးအပါအ၀င်ဝုဖ်ဗ်၊ ဘရိုက်တန်၊၀တ်ဖို့ဒ် ပဲလေ့စ် စတဲ့အသင်းတွေပါဝင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ သက်တမ်းအရင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA ဖလားပြိုင်ပွဲဟာ အင်္ဂလန်ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုဖလားတစ်ခုဖြစ်တဲ့အတွက် အသင်းတိုင်းက အားသွန်ခွန်စိုက်ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။ အသင်းငယ်တွေအနေနဲ့လည်း ဒီပြိုင်ပွဲမှာသာဗိုလ်ဆွဲခဲ့မယ်ဆိုရင် ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုတိုက်ရိုက် ယှဉ်ပြိုင်ကစားခွင့်ရမှာဖြစ်တဲ့အတွက် ရေကုန်ရေခမ်းကစားလေ့ရှိတဲ့အတွက် စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ခုလည်းဖြစ်ပါ တယ်။ဒီတစ်ပတ်မှာဆိုရင် ပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ ဗိုလ်ဆွဲဖို့ရေပန်းအစားဆုံးအ သင်းဖြစ်တဲ့ မန်စီးတီးအသင်း စတဲ့အသင်းတွေရဲ့ပွဲစဉ်တွေရှိနေတဲ့အတွက် လက်မလွတ်တမ်းအားပေးကြရဦးမှာပါ။

ဝုဗ် Vs မန်ယူ

မန်ယူအသင်းအတွက်ကတော့ ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာဖွယ်ရှိတယ်။ ဒီရာသီမှာ အဝေးကွင်းခြေစွမ်းကောင်းမွန်နေ တယ်လို့ဆိုရမယ့် မန်ယူအသင်း အိမ်ကွင်းမာကျောတဲ့ဝုဗ်ကိုဘယ်လို အနိုင်ယူမလဲစိတ်ဝင်စားစရာပါ။ ၀ုဗ်ကတော့ဒီရာသီမှာ အသင်းကြီးတွေဆီက ရမှတ်တွေကို သူ့အိမ်ကွင်းမှာစုဆောင်းလေ့ရှိတဲ့အသင်းဖြစ်ပြီး အနီးကပ်ဆုံး အနေနဲ့ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကိုဒုက္ခပေးပြီးရမှတ်ခွဲယူနိုင်ခဲ့တယ်။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်ကိုရှူံးခဲ့ပေမယ့် ဒီပွဲစဉ်ကိုတော့ အနိုင်ရအောင်အားထုတ်လာနိုင်ပါတယ်။ ဒဏ်ရာရကစားသမားတွေထဲက

ဆွမ်ဆီး Vs မန်စီးတီး 

မန်စီးတီးအတွက် ဖလား ၄လုံးလမ်းကြောင်းအိပ်မက်က တစ်ဖြေးဖြေးနဲ့နီးကပ်လာနေပါပြီ။ လိဂ်ဖလားကိုရယူထားပြီးဖြစ် တဲ့အတွက် အနီးကပ်ဆုံး FA ဖလားကိုလည်းရယူဖို့အားထုတ်မှာပါ။ ပြီးခဲ့တဲ့ကြားရက်တုန်းကလည်း ချန်ပီယံလိဂ်ရှူံးထွက်ပွဲ မှာရှော်လ်ကေးလိုအသင်းကို ၇ဂိုးသွင်းခဲ့တဲ့ခြေစွမ်းတွေက ကြောက်ဖို့ကောင်းပါတယ်။ ဆွမ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းအားတစ်ခုနဲ့ မန်စီးတီးကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကစားသမားအရည်အသွေးကအစကွာဟလွန်းပါတယ်။ ဒီပွဲစဉ်မှာ အရန်တွေနဲ့ကန်မယ်ဆိုရင်တောင်မန်စီးတီးအနိုင်ရဖို့အတွက်သေချာနေပါတယ်။

