U Zaw Tika ဖေ့စ်ဘွတ်အကောင့်က ပလာကျင်ဘူရီရဲစခန်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရသည့် မြင်ကွင်းကို တင်ပြထားပါတယ် ပြီးခဲ့တဲ့ စက်တင်ဘာလ 16 ရက်နေ့က ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား အလုပ်သမား အရေအတွက်မှာ 60 ဦးခန့်ရှိပါတယ် ပတ်စပို့ရှိသူများနှင့် အလုပ်လုပ်ခွင့်ပါမစ်ရှိသူများလည်း ဖမ်းဆီးခံခဲ့ရပါတယ်
တရားဝင်အလုပ်သမား အဖမ်းခံရသူ Thant Zin Aung က Myanmar Live သတင်းဌာနကို ပြောကြားချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ 16 ရက်နေ့က တာဝန်ရှိသူများ မြန်မာနိုင်ငံသား 60 ဦး အလုပ်လုပ်ကိုင်နေသည့် ပလာကျင်ဘူလီခရိုင်ရှိ တာယာစက်ရုံတခုကို ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ် ထိုအချိန်တွင် စက်ရုံပိုင်ရှင်ကလည်း စက်ရုံတွင်မရှိသည့် အချိန်ဖြစ်ပါတယ်
ယနေ့ စက်တင်ဘာလ 18 ရက်နေ့တွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား 20 ဦး ပြန်လည်လွတ်မြောက်လာပါတယ် လွတ်မြောက်လာသည့်သူများမှာ ထိုင်းနိုင်ငံသို့ တရားဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်နေသူများလည်း ဖြစ်ပါတယ် မလွတ်မြောက်သေးသည့် 40 ဦးမှာ မနက်ဖြန် စက်ရုံပိုင်ရှင်က အာမခံဖြင့် ထုတ်ပေးမည်ဟု ဆိုပါတယ် အချို့သောအလုပ်သမားများမှာ စာရွက်စာတမ်း မပြည့်စုံ မမှန်ကန်သောကြောင့် အကုန်လွတ်မြောက်မည်ဟု အတည်ပြု မပြောနိုင်သေးပေ။
ဓါတ်ပုံများအတွက် ကျေးဇူးတင်ပါတယ် U Zaw Tika