ရက်ရှည်အလုပ်ပိတ်ရက်တွေမှာ အလည်သွားမယ့်သူတွေအနေနဲ့ လမ်းခရီးအခြေအနေကိုသေချာလေ့လာပြီးမှ လည်ပတ်ကြပါလို့သတိပေးချင်ပါတယ်။ အလုပ်ပိတ်ရက်မှာ ဘယ်သွားလို့ဘယ်လာရမယ်မသိသေးတဲ့ ထိုင်းရောက် ညီကိုမောင်နှမတွေကို လည်ပတ်စရာနေရာလေးတစ်ခုဖေါ်ပြပေးလိုက်ပါတယ်။

ဇူလှိုင်လမှာရက်ရှည်အလုပ်ပိတ်ရက်လည်းရှိတယ်ဆိုတော့ ကုသိုလ်ယူရင်းလည်ပတ်နိုင်မယ့် ပထုမ်ဌာနီမြို့က “ဝပ်ဘို့စ်” ဘုန်းကြီးကျောင်းကိုလမ်းညွှန်ပေးချင်ပါတယ်။ “ဝပ်ဘို့စ်” ဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသွား တွေအတော်များများသိကြတဲ့ ဘုန်းကြီးကျောင်းလည်းဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွင်းမှာဆိုရင် ၂၈ မီတာအမြင့်ပေရှိတဲ့ ထိုင်းအခေါ်အဝေါ် “လွမ်ဖေါ့သို” ဘုန်းကြီးရုပ်တုကိုထုစစ်ထားပြီး သမိုင်းကြောင်းများကိုလည်း လေ့လာနိုင်မှာပါ မွန်လူမျိုးတွေတည်ထားလှုဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းလည်းဖြစ်တာကြောင့် မွန်လူမျိုးတွေရဲ့ယာဉ် ကျေးမှုအငွေ့အသက်တွေ ကျန်ရှိနေသေးတဲ့ ဘုန်းကြီးကျောင်းဆိုလည်းမမှားပါဘူး အလုပ်ပိတ်ရက်မှာသွားလည် ဖြစ်ခဲ့ကြရင်လည်း ပေ့ခ်ျအောက်မှာ ပုံတွေတင်ထားခဲ့အုန်းနော်။ နယ်ဝေးခရီးသွားမယ့်သူတွေအနေနဲ့လည်း ကျန်းမာရေးအရ နှာခေါင်းစည်းတွေတပ်ဆင်ဖို့မမေ့ကြပါနဲ့ ရက်ရှည်ရုံးပိတ်ရက်မှာ အားလုံးဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်: Faith Thai Story, Tour im boon