တနင်္ဂနွေသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေများ၏ ဖေးမမှုကြောင့်လုပ်ငန်းခွင်အတွင်းပြဿနာ များကိုဖြေရှင်းနိုင်မယ်။ အိမ်ထောင်သည်များ နှစ်ဦးစပ်တူလုပ်သည့်လုပ်ငန်းများအောင်မြင်မယ်။ ငွေဝင်လမ်းပေါများမယ် လူလွတ်များဆန်းပွင့်မယ်။

ယတြာ

တရိစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အဖြူရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၉

တနင်္လာသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေပေါများမယ် ရတဲ့အလုပ်ကိုမှေးပြီးလုပ်ကိုင်နေပါ အလုပ်ပြောင်းချင်နေပေမယ့် အခွင့်လမ်းမသာသေးတာကြောင့် ရွေးချယ်ရခက်နေလိမ့်မယ်။ သင့်ရဲ့အသုံးစရိတ်နဲ့ဝင်ငွေမမျှမတဖြစ်နေမယ်။ ဝင်ငွေနည်းပြီးထွက်ငွေများမယ်။ လူလွတ်များအချစ်ရေးနဲ့ပတ်သက်ပြီး သတ်မှတ်ချက်များနေတာကြောင့် ဆက်ပြီး အထီးကျန်ရဦးမယ်။

ယတြာ

ဆေးရုံဆေးခန်းများမှာလိုအပ်တဲ့အရာလေးတွေဖြည့်စွက်ပြီးယတြာချေပါ

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၆

အင်္ဂါသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေပေါများပြီး လုပ်ဖေါ်ကိုင်ဖက်များရဲ့ဖေးမမှုတို့ကြောင့် အရာရာကိုအောင်မြင်စွာ လုပ်ကိုင်နိုင်မယ်။ ငွေဝင်လမ်းပေါများပြီး ငွေလည်ပတ်နိုင်မယ် ငွေပြဿနာများဖြင့်မကြုံရတာကြောင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေရမယ်။ သို့သော်ချစ်သူရည်းစားများတစ်ဦးပေါ်တစ်ဦးသဝန်တိုမှုကြောင့် စကားမကြာခဏများရမယ်။ နားလည်မှုရှိအောင်ညှိနှိုင်းလုပ်ဆောင်ပါ။  

ယတြာ

လူကြီးသူအို၊ မိမိအပေါ်ကျေးဇူးရှိသူတို့ကိုကျေးဇူးဆပ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

ရွှေရောင်

အကျိုးပေးဂဏန်း

ဝ၊ ၄၊ ၅  