တနင်္ဂနွေသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းပေါများမယ် တိုးတတ်အောင်မြင်မယ် ငွေကိုစနစ်တစ်ကျစီမံခန့်ခွဲပါ တရားမဝင်တဲ့နည်းလမ်းနှင့် ဆက်နွယ်နေတဲ့ ရင်းနှီးမှုမှန်သမျှရှောင်ကြဉ်ပါ ချစ်သူရည်းစားရှိသူများ အချစ်ခံရလွန်းတာကြောင့်မွန်းကျပ်ရမည်။

ယတြာ : အလှုခံပုံးများတွင်ငွေသားလှုဒါန်းပါ

အကျိုးပေးအရောင် : အပြာရောင်

အကျိုးပေးဂဏန်း : ၄၊ ၆၊ ၇

တနင်္လာသားသမီးများ

လုပ်ငန်းခွင်အတွင်း သင့်ရဲ့တင်ပြချက်တွေဟာထင်သလောက် မပေါက်ရောက်ဘူးဆိုပေမယ့်  မထင်မှတ်ထားတဲ့အရာအချို့ က သင့်ကိုလုပ်ငန်းခွင်အတွင်း ထင်ရှားတဲ့သူတစ်ဦးဖြစ်အောင် စွမ်းဆောင်ပေးလိမ့်မယ် ဝင်ငွေအတည်တစ်ကျဖြစ်နေတယ် ဆိုပေမယ့် တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အရာတွေကို ရှာဖွေရင်းနှီးမြှပ်နှံနိုင်အောင် ကြိုးစားပါ။ ချစ်သူရည်းစားတွေ အချစ်ရေးတည်တံ့ခိုင်မြဲနေတယ် ဆိုပေမယ့် တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိရှိနဲ့ နေထိုင်နိုင်အောင်ကြိုးစားပါ။

ယတြာ: လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်: အစိမ်းရောင်

အကျိုးပေးဂဏန်း :  ၁၊ ၂၊ ၉

အင်္ဂါသားသမီးများ

သင်မျှော်မှန်းထားတဲ့အရာတွေကို တိုက်ရိုက်ထိတွေ့ခွင့်ရပြီး ဝါသနာနှင့်ကိုက်ညီတဲ့အလုပ်ကိုလုပ်ကိုင်ရကိန်းရှိတယ်။ အချိန်တိုအတွင်းမှာ ငွေအမြောက်အများရှာနိုင်လိမ့်မယ်။ လူလွတ်များတိတ်တစ်ခိုးချစ်နေရတဲ့သူနဲ့ မထင်မှတ်ဘဲ ဖူးစာဆုံ ရကိန်းရှိတယ်။ ချစ်သူရည်းစားရှိသူများ အချစ်ရေးတည်တံ့ခိုင်မြဲမယ် အသေးအမွှားကိစ္စအချို့ကြောင့် စကားများရန်ဖြစ် ရမယ်။

ယတြာ: ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင် : အညိုရောင်

အကျိုးပေးဂဏန်း : ၂၊ ၅၊ ၇

ဗုဒ္ဓဟူးသားသမီးများ

မထင်မှတ်ဘဲ အလုပ်ပြောင်းရကိန်းရှိတယ်။ သင်မလုပ်ဖူးတဲ့အလုပ်မှာဝင်ရောက်လုပ်ကိုင်ရကိန်းရှိတာကြောင့် အနည်းငယ် တော့စိတ်ရှုပ်ရလိမ့်မယ် သို့ပေမယ့်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီအထောက်အပံ့တွေကြောင့် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာပါ။ ကံစမ်းခြင်းမှငွေတိုငွေစဝင်မယ် လူလွတ်များနယ်နမိတ်ခြားဖူးစာဆုံရမယ်။ ချစ်သူရည်းစားရှိသူများ  စကားအနည်းငယ်များရမယ်။

ယတြာ: သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်: လိမ္မော်ရောင်

အကျိုးပေးဂဏန်း : ၁၊ ၃၊ ၄   

ရာဟုသားသမီးများ

လက်ရှိလုပ်နေတဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး လုပ်ငန်းခွင်တိုးချဲ့လုပ်ဆောင်နိုင်လိမ့်မယ်။ အသုံးမလိုတဲ့အရာတွေကို ဝယ်ယူစုဆောင်းခြင်းကြောင့် ငွေကုန်ကြေးကျများမယ်။ အခန့်မသင့်ကြွေးမြီများပါရှိလာနိုင်တယ်။ လူလွတ်များဆက်ပြီး အထီးကျန်ရဦးမယ်။

ယတြာ : သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်: ခရမ်းရောင်

အကျိုးပေးဂဏန်း : ၃၊ ၇ ၊၉  

ကြာသပတေးသားသမီးများ

အလုပ်အကိုင်ကြီးပွားတိုးတတ်လာတာနှင့်အမျှ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်။ ငွေကို စနစ်တစ်ကျသုံးစွဲပါ ချေးငှားခြင်းကြောင့်ငွေကြေးဆုံးရှုံးနိုင်တယ်။ လူလွတ်များအထီးကျန်ရဦးမယ်။ ချစ်သူရည်းစားရှိသူများ ချစ်သူကိုပိုမိုဂရုစိုက်ပါ ။

ယတြာ: ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်: အဖြူရောင်

အကျိုးပေးဂဏန်း : ၅၊ ၇၊ ၈

သောကြာသားသမီးများ

လက်ကျန်အလုပ်များပိနေပြီးတာဝန်ယူထားတဲ့အရာများကြောင့် စိတ်သောကရောက်ရမယ်။ ချေးထားသောကြွေးမြီများ မပေးနိုင်သောကြောင့်လည်းစိတ်ဖိစီးရမယ်။ လူလွတ်များ အချစ်ဟောင်းနှင့်ပြန်လည်ဆုံခွင့်ရှိတယ်။

ယတြာ: ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရောင် : ပန်းရောင်

အကျိုးပေးဂဏန်း : ၃၊ ၄၊ ၈  

စနေသားသမီးများ

အလုပ်အကိုင်ကြီးပွားတိုးတတ်အောင်မြင်မယ် အလုပ်တွေအရမ်းများတာကြောင့် ဖျားနာရကိန်းရှိတယ်။ စုဆောင်းထားတဲ့ ငွေကြေးနှင့်ခိုင်ခံ့တဲ့အရင်းအနှီးတစ်ခုလုပ်နိုင်မယ်။ အချစ်ရေးဘာမှပြောစရာမရှိလောက်အောင်သာယာမယ်။

ယတြာ :  ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်နိုင်နိုင်လှုဒါန်းပါ

အကျိုးပေးအရောင်: ခဲရောင်

အကျိုးပေးဂဏန်း :  ၄၊ ၅ ၊ ၉