တနင်္ဂနွေသားသမီးများ

အလုပ်နဲ့သက်ဆိုင်တာမှန်သမျှကိုအဖွဲ့နှင့်ညီညီညာညာလုပ်သင့်တယ် လုပ်ဖေါ်ကိုင်ဖက် များနဲ့စကားများကိန်း ရှိနိုင်တယ် ငွေကြေးအလွန့်အကျွံသုံးမိတာကြောင့်ငွေကြေးအခက်အခဲဖြစ်နိုင်တယ် မလိုအပ် တာတွေကို လျော့ပါ ချစ်သူစုံတွဲတွေရှိတဲ့သူတွေအနေနဲ့မိမိရဲ့ ချစ်သူကိုတန်ဖိုးထားပါ သူရဲ့စိတ်ကိုသိပါစေ လူလွတ်တွေ အတွက်တော့ ချစ်သူရည်းစားရကိန်းမရှိသေးပါဘူး

ယတြာ

သာသနာ့နယ်မြေများတွင်ဆီမီပူဇော်ပါ၊ အလှုအတန်းလုပ် – ဆွမ်းလောင်းပါ

အကျိုးပေးအရောင်

အဖြူရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း

၂၊ ၈

တနင်္လာသားသမီးများ

အရင်အပတ်ကအမှားအယွင်းတစ်ခုကြောင့်အကြီးအကျယ်ပြောခံရကိန်းရှိတယ် တောင့်တင်းထားပါ စိတ်ဓာတ်မကျပါနဲ့ ဒီအပတ်မှာတော့အရာအားလုံးကောင်းသွားပါလိမ့်မယ် ဒီရက်အတွင်းမှာငွေဝင်ကိန်းရှိ တာကြောင့်ဘာမှမနှောင့်နှေးမစောင့်ဆိုင်းပဲ မိုးရွာတုန်းရေခံ ငွေကိုစုဆောင်းတတ်ပါစေ ချစ်သူရည်းစားရှိတဲ့ သူတွေစကားများကိန်းရှိတယ် ရွှေငွေကိစ္စဟာအသေးအမွှားတွေပါ ပြဿနာကိုပုံကြီးမချဲ့မိပါစေနဲ့ လူလွတ် တွေအတွက်တော့ မကြာခင်အချိန်မှာသတင်းကောင်း ကြားရနိုင်ပါတယ်

ယတြာ

ပိုင်ရှင်မဲ့တရိစ္ဆာန်များကိုအစာကျွေးမွေးပါ

အကျိုးပေးအရောင်

အနီရောင်၊ ရွှေရောင်၊ အပြာရောင်

အကျိုးပေးဂဏန်း

၁၊ ၄၊ ၆

အင်္ဂါ သားသမီးများ

ဒီအပတ်အတွက်လုပ်ငန်းစဉ်တွေကိုကြိုးကြိုးစားစားနဲ့ စီမံခန့်ခွဲပြီးလုပ်ဆောင်ပါ အရာအားလုံးအကောင်းဘက် ဆောင်ပါတယ် ကံကောင်းရင်ရာထူးနဲ့လစာပါတိုးကိန်းရှိနေပါတယ် ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ အရာအားလုံးက မုန်တိုင်းကင်းနေတဲ့ပင်လယ်ပြင်ကြီးလိုပါပဲ ငြိမ်သက်နေပြီးပျော်ရွှင်စရာကောင်းမှာပါ လူလွတ် တွေအနေနဲ့တော့ ဘာမှမထူးခြားသေးတာကြောင့် သည်းခံပြီးဆက်စောင့်လိုက်ပါဦး

ယတြာ

သာသနာ့နယ်မြေများ၌ရေမီးလှုတန်းပါ၊ တရားထိုင်ပါ

အကျိုးပေးအရောင်

ပန်းရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၄၊ ၈

ဗုဒ္ဓဟူးသားသမီးများ

ဒီအပတ်မှာအလုပ်တွေကြိုးစားလုပ်ကိုင်နေတာတွေ့ရတယ် ကောင်းပါတယ် ဆက်ပြီးလုပ်ဆောင်သွားပါ သင့်ရဲ့ကြိုးစားမှုတွေကို သင့်ရဲ့အလုပ်ရှင်ကသတိထားမိမှာပါ ငွေချေးငှားခြင်းကြောင့်ပစ္စည်းဥစာဆုံးရှုံးနိုင် တယ် ချစ်သူရည်းစားရှိတဲ့သူတွေအရာအားလုံးအဆင်ပြေချောမွေ့ပြီး လူလွတ်တွေကတော့ တစ်ယောက် ကိုယ်တစ်ယောက်အကဲခတ်ရင်းသာစောင့်ဆိုင်းနေရမည်

