တနင်္ဂနွေသားသမီးများ

အလုပ်အကိုင်ကိစ္စတွေကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ်။ အလုပ်အခွင့်အလမ်းတွေနည်းလာသော်လည်း ဝင်ငွေအတည်တစ်ကျရှိခြင်းကြောင့် ကြွေးမြီများကင်းရှင်းမယ် အချစ်ရေးမှာအသေးအမွှားကိစ္စများကြောင့် မကြာခဏစကားများရမယ် ဆိုးရွားပါကအိမ်ထောင်ကွဲကိန်းရှိတယ်။

ယတြာ

အလှုခံပုံးများတွင်ငွေသားလှုဒါန်းပါ

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

ဝ ၂ ၉

တနင်္လာသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေများပြီး အောင်မြင်မှုများစွာရရှိမယ် နိုင်ငံရပ်ခြားအလုပ်သွားရောက် လုပ်ကိုင်ရကိန်းရှိတယ်။ အကြီးစားစီမံကိန်းများမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ရကိန်းရှိတယ် ငွေဝင်လမ်းပေါများပြီး စီးပွားရေးအဆင်ပြေမယ်။ လူလွတ်များ ချစ်ခင်သူပေါများမယ်။ အိမ်ထောင်သည်များအချစ်ရေးသာသာယာယာရှိမယ်။

ယတြာ

လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်

အပြာရင့်ရောင်  

အကျိုးပေးဂဏန်း

၁ ၄ ၅

အင်္ဂါသားသမီးများ

လတ်တစ်လောအလုပ်တွေများပြီး လက်မလည်ဖြစ်နေလိမ့်မယ်။ အခြားသူတွေကိုလွှဲပြောင်းလို့မရတာကြောင့်လည်း ပင်ပန်းရမယ် ဝင်ငွေထွက်ငွေမမျှတတာကြောင့် ငွေကြေးပြဿနာများနှင့်ရင်ဆိုင်ရနိုင်တယ်။  သင့်ရဲ့စကားအပြောအဆို မတက်မှုကြောင့် အိမ်ထောင်ရေးမသာမယာဖြစ်ရမယ် လူလွတ်များအထီးကျန်ရဦးမယ်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်

၂ ၄ ၆

ဗုဒ္ဓဟူးသားသမီးများ

လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရနိုင်တယ် အလုပ်ကိုသတိထားလုပ်ကိုင်ပါ အစားအသောက်နဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အစားအသောက်ဆင်ခြင်ပါ။ ငွေကြေးအတည်တစ်ကျရှိမယ် အိမ်ထောင်သည်များ တစ်ဦးအပေါ်တစ်ဦးအနိုင်ယူချင်တဲ့စိတ်ကြောင့် အိမ်ထောင်ပြိုကွဲရကိန်းရှိတယ်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်

အနီရောင်

အကျိုးပေးဂဏန်း

၂ ၇ ၈

ရာဟုသားသမီးများ

လုပ်ငန်းခွင်အတွင်း အလုပ်များကိုစိတ်နှစ်ကိုယ်နှစ်လုပ်ကိုင်ပါ ဒေါသရှေ့ထားတာကြောင့် အမှားပါမယ်။ ငွေကြေးအတည်တစ်ကျဖြစ်ပြီး စီးပွားရေးအဆင်ပြေမယ်။ အရောင်းအဝယ်နှင့်ပတ်သက်တဲ့ စီးပွားရေးများ အောင်မြင်တိုးတတ်မှုရလိမ့်မယ်။ လူလွတ်များအချစ်ဟောင်းနှင့်ပြန်ဆုံရကိန်းရှိတယ်။ အိမ်ထောင်သည်များ သုံးပွင့်ဆိုင်ပြဿနာများနှင့်ရင်ဆိုင်ရနိုင်တယ်။

ယတြာ

သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်  

ပန်းရောင်

အကျိုးပေးဂဏန်း

၃ ၅ ၈

ကြာသပတေးသားသမီးများ

လတ်တစ်လော လုပ်ငန်းခွင်အတွင်း စိတ်ရောကိုယ်ပါပင်ပန်းရမယ်။ ကြိုးစားလုပ်ကိုင်ပါ မိတ်ဆွေကောင်းတို့ရဲ့ ထောက်ပံ့မှုတို့ကြောင့် အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မယ်။ ချေးငှားထားသည့်ကျွေးပြီများ ပြန်လည်တောင်းယူခံရနိုင်တယ်။ အချစ်ရေးကြောင့်စိတ်သောကရောက်ရပမယ်။

ယတြာ

ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၂ ၆ ၉  

သောကြာသားသမီးများ

အလုပ်အကိုင်တွေကြောင့် စိတ်ညစ်ရမယ် သေချာစိမံခန့်ခွဲလုပ်ဆောင်ပါ အကြီးအကဲများမှ ကူညီထောက်ပံ့မှုများရရှိ လိမ့်မယ် အလုပ်အကိုင်တွေနဲ့ပတ်သက်လို့ရင်းနှီးထားတဲ့ အလုပ်များမှ အကျိုးအမြတ်ခံစားခွင့်ရရှိမယ် အချစ်ရေးမှာ တစ်ဦးပေါ်တစ်ဦး အချိန်မပေးနိုင်တာကြောင့်အချစ်ရေးမသာမယာဖြစ်မယ်။

ယတြာ

ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရောင်  

အမည်းရောင်

အကျိုးပေးဂဏန်း

၁ ၅ ၈

စနေသားသမီးများ

လုပ်ငန်းခွင်အတွင်းလုပ်ဖေါ်ကိုင်ဖက်များကြောင့် နာမည်ပျက်ရကိန်းရှိတယ်။ အလုပ်ကိုသေချာစေ့စေ့စပ်စပ်လုပ်ကိုင်ပါ ငွေကြေးပြဿနာများနှင့်ရင်ဆိုင်ရကိန်းရှိတယ်။ အချို့သောအသေးအမွှားကိစ္စများ အကြီးအကျယ်ပြဿနာတက်ရနိုင်တယ် အချစ်ရေးသာယာဖြောင့်ဖြူးမယ်။

ယတြာ

ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်နိုင်နိုင်လှုဒါန်းပါ

အကျိုးပေးအရောင်

အဖြူရောင်

အကျိုးပေးဂဏန်း

၎ ၆ ၈