တနင်္ဂနွေသားသမီးများ

လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဖက်များနဲ့ အတိုက်ခံဖြစ်ရမယ် တစ်ဦးအပေါ်တစ်ဦးလေးစားမှုရှိစွာ အလုပ်လုပ်ကိုင်ပါ ငွေကြေးဥစ္စာနှင့်ပတ်သက်လို့ ကြွေးမြီများနှင့်ရင်ဆိုင်ရနိုင်တယ်။ အချိန်အနည်းငယ်တောင့်ခံပြီးရင်ဆိုင်သွားပါက ကံကောင်းခြင်းတွေနဲ့ကြုံတွေ့ရမယ်။ အချစ်ရေးမှာသာယာဖြောင့်ဖြူးမယ်။

ယတြာ : အလှုခံပုံးများတွင်ငွေသားလှုဒါန်းပါ

အကျိုးပေးအရောင် : ရွှေရောင်

အကျိုးပေးဂဏန်း :  ၁၊ ၃၊ ၎

တနင်္လာသားသမီးများ

အလုပ်အကိုင်ကိစ္စရပ်များကို သေချာစီမံခန့်ခွဲလုပ်ဆောင်ပါ လုပ်ငန်းခွင်အတွင်း ကြီးမားတဲ့အမှားအယွင်းတစ်ခုခုနှင့်ရင်ဆိုင် ရနိုင်တယ်။ ငွေတစ်ခုတည်းကိုပဲကြည့်ပြီး လုပ်ကိုင်ပါက အပေါင်းအဖေါ်တွေဆုံးရှုံးရမယ်။ အချစ်ရေးမှာ သဝန်တိုအူတိုကိစ္စ များကြောင့် ကွဲပြဲကိန်းရှိတယ်။

ယတြာ: လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်: ပန်းရောင်

အကျိုးပေးဂဏန်း :  ၂၊ ၃၊ ၇  

အင်္ဂါသားသမီးများ

အလုပ်ကိုဦးစားပေးလုပ်ကိုင်နေတာကြောင့် ပင်ပန်းနွမ်းနယ်ရမယ် အားလပ်ချိန်များမှာ လုံလုံလောက်လောက် အနားယူပါ။ မလိုအပ်တဲ့အရာတွေကိုဝယ်ခြမ်းစုဆောင်းခြင်းတို့ကြောင့် ငွေကုန်ကြေးကျများမယ်။ အချစ်ရေးမှာ လူလွတ်များ အဆင်မပြေမှုများစွာနှင့်ကြုံတွေ့ရမယ် အိမ်ထောင်သည်များ အချစ်ရေးသာယာဖြောင့်ဖြူးမယ်။

ယတြာ: ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်: အပြာရင့်ရောင်

အကျိုးပေးဂဏန်း : ၃၊ ၆၊ ၇

ဗုဒ္ဓဟူးသားသမီးများ

အလုပ်အကိုင်သစ် အခွင့်လမ်းသစ်တွေနဲ့ ကြုံတွေ့ရမယ် အပြင်အလုပ်အချို့တို့မှဝင်ငွေပေါများမယ်။ ရင်းနှီးသမျှ အကျိုးအမြတ်ပေါ်ထွန်းမယ် အိမ်ထောင်သည်များ ခရီးဝေးသွားရခြင်းကြောင့် ခဏတာခွဲခွာရမယ် လူလွတ်များ ဖူးစာဆုံကိန်းရှိတယ်

ယတြာ: သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်: လိမ္မော်ရောင်

အကျိုးပေးဂဏန်း :  ၄၊ ၅၊ ၉

ရာဟုသားသမီးများ

အလုပ်ဝန်တွေမနိုင်မနင်းထမ်းဆောင်နေရတာကြောင့် အမှားအယွင်းအချို့နှင့်ရင်ဆိုင်ရနိုင်တယ် သို့သော်ကျော်ဖြတ်နိုင်ပါ က ရာထူးတိုးကိန်းရှိတယ်။ အကူအညီလိုအပ်နေတဲ့အချိန်များမှာ အကြီးအကဲအချို့ရဲ့အကူအညီတွေ လက်ခံရရှိမယ်။ လူလွတ်များအချစ်ဟောင်းနှင့် ပြန်ဆုံရကိန်းရှိတယ်။

ယတြာ : သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်: အနီရောင်

အကျိုးပေးဂဏန်း : ၅၊ ၈၊ ၉

ကြာသပတေးသားသမီးများ

လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်မှာမြဲမယ် ရာထူးတိုးကိန်းရှိတယ်။ လက်ရှိဝင်ငွေနှင့်လောက်ငှနေတာကြောင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေရလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးသာယာမယ် လူလွတ်များ ဖူးစာဆုံကိန်းရှိတယ်။

ယတြာ: ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်: မီးခိုးရောင်

အကျိုးပေးဂဏန်း: ၂၊ ၄၊ ၉

သောကြာသားသမီးများ

အကြီးအကဲတွေရဲ့ကူညီဖေးမမှုတို့ကြောင့် အလုပ်အကိုင်မှာ တစ်ဖက်ကမ်းလွန်အောင် အောင်မြင်လိမ့်မယ် ငွေကြောင့် စိတ်ချမ်းသာသုခခံစားရသလို ငွေကြောင့်လည်း ဘဝပျက်နိုင်တယ်။ အချစ်ရေးမှာ အိမ်ထောင်သည်များ သုံးပွင့်ဆိုင် အချစ်ရေးနှင့်ရင်ဆိုင်ရနိုင်တယ်။ လူလွတ်များ လုပ်ငန်းခွင်အတွင်းဖူးစာဆုံမယ်။

ယတြာ: ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရောင် : ခရမ်းရောင်

အကျိုးပေးဂဏန်း : ၁၊ ၆၊ ၇

စနေသားသမီးများ

လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ အောင်မြင်မှုတစ်ခုခု ပိုင်ဆိုင်ရနိုင်မယ်။ လုပ်ဖေါ်ကိုင်ဖက်များမှ သင့်ရဲ့အစွမ်းအဆကို အသိအမှတ်ပြုမယ်။ မေ့လောက်ပြီဖြစ်အောင်ကြာနေပြီဖြစ်တဲ့ ကြွေးမြီများပြန်ရကိန်းရှိတယ်။ လူလွတ်များ အထီးကျန်ရဦးမယ်။ အိမ်ထောင်သည်များသား/သမီးရတနာထွန်းကားကိန်းရှိတယ်။

ယတြာ :  ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်နိုင်နိုင်လှုဒါန်းပါ

အကျိုးပေးအရောင်: အမည်းရောင်

အကျိုးပေးဂဏန်း :  ၃၊ ၅၊ ၇