ယတြာ

ငါးရှည့် ၉ ကောင်လွှတ်ပါ၊ မနက်ခင်းဆွမ်းလောင်းပါ

အကျိုးပေးအရောင်

အညိုရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း

ဝ၊ ၃

ရာဟုသားသမီးများ

ဒီအပတ်မှာတော့သင့်ရဲ့အရည်အချင်းကိုထုတ်ဖေါ်ပြသနိုင်မယ့် အလုပ်အကိုင်တစ်ခုကိုရှာတွေ့လိမ့်မယ် စိတ်ဝင်တစားနဲ့အောင်မြင်မှုတစ်ခုရအောင်ကြိုးစားလုပ်ဆောင်ပါ သူငယ်ချင်းအပေါင်းအသင်းကြောင့် ငွေ ကုန်ကြေးကျများမယ် ရန်ဖန်ရန်ခါများမှာငြင်းပယ်ခြင်းနဲ့စိတ်ဆန္ဒကိုလွန်ဆန်ပါ ချစ်သူရည်းစားရှိတဲ့သူတွေ ချစ်သူရဲ့ဂရုစိုက်မှုကိုခံရမယ် လူလွတ်တွေအနေနဲ့တော့ဒီအပတ်မှာအချစ်ကြောင့်မှားယွင်းလိမ့်မယ်

ယတြာ

ဘုရားဝတ်ပြုပါ တရားထိုင်ပါ၊ ငှက် ၉ ကောင်လွှတ်ပါ

အကျိုးပေးအရောင်

အစိမ်းရောင်၊ အဖြူရောင်၊ ခဲရောင်

အကျိုးပေးဂဏန်း

၂၊ ၇

ကာသပတေးသားသမီးများ

အလုပ်တွေများစွာဝင်လာတာကြောင့် အလုပ်တွေရှုပ်ပြီးပိနေမယ် အသင့်ပြင်ထားပါ ကျန်းမာရေးဂရုစိုက်ပါ အလုပ်ကြောင့်ရတဲ့ခံစားခွင့်ကတော့ ကောင်းတယ်လို့ပြောရမှာပါ ထီပေါက်ကိန်းရှိပါတယ် ချစ်သူရည်းစားရှိ တဲ့သူတွေအရာအားလုံးချောမွေ့စွာဖြတ်သန်းနိုင်မယ် လူလွတ်တေတွကတော့ဆက်ပြီးအထီးကျန်ရဦးမယ်

ယတြာ

ပိုင်ရှင်မဲ့တရိစ္ဆာန်များကိုအစာကျွေးမွေးပါ၊ သာသနာ့နယ်မြေမှသန့်စင်ခန်းများကိုသန့်ရှင်းရေးလုပ်ပါ

အကျိုးပေးအရောင်

အပြာရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း

ဝ၊ ၅

သောကြာသားသမီးများ

အလုပ်ပြောင်းရကိန်းရှိတယ် အလုပ်ရှင်မန်နေဂျာတို့နဲ့စကားသေသေချာချာပြောပါ ပြဿနာတက်ကိန်းရှိတယ် ဒီအပတ်အတွက်ငွေကြေးကတော့ ဖြောင့်ဖြူးတယ်လို့ပြောလို့ရပါတယ် နောက်ထပ်တိုးပွားကိန်းရှိနေသေးတယ် ချစ်သူရည်းစားတွေရှိတဲ့သူတွေအတွက်တော့ အရာအားလုံးအဆင်ပြေချောမွေ့လိမ့် လူလွတ်တွေကတော့ အချစ်သစ်နဲ့တွေ့ရကိန်းရှိတယ်

ယတြာ

သာသနာ့နယ်မြေများ၌ရေမီးလှုတန်းပါ၊ ဘုရားဝတ်ပြုပါ တရားထိုင်ပါ

အကျိုးပေးအရောင်

အမည်းရောင်၊ အနီရောင်၊ အပြာရောင်

အကျိုးပေးဂဏန်း

၃၊ ၆ ၊ ၈

စနေသားသမီးများ

အလုပ်အကိုင်တွေဆိုးဆိုးရွားရွားမဟုတ်ပေမယ့်လို့ မှားယွင်းနိုင်တယ် ဒါ့ကြောင့်သည်းခံပြီးပြဿနာကိုဖြေရှင်း တတ်ပါစေ ချစ်သူရည်းစားရှိတဲ့သူတွေအကြီးအကျယ်စကားများကိန်းရှိတယ် ဒါကြောင့်စိတ်အေးအေးထားပါ လူလွတ်တွေအနေနဲ့ဆက်ဆံရေးကောင်းပြီးရှေ့ဆက်လှမ်းနိုင်ဖို့အလားအလာရှိတယ်

ယတြာ

ငှက် ၆ ကောင်လွှတ်ပါ၊ ကုသိုလ်လုပ်ပါ၊ ဆွမ်းလောင်းပါ

အကျိုးပေးအရောင်

ခရမ်းရောင်၊ အ၀ါရောင်၊ အစိမ်းရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၇