၂၀၁၉ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ယူဂန်ဒါ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ကြက်တောင်အားကစားသမား သက်ထားသူဇာက ပြိုင်ဘက် ဂျော်ဒန်အားကစားသမား အမ်ရို ကို  ဗိုလ်လုပွဲတွင် အနိုင်ရရှိကာ ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သက်ထားသူဇာက လက်ရည်စစ်ပွဲ မ၀င်ရဘဲ ၂၃ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အိမ်ရှင် ယူဂန်ဒါကစားသမားကို ၂ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းကြောင့် ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ ဆက်လက်ပြီး ယှဉ်ပြိုင်ရာတွင် အိမ်ရှင်ယူဂန်ဒါအားကစားသမားများကို ၂ ပွဲဆက်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကွာတားဖိုင်နယ်တွင် ဇင်ဘာဘွေကစားသမား အိုရဂါဆီရမ်မူ ကို (၂၁-၉) မှတ်၊ (၂၁-၁၃) မှတ်ဖြင့်အနိုင်ရရှိ ခဲ့ပြီး  ဆီမီးဖိုင်နယ်တွင်အီရန်ကစားသမား ဆာမင်ကို ကို (၂၁-၁၂) မှတ်၊ (၂၁-၁၅) ဖြင့် ၂ ပွဲဆက်အနိုင်ရရှိ ကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် ဂျော်ဒန်အားကစားသမား အမ်ရိုကို (၂၁-၁၄) မှတ်၊ (၂၁-၁၂) မှတ်တို့ဖြင့် ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းကြောင့် ရွှေတံဆိပ်ဆုရရှိခဲ့သည်။

အသက် ၁၉ နှစ်အရွယ် သက်ထားသူဇာအတွက် ၂၀၁၉ ခုနှစ်၏ နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင်ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာကြောင့် ၂၁ လကျော် အနားယူခဲ့ရကာ ၂၀၁၉ ခုနှစ်ဇန်န၀ါရီလ တတိယအပတ်အတွင်း ပြန်လည်လေ့ကျင့်နိုင်လခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်များအတွက်ကျေးဇူးတင်ပါသည်။  mizzimaburmese