တနင်္ဂနွေသား/သမီးများ

တနင်္ဂနွေနေ့မွေးဖွားတဲ့သူတွေဟာ အတွေ့အကြုံအသစ်တွေ ဘဝအပြောင်းအလဲအ သစ်တွေနဲ့ကြုံ ကိန်းရှိပါတယ် ဒါပေမဲ့ အထူးသတိထားရမှာကတော့ အခြားသူတွေနဲ့ ယှဉ်လျင် မိမိမှာတပန်းရှူံးပြီးနစ်နာနေပြီး ငွေရေးကြေးရေးကောင်းစွာစီမံခန့်ခွဲနိုင်မည်လက်တွဲဖေါ်ရှိသူများကတော့ မိမိ ၏လက်တွဲဖေါ်သည် မိမိ အား မယုံမကြည်သံသယ ဖြစ်နိုင်သည့်အခြေအနေနှင့်ကြုံတွေ့ခဲ့လျှင် မိမိကိုယ်မိမိအား သံသယများပျောက် ကွယ်သွားသည်အထိပြန်လည်ဆန်းစစ်ကြည့်ရန်လိုလိမ့်မည်။

ယတြာ

ဘုရားကျောင်းကန် သွားပြီးရေသပ္ပါယ်ပါ ကံဇာတာမြင့်လာပါလိမ့်မည်။

အကျိုးပေးသည့်အရောင်

ပန်းရောင်

အကျိုးပေးမည့်ဂဏန်း

ဝ,၃,၄,၅,၇

တနင်္လာသား/သမီးများ

တနင်္လာဖွားတွေကတော့ စဉ်းစားတွေးခေါ်တဲ့အပိုင်းမှာအားသာပြီး မိမိ ရဲ့ခွံအားနဲ့လုပ်နိုင်သည့်အရာများကို မနှောင့်နှေးနေပဲ အမြန်အကောင် အထည်ဖေါ်ပါ အာမခံပေးတာတွေ တာဝန်ယူပေးတာတွေ အစ ပြဿနာ တွေကို ခေါင်းမခံပါနဲ့  အချစ်ရေးအပိုင်းကြိုးစားနေကြတဲ့သူတွေတော့ ဇွဲမလျော့လိုက်ပါနဲ့ ဆက်လက်ကြိုးစားပါ မဟုတ်ရင်တော့ဘေး လူကြားဖြတ်ခံရကိန်းရှိနေပါတယ်။

ယတြာ

ရွှေလက်စွပ်အား လက်သူကြွယ်တွင်ဝတ်ဆင်ပါ။

အကျိုးပေးအရောင်

မီးခိုးရောင်

အကျိုးပေးဂဏန်း

၂,၄,၅,၆

အင်္ဂါသား/သမီးများ

အင်္ဂါနေ့ဖွားတဲ့သူတွေကတော့ တယောက်သောသူရဲ့အတွင်းစိတ်အမှန်ကို လက်မခံနိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ကြုံသိရနိုင်ကိန်းရှိပါတယ် ငွေကြေးလိမ်လည်ခံရနိုင်တယ် အချစ်ရေးမှာတော့ ခဏတာဝေးကွာနေခြင်းက အကောင်းဆုံးအဖြေတခုလို့ဆိုနိုင်မယ် အချစ်ရေးပြဿနာဖြစ်နေတဲ့သူတွေကတော့ ဝေးကွာမှုကိုရွေးချယ်လိုက်သည်က အကောင်းဆုံးဟု ယူဆနေမယ်။

ယတြာ

မြဘုရားဆင်းတုတော်အားပူဇော်ပါ ကံဇာတာ့မြင့်လာပါလိမ့်မည်။

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

ဝ,၅၆,၇,၈

ဗုဒ္ဓဟူးသား/သမီးများ

ဗုဒ္ဓဟူးနေ့ဖွားတွေကတော့ လက်ရှိအချိန်မှာဆိုရင်သူများတွေအတွက်တော့ ခိုင်ခံတဲ့ အုတ်တံတိုင်းပမာ အားကိုးရသည့်သူဖြစ်နေမည်၊ ငွေကြေးကို မိမိ ရဲ့စိတ်တိုင်းကျ မသုံးစွဲမိစေနဲ့ အချစ်ရေးကတော့ မိမိ ရဲ့အပေါ်မှာပဲ မူတည်နေမည်၊ မဝေးကွာချင်ရင် တော့သေချာဂရုစိုက်ပေါ့ အကယ်၍ဝေးကွာမည့် ကိန်းစိုက်နေရင်တော့ ဘာမဟုတ်တဲ့ စကားလေးတခွန်းကပင် ဒုက္ခပေးလိမ့်မည်။