ဝတ်ဖို့ဒ် Vs ပဲလေ့စ်

လက်ရှိခြေစွမ်းပိုင်းအရဆိုရင် ၀တ်ဖို့ဒ်အသင်းက ပဲလေ့စ်ထက်ခြေမှန်တယ်လို့ဆိုရမယ်။ အထူးသဖြင့် ၀တ်ဖို့ဒ်အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင်ခြေစွမ်းကောင်းမွန်လေ့ရှိပါတယ်။ဝတ်ဖို့ဒ်ရဲ့ဒီပြိုင်ပွဲမှာဖြတ်ကျော်လာတဲ့ပြိုင်ဘက်တွေက အသင်းငယ်တွေသာဖြစ်ပြီး နယူးကာဆယ်တစ်သင်းပဲသူတို့အတွက်အပန်းကြီးခဲ့တာပါ။ ပဲလေ့စ်အသင်းကတော့ စပါးလို အသင်းကို ဖြုတ်ချထားနိုင်ခဲ့တဲ့အသင်းပါ။ ဒီရာသီမှာဒီနှစ်သင်း ၂ကြိမ်တွေ့ဆုံခဲ့ပြီး ၂ကြိမ်လုံး ၀တ်ဖို့ဒ်အသင်းက အနိုင်ရယူထားတဲ့အတွက်ဒီတစ်ကြိမ်မှာတော့ ပဲလေ့စ်အသင်းအနိုင်ရဖို့အတွက်အားထုတ်လာနိုင်ပါတယ်။ တိုက်စစ်ချင်းယှဉ်မယ်ဆိုရင် ပဲလေ့စ်ရဲ့ ဇာဟာ၊ တောင်ဆန်တို့က ၀တ်ဖို့ဒ်အသင်းရဲ့ ဒီနေးတို့ထက်  ပိုပြီး အလုပ်ဖြစ်ပါတယ်။ ပဲလေ့စ်အသင်း ဆီမီးတက်ပါမယ်။

မာစီယဲလ်၊လင်ဂတ်၊မာတစ်တို့ပြန်လည်ပါဝင်လာနိုင်မှာဖြစ်တဲ့အတွက် ကွင်းလယ်ပိုကောင်းလာနိုင်ပါတယ်။ မန်ယူအသင်း ဆီမီးတက်ရောက်ပါမယ်။

မီဝေါ Vs ဘရိုက်တန်  

လိဂ်ချန်ပီယံရှစ်ကလပ်မီဝေါအသင်းက ကွာတားမှာ ဘရိုက်တန်လိုအသင်းကိုဘယ်လိုယှဉ်ကစားမလဲစိတ်ဝင်စားစရာပါ။ မီဝေါအသင်းက FA ဖလားပြိုင်ပွဲမှာအစဉ်အလာရှိတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ ခြေစွမ်းအရဆိုရင်လည်း အိမ်ကွင်းမှာ ရမှတ်တွေစုဆောင်းလေ့ရှိတဲ့အသင်းပါ။ နောက်ဆုံးပြိုင်ပွဲစုံ ၅ပွဲမှာ ၃ပွဲနိုင် ၁ပွဲသရေနဲ့ ၁ပွဲသာရှူံးနိမ့်ထားတဲ့အသင်းပါ။ ဘရိုက်တန်အသင်းအတွက်ကတော့ မီဝေါလိုအသင်းနဲ့တွေ့ပေမယ့် ပေါ့ဆရင်ပြိုင်ပွဲကထွက်ခွာရဖို့နီးစပ်ပါတယ်။ အထူးသဖြင့်အဝေးကွင်းဆိုရင်ညံ့တဲ့ဘရိုက်တန်အသင်း မီဝေါကိုအဝေးကွင်းမှာအနိုင်ရဖို့မဖြစ်နိုင်ပါဘူး။ မီဝေါအသင်းအနိုင် ရသွားပါလိမ့်မယ်။