တနင်္ဂနွေသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေပေါများမယ် လက်ရှိလုပ်နေတဲ့အလုပ်မှာတည်မြဲမယ် လုပ်ငန်းခွင်အတွင်းအလုပ်တွေ အတက်အကျဖြစ်နေတာကြောင့် အချို့သောအခါမျိုးမှာပင်ပန်းရမယ် ငွေကြေးအလားအလာကောင်းမယ်၊ ငွေဝင်လမ်း ပေါများမယ် စုဆောင်းပါ အလုပ်ကိစ္စနှင့်ပတ်သက်ပြီးခရီးဝေးထွက်ရမယ် လူလွတ်များအချစ်ဟောင်းနှင့်ပြန်လည် ဆုံတွေ့ရကိန်းရှိတယ်။

ယတြာ

အလှုခံပုံးများတွင်ငွေသားလှုဒါန်းပါ

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်

၂၊ ၆၊ ၈

တနင်္လာသားသမီးများ

အလုပ်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှင်မှ မျက်စိဒေါက်ထောက်စောင့်ကြည့်နေခြင်းခံရမယ် သင်လုပ်သမျှအကောင်းမမြင် နိုင်လောက်အောင်ဖြစ်နေတာကြောင့် အလုပ်ကိစ္စများကို သတိထားလုပ်ကိုင်ပါ ငွေကြေးအကျဘက်မှာရှိနေတာကြောင့် ရင်းနှီးမြှပ်နှံခြင်းများရှောင်ကြဉ်ပါ အိမ်ထောင်သည်များ အိမ်ထောင်ရေးသာယာမယ် လူလွတ်များလက်ရှိပိုးပန်းနေတဲ့ သူနှင့်ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ 

အကျိုးပေးအရောင်

 ခရမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၉

အင်္ဂါသားသမီးများ

မထင်မှတ်ပဲအလုပ်ပြောင်းရကိန်းရှိတယ် လုပ်ငန်းခွင်ထဲကပြဿနာများကြောင့် စိတ်သောကရောက်နေမယ် သို့ပေမယ့်လည်းငွေဝင်လမ်း အတည်တကျရှိနေလိမ့်မယ် လူလွတ်များဆန်းပွင့်နေပြီး လာရောက်ပိုးပန်းသူ များနေတာကြောင့်နေထိုင်ရခက်နေမယ် အိမ်ထောင်ရှင်များအသေးအမွှားကိစ္စအချို့ကြောင့်စကားအနည်းငယ် များရကိန်းရှိတယ်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရော

လိမ္မော်ရောင်

အကျိုးပေးဂဏန်

၁၊ ၅၊ ၇

ဗုဒ္ဓဟူးသားသမီးများ

လုပ်ငန်းခွင်အတွင်းမထင်မှတ်ထားတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ် တစ်ခုခုလုပ်ရင်စိတ်အားထက်သန်တတ် ပြီးဘေးစကားတွေကို နားမထောင်တတ်တဲ့သင့်ရဲ့ အကျင့်ကြောင့် အပေါင်းအသင်းအချို့ဆုံးရှုံးရမယ် ငွေကြေးအတည် တကျရှိမယ် ငွေကြေးလိမ်လည်ခံရကိန်းရှိတာကြောင့် ချေးငှားခြင်းများရှောင်ကြဉ်ပါ လူလွတ်များ မိမိထက်အသက်ကြီးတဲ့ သူနှင့် ဖူးစာဆုံရမယ်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်

အညိုရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၅

ရာဟုသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းမွန်နေတာကြောင့် လက်ရှိအလုပ်မှာအတည်တကျဖြစ်နေမယ် သို့သော်လည်း ငွေကြေးနှင့်ပတ်သက်တဲ့ စာရင်းဇယားများကိုမပေါ့ဆဘဲ သေချာကိုင်တွယ်ဖြေရှင်းပါ ငွေကြေးကိုစနစ်တစ်ကျစီမံ တတ်တာကြောင့် အဆင်ပြေနေလိမ့်မယ် အိမ်ထောင်သည်များမိမိရဲ့အိမ်ထောင်ဘက်ကို အရမ်းမချုပ်ချယ်ပါနဲ့ မဟုတ်ပါကလမ်းခွဲရနိုင်တဲ့အဆင့်ထိပါရောက်သွားနိုင်ပါတယ်။

ယတြာ

သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်

အဝါရောင်

အကျိုးပေးဂဏန်း

၎၊ ၅၊ ၈ 

ကြာသပတေးသားသမီးများ

အလုပ်များကိုသေချာစီမံပြီးလုပ်ဆောင်တတ်တာကြောင့် အလုပ်ရှင်မှချီးမွမ်းခြင်းခံရမယ် ငွေကိုချွေတာစုဆောင်းတတ် တာကြောင်အဆင်ပြေနေမယ် သို့သော်ငွေအရေးတစ်ကြီးသုံးရကိန်းရှိတာကြောင့် ရင်းနှီးမြှပ်နှံခြင်းများပြုလုပ်တော့မယ် ဆိုရင်သေချာစဉ်းစားပြီးလုပ်ကိုင်ပါ လူလွတ်များလူမျိုးခြားနှင့်ဖူးစာဆုံကိန်းရှိတယ် အိမ်ထောင်သည်များအိမ်ထောင်ရေး သာယာမယ်။

ယတြာ

ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်

အမည်းရောင်

အကျိုးပေးဂဏန်း

၎၊ ၅၊ ၉ 

သောကြာသားသမီးများ

အလုပ်ပြောင်းချင်နေတဲ့သူတွေ မကြာခင် သင်ရဲ့ဝါသနာနှင့်ကိုက်ညီတဲ့ အလုပ်မှာလုပ်ကိုင်ခွင့်ရရှိမယ် ငွေကြေးအတည် တကျဖြစ်မယ် ကံစမ်းခြင်းမှ ငွေတိုငွေစဝင်မယ် လူလွတ်များအပေါင်းအသင်းများနှင့်နေထိုင်နေရတာကို ပျော်ရွှင်နေမယ် အိမ်ထောင်သည်များ အချို့သောကိစ္စများကြောင့် စကားအနည်းငယ်များရကိန်းရှိတယ်။

ယတြာ

ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရော

အမည်းရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၇

စနေသားသမီးများ

အလုပ်တွေကိုမနိုင်မနင်းလုပ်ကိုင်နေတာကြောင့် အလုပ်တွေမပြီးဆုံးပဲဖြစ်နေမယ် သို့ပေမယ့်လည်း မိတ်ဆွေကောင်းတို့ရဲ့ ကူညီဖေးမမှုကြောင့် အခက်အခဲမရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်။ လူလွတ်များအချစ်ရေးကြောင့် စိတ်သောကရောက်ရမယ် အိမ်ထောင်သည်များအိမ်ထောင်ရေးသာယာမယ်။

ယတြာ

ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

၃၊ ၅၊ ၆