ယတြာ

ငါးပါးသီလ လုံအောင်ထိန်းပါ အများအကျိုးပြုပါ။

အကျိုးပေးအရောင်

အသားရောင်

အကျိုးပေးဂဏန်း

၂,၄,၅,၆

ကာသပတေးသား/သမီးများ

ကြာသပတေးသားသမီးတွေကတော့ ရှေးဦးစွာကျမ်းမာရေးကိုဂရုစိုက်ရမည်၊ အကယ်၍မနာမကျန်းဖြစ်ပါက အိပ်ယာထဲ လဲနေသည့်အထိ အခြအနေဆိုးရွားလိမ့်မည်၊ ငွေရေးကြေးရေးကဏ္ဍမှာတော့ မသုံးသင့်တဲ့နေရာ မျိုးတွေမှာငွေစိမ့်ထွက်ကိန်းရှိနေသည်၊အချစ်ရေးမှာတော့လူလွတ်တွေကတော့ချစ်ကြိုက်တော့မည်ဆိုလျှင်သာမာန်ထက်အနည်းငယ်ခမ်းနားနေရမှာဖြစ်ပြီး၊ အိမ်ထောင်တခု စတင်တည်ဆောက်တော့မည့်သူများကတော့ တာဝန်ယူမှုအနည်းငယ်ပိုလာသည်မှအပ ဘာမှစိတ်ခံစားမှုတိုးလာမည်မဟုတ်ပေ။

ယတြာ

လာဘ်လာဘ တိုးသောအပင်များကိုစိုက်ပါ ဥပမာ – နှင်းဆီပန်း၊ စံပယ်ပန်း၊ဂမုန်း၊အောင်မဲညိုပန်း တို့ကိုရှာဖွေစိုက်ပျိုးပါ လာဘ်လာဘ တိုးလာပါလိမ့်မည်။

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

 ၁,၂,၃,၆

သောကြာသား/သမီးများ

သောကြာသားသမီးတွေ အထူးသတိထားရမှာတော့ မျက်ရည်ကိုအသုံးချပြီး သနားခံတတ်တဲ့သူတွေကိုပါ သူ့အကျိုးဆောင်ကိုယ့်အကျိုးပြောင်ဆိုသလိုပဲ သင့်ကိုအကျိုးပေးမှာမဟုတ်ပါဘူး ငွေရေးကြေးရေးအတွက် တော့နှုတ်စောင့်ရမှာဖြစ်ပါတယ်၊ လက်ရှိအချစ်ရေးကတော့ပြောသမျှဖြစ်ထွန်းပြီး ကံဇာတာက သင့်ဘက်မှရှိ နေပါတယ်၊ ကောင်းခြင်းဆောင်နေရင်တော့ဘာမှကြီးကြီးမားမားမဟုတ်သလို အဆိုးဘက်ဆိုက်သွားရင်တော့ အဓိပ္ပါယ်ရှိရှိနဲ့ဖြေရှင်းရမှာဖြစ်ပါတယ်၊ တခုခုပြောတော့မယ်ဆိုရင်သေသေချာချာစဉ်းစားပြီးမှပြောပါ၊ အရေးကြီးသောအရာများဖြစ်ပါက သက်သေအထောက်အထားရှိပါစေ။

ယတြာ

ရှင်သီဝလိရုပ်ပွားတော်အား ပူဇော်ကိုးကွယ်ပါ  စိတ်ချမ်းမြေ့စရာအဖြာဖြာတို့နှင့်ကြုံရပါလိမ့်မည်။

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၂,၅,၆,၇

စနေသား/သမီးများ

စိတ်ညစ်စရာကိစ္စများနှင့်ကြုံတွေ့ရမည် တပူမပျောက်တပူရောက်ဆိုသလို ပြဿနာများ ဆင့်ကဲပြီးကြုံ တွေ့ရမည် ငွေရေးကြေးရေးကတော့ ပြဿနာတွေအထွေထွေဖြေရှင်းပြီးသည်တောင်မှ အကောင်း ဘက်ကိုဆောင်သည် အချစ်ရေးကံဇာတာ ကတော့ နွားအိုမြက်နုကြိုက် စကားပုံသကဲ့သို့ အသက်ကြီးပိုင်း တွေဆန်းပွင့်နေတာတွေ့ရသည်၊ တချို့သောသူတွေရဲ့စိတ်အနှောက်အယှက်ပေးမှုခံရကိန်းရှိသည်။ 

ယတြာ

လာဘ်လာဘတက်သည့်အပင်များရှာစိုက်ပါ၊ ကံဇာတာမြင့်လာပါလိမ့်မည်။

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

ဝ,၁,၂,၆,၈,၉