တနင်္ဂနွေသားသမီးများ

လုပ်ငန်းခွင်အတွင်း အလုပ်မန်နေဂျာမှသင့်ကို မျက်စိဒေါင်ထောက်စောင့်ကြည့်နေတာကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးရမယ်။ စိတ်အေးအေးထားပြီးလုပ် မပေါ့ဆပါနဲ့ ငွေကြေးအလားလာကောင်းမယ် ငွေဝင်လမ်းပေါများမယ်။ အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦးအချိန်ပေးနိုင်မယ် လူလွတ်များ အထီးကျန်ရဦးမယ်။

ယတြာ

အလှုခံပုံးများတွင်ငွေသားလှုဒါန်

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၁၊ ၅၊ ၆

တနင်္လာသားသမီးများ

လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းနှင့်ပတ်သက်တဲ့ ပြဿနာများနှင့်ရင်ဆိုင်ရနိုင်တယ် အကောင်းမြင်ဝါဒနဲ့ပဲရင်ဆိုင်ကျော် ဖြတ်ကြည့်ပါ ငွေကြေးရုတ်တစ်ရက်အပြောင်းအလဲနှင့်ကြုံရမယ် လူလွတ်များမထင်မှတ်ထားတဲ့သူတစ်ဦးနှင့်ဖူးစာဆုံမယ်။ အိမ်ထောင်သည်များ အသေးအမွှားကိစ္စများကစပြီး စကားများရမယ်။

ယတြာ

လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၈

အင်္ဂါသားသမီးများ

အရင်အပတ်ကထက်စာရင် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုကောင်းလာမယ် တုံဆိုင်းနေတဲ့လုပ်ငန်းများပြန်လည် အသက်ဝင်လာမယ် ရင်းနှီးမြှပ်နှံခြင်းမှ အမြတ်အစွန်းရမယ်။ လူလွတ်များအထီးကျန်ရဦးမယ် အိမ်ထောင်သည်များ အိမ်၊ ခြံ၊ မြေ ကိစ္စတို့ဖြင့်စကားများရမယ်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

 အမည်းရောင်

အကျိုးပေးဂဏန်း

၎၊ ၈၊ ၉  

ဗုဒ္ဓဟူးသားသမီးများ

အလုပ်ကိစ္စနှင့်ပတ်သက်ပြီး နယ်ဝေး၊ နိုင်ငံခြား ခရီးထွက်ရမယ် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ထွန်းမယ် ငွေကြေးဥစ္စာနှင့်ပတ်သက်ပြီး သတင်းကောင်းကြားမယ်။ ချေးငှားထားသည့်ကြွေးမြီများပြန်ရကိန်းရှိတယ် လူလွတ်များအချစ်ဟောင်းဖြင့်ပြန်လည်ဆုံတွေ့ရမယ်။ အိမ်ထောင်သည်များ သုံးပွင့်ဆိုင်ပြဿနာများဖြင့် ရင်ဆိုင်ရနိုင်တယ်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်

အပြာရောင်  

အကျိုးပေးဂဏန်း

၎၊ ၆၊ ၉

ရာဟုသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကြုံတွေ့ပြီး အလုပ်အသစ်ရကိန်းရှိတယ် သင့်ရဲ့ဝါသနာနှင့်ကိုက်ညီတာကြောင့် သင့်မှာရှိတဲ့အစွမ်းအဆတွေကို အသုံးချပြီးအကောင်အထည်ဖေါ်နိုင်မယ် ငွေကြေးနှင့်ပတ်သက်ပြီး ရေသေပမာ တည်ငြိမ်နေလိမ့်မယ် ငွေသေကိုငွေရှင်ဖြစ်အောင်ကြိုးစားပါ ချစ်သူရည်းစားများ အချစ်ခရီးဖြောင့်ဖြူးမယ် လူလွတ်များ ပိုးပန်းနေတဲ့သူထံမှ သတင်းကောင်းကြားရမယ်။

ယတြာ

သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်  

ခရမ်းရောင်

အကျိုးပေးဂဏန်း

၃၊ ၅၊ ၈

ကြာသပတေးသားသမီးများ

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နှင့်စကားအခြေအတင်ဖြစ်ကိန်းရှိတယ်။ လုပ်ငန်းခွင်အတွင်း အတတ်နိုင်ဆုံးပြဿနာမဖြစ် အောင်နေပါ ငွေဝင်လမ်းအလားအလာကောင်းတယ်။ လစာတိုးကိန်းရှိတယ် တစ်ပိုင်တစ်နိုင်လုပ်တဲ့အလုပ်များအောင်မြင် မယ်။ လူလွတ်များမိမိထက်အသက်ငယ်တဲ့သူနှင့်ဖူးစာဆုံရမယ်။ အိမ်ထောင်သည်များ တစ်ဦးအပေါ်တစ်ဦးအရင်ကထက် အချိန်ပေးနိုင်မယ်။

ယတြာ

ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်

 ပန်းရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၉

သောကြာသားသမီးများ

လုပ်ငန်းခွင်အတွင်း အရင်ကထက်ကြီးလေးတဲ့ တာဝန်တွေထမ်းဆောင်နေရတာကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ်။ သည်းခံပြီးအကောင်းဆုံးလုပ်ဆောင်ပါ ရလဒ်ကောင်းနှင့်ကြုံတွေ့ရမယ်။ ဝင်ငွေနှင့်ထွက်ငွေမမျှတတာကြောင့်ငွေကြေး အခက်အခဲဖြစ်မယ်။ ချွေတာသုံးဆွဲရင်ငွေကြေးပြဿနာတွေကိုကျော်လွှားနိုင်မယ်။ လူလွတ်များအချစ်ဟောင်းနှင့်ပြောဆို ဆက်ဆံနေရတာကြောင့်ပျော်ရွှင်နေမယ်။ အိမ်ထောင်သည်များစကားအခြေအတင်ဖြစ်နိုင်တယ်။

ယတြာ

ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရောင်  

ခဲရောင်

အကျိုးပေးဂဏန်း

၁၊ ၇၊ ၉

စနေသားသမီးများ

 လုပ်ငန်းခွင်အတွင်း အခက်အခဲအတားအဆီးအချို့နှင့်ရင်ဆိုင်ရနိုင်တယ်။ သို့ပေမယ့်လည်းသင့်ရဲ့အစွမ်းအဆကြောင့် ပြဿနာများကိုလွယ်ကူစွာဖြေရှင်းနိုင်လိမ့်မယ်။ အစားအသောက်နှင့်ပတ်သက်ပြီးငွေကြေးအကုန်အကျများနေမယ်။ ဝင်ငွေနှင့်ထွက်ငွေမျှတအောင်စီမံခန့်ခွဲတက်ပါစေ လူလွတ်များအချစ်ရေးနှင့်ပတ်သက်ပြီးလှည့်စားခံရနိုင်တယ်။ ချစ်သူရည်းစားများအိမ်ထောင်ရေးသာယာဖြောင့်ဖြူးမယ်။

ယတြာ

ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်

အကျိုးပေးအရောင်

အဝါရောင်

အကျိုးပေးဂဏန်း

၁၊ ၄၊ ၈