အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ပွဲစဉ် ၃၀အထိရောက်ရှိလာပြီဖြစ်ပါတယ်။ ကစားဖို့ ၈ ပွဲသာကျန်တော့တဲ့အချိန် မှာချန်ပီယံဆုအတွက်အဓိကယှဉ်ပြိုင်နေရတဲ့ လက်ရှိချန်ပီယံမန်စီးတီးနဲ့ လီပါဗူးအသင်းတို့ကတော့ ပြတ်ပြတ်သားသား အမှတ်ကွာဟမှုမရှိသေးပဲ ၂ သင်းလုံးမျှော်လင့်လို့ရနေတာပါ။

ဒီတစ်ပတ်ပြိုင်ပွဲမှာတော့အစဉ်အလာပြိုင်ဘက်လို့ဆိုရမယ့်အာဆင်နယ်အသင်းနဲ့မန်ယူအသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံ တဲ့ပွဲရှိတဲ့အတွက် ပရီးမီးယားလိဂ်ပရိတ်သတ်တွေအနေနဲ့ရင်ခုန်စိတ်လှုပ်ရှားရဦးမှာ။ ဆိုးလ်ရှားလက်ထက်အဝေး ကွင်းနိုင်ပွဲကရာနှုန်းပြည့်ရှိနေတဲ့မန်ယူအသင်းကို အာဆင်နယ်အသင်းကဘယ်လိုဧည့်ခံကစားသွားမလဲစိတ်ဝင်စားစရာပါ။ ဆိုးလ်ရှားလက်ထက်မှာ လန်ဒန်အခြေစိုက်အသင်းတွေဖြစ်တဲ့စပါး၊ ပဲလေ့စ်၊ ဖူလ်ဟမ်အစရှိတဲ့ အသင်းတွေကို ပရီးမီးယားလိဂ်ပြိုင်ပွဲအဝေးကွင်းတွေမှာအနိုင်ယူခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ် အသင်းတွေကို FA ပြိုင်ပွဲတွေမှာအနိုင် ယူခဲ့ပါတယ်။ ဒီတစ်ပတ် ဒုတိယအကြိမ်တွေ့ဆုံတဲ့ ပွဲမှာတော့ အာဆင်နယ်အသင်းပဲမန်ယူအသင်းရဲ့အဝေးကွင်း နိုင်ပွဲစံချိန်တွေကိုရပ်တန့်ပစ်မလား ဒါမှမဟုတ် မန်ယူအသင်းကပဲထပ်မံအနိုင်ယူသွားမလားစောင့်ကြည့်ကြရမှာဖြစ်ပါ တယ်။

အာဆင်နယ် Vs မန်ယူ  

ဆိုးလ်ရှားလက်ထက်နတ်ရေကန်ထဲပစ်ချသလိုဖြစ်သွားတဲ့ မန်ယူအသင်းက ကြားရက်မှာ PSG ကိုအံ့အားသင့်ဖွယ် အဝေးကွင်းမှာအနိုင်ယူခဲ့ပြီးချန်ပီယံလိဂ်ကွာတားတက်ရောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း ကြားရက်မှာ ပြင်သစ်မြေကိုသွားကစားထားတဲ့ပွဲမှာ ၃ဂိုး၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ မန်ယူအသင်းမှာ ဒဏ်ရာရကစားသမားတွေများနေ တာက ဆိုးလ်ရှားအတွက်အကျပ်ရိုက်စရာဖြစ်ခဲ့ပေမယ့် အကယ်ဒမီထွက်လူငယ်တွေဖြစ်တဲ့ တာဟစ်ချောင်၊ဂရင်းဝုဒ်၊တော် မီနေးစတဲ့ကစားသမားတွေကိုယုံယုံကြည်ကြည်ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ တိုက်စစ်ရော ကွင်းလယ်ပါ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး အထူးသဖြင့် အူဘားမီယန်းအနေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပါတယ်။ ရှူံး ပွဲတွေဆက်နေတဲ့ အူနိုင်းအမ်မရီအတွက်ကတော့ နည်းပြထိုင်ခုံကလှုပ်နေပါတယ်။ခြေစွမ်းပိုင်းချိန်ထိုးမယ်ဆိုရင်တော့ မန်ယူအသင်းက အသာရနေပါတယ်။ ပေါ့ဘာ၊ဟာရဲယား၊လင်ဂတ်၊မာစီယဲလ်တို့ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိတဲ့ မန်ယူကွင်းလယ်ကိုအာဆင်နယ်ရဲ့တော်ရဲယား၊မစ်ခီတာရီယန်တို့ယှဉ်ကစားနိုင်မှာမဟုတ်ပါဘူး။ ဒီပွဲစဉ်မှာတော့ မန်ယူအသင်းကပဲ ၂ ဂိုးပြတ်လောက်နဲ့အနိုင်ရသွားပါလိမ့်မယ်။

မန်စီးတီး Vs ၀တ်ဖို့ဒ်  

မန်စီးတီးအတွက် ချန်ပီယံဆုဖလားကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ဆိုရင် အသင်းအလယ်အလတ်တွေနဲ့တွေ့တုန်းအနိုင်ရဖို့ အားထုတ်ရတော့မှာပါ။ ၀တ်ဖို့ဒ်အသင်းက အသင်းကြီးတွေနဲ့တွေ့တိုင်းဒုက္ခပေးလေ့ရှိတယ်။ FA ဖလားကွာတားဖိုင်နယ် တက်ရောက်ထားတဲ့ ၀တ်ဖို့ဒ်အသင်း လူချန်ကစားနိုင်ပါတယ်။ ဒီပွဲစဉ်မှာတော့ ချန်ပီယံလုပွဲအတွက်ရမှတ်တိုင်းကအရေးပါ နေတဲ့မန်စီးတီးအသင်း အိမ်ကွင်းမှာဂိုးပြတ်သွင်းနိုင်တယ်။

လီပါဗူး Vs ဘန်လေ

လီပါဗူးအတွက်တော့ မန်စီးတီးရဲ့ကျော်တက်ခြင်းကိုခံလိုက်ရတာကနစ်နာပါတယ်။ ပရီးမီးယားလိဂ်ဖလားကိုပထမဦးဆုံး အကြိမ်ရယူနိုင်ဖို့အတွက် လက်ကျန်ပွဲတွေကိုအနိုင်ကစားထားဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လီပါဗူးရဲ့ အခုနောက်ပိုင်း ကစားဟန်ကကျဆင်းနေပြီး တိုက်စစ်ကသွင်းဂိုးတွေရဖို့အတွက်ရုန်းကန်နေရတယ်။ ဘန်လေအသင်းကတော့ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့အတွက် တတ်နိုင်သမျှအမှတ်ခွဲယူဖို့ပြင်ဆင်လာနိုင်တယ်။ ဒါပေမယ့် ချန်ပီယံလုပွဲအတွက် ရမှတ်လိုနေတဲ့လီပါဗူးအသင်းအနိုင်ရအောင်ကစားလိမ့်မယ်။

ဆောက်သမ်တန် Vs စပါး

ဆောက်သမ်တန်အသင်းကပြီးခဲ့တဲ့အပတ်မှာမန်ယူကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တယ်။ အထူးသဖြင့် မထင်မှတ်တဲ့ အချိန်တွေမှာသွင်းဂိုးတွေရရဖို့အတွက်ကြိုးစားတတ်တဲ့အသင်းဖြစ်တယ်။ စပါးအသင်းကတော့ အဆင့် ၄နေရာက မန်ယူနဲ့ ၃မှတ်သာကွာတော့လို့ လက်ကျန်ပွဲတွေကအမှားခံလို့မရတော့ဘူး။ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းကစားပုံမာကျောတဲ့ အတွက် စပါးအသင်းအနိုင်ရဖို့ခက်ခဲပါလိမ့်မယ်။ ဒီပွဲစဉ်မှာ အကျိုးအမြတ်အတွက်ဆိုရင်တော့ ဆောက်သမ်တန်ဘက် ကရပ်တည်သင့်ပါတယ်။

ချဲလ်ဆီး Vs ၀ုဗ် 

ချဲလ်ဆီးအသင်းအနေနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နေရာတစ်နေရာအတွက်သေချာပေါက်ဒီပွဲစဉ်ကိုအနိုင်ကစားဖို့လိုအပ် နေပါတယ်။ ပြီးခဲ့တဲ့ကြားရက်မှာချဲလ်ဆီးအသင်းကယူရိုပါလိဂ်ကစားထားရတဲ့အတွက်ပွဲပန်းနိုင်ပြီးဝုဗ်အသင်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ကစားဖို့လိုအပ်နေပါတယ်။ အဆင့် ၇ နေရာမှာရပ်တည်နေတဲ့တန်းတက်အသင်းဖြစ်တဲ့ ၀ုဗ်က အသင်းကြီးတွေကိုဒုက္ခပေးနိုင်စွမ်းရှိနေပြီးတော့ မြန်ဆန်တဲ့ကစားဟန်ကြောင့် ချဲလ်ဆီးနောက်တန်းအနေနဲ့သတိထားဖို့ လိုအပ်ပါမယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အပြိုင်ဖြစ်နေတဲ့ မန်ယူနဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့တုန်း ချဲလ်ဆီးအခွင့်အရေးယူ ပါလိမ့်မယ်။ ချဲလ်ဆီးအသင်း ၁ ဂိုးအသာလောက်နဲ့အနိုင်ရသွားနိုင်ပါတယ်။

နယူးကာဆယ် Vs အဲဗာတန်   

တန်းဆင်းဇုန်ကလွတ်လွတ်ကင်းကင်းမဖြစ်သေးတဲ့နယူးကာဆယ်အသင်း လက်ကျန်ပွဲတွေကိုသေချာပေါက်အာရုံစိုက် ကစားရဖို့ရှိနေတယ်။ အဲဗာတန်အသင်းကတော့ပြီးခဲ့တဲ့အပတ်မှာ မြို့ခံပြိုင်ဘက်လီပါဗူးဆီက ၁ မှတ်ရအောင်ကစားနိုင် ခဲ့တယ်။ လက်ရှိခြေစွမ်းအရ နှစ်သင်းလုံးကွာဟမှုမရှိပါဘူး။ ဒါပေမယ့် အမှတ်လိုနေတဲ့ နယူးကာဆယ်အသင်းက အိမ်ကွင်းစိန့်ဂျိမ်းပတ်ခ်မှာ အနိုင်ရအောင် ကစားသွားပါလိမ့်မယ်။