၂၀၂၀ သြဂုတ်လ ၄ ၇က်နေ့က လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတစ်ကာသတင်းတွေမှာဖေါ်ပြချက်အရ ပေါက်ကွဲမှုအရှိန်ကြောင့် မီးခိုးလုံးများတက်လာပြီး မှိုပွင့်ပုံ အခိုးအငွေ့ လုံးကြီး ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

ဆေးရုံတွေမှာလည်း လူနာတွေပြည့်လျှံကုန်ပြီး အဆောက်အအုံ အတော်များများလည်း ပျက်စီးကုန်ပါတယ် အစိုးရရဲ့ထုတ်ပြန်ချက်အရ ဒီပေါက်ကွဲမှုကြောင့် လူ ပေါင်း ၇၀ ကျော် သေဆုံးပြီး လူအယောက် ၂၅၀၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့ကို တစ်နိုင်ငံလုံးဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ်က သူတို့အစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ အသင့်ပဲလို့ ပြောခဲ့သလို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြင်သစ်ဘက်က အကူအညီပေးဖို့ အသင့်ပါလို့ ဆိုခဲ့ပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Prachachat Online, Khonkaenlink, Thairath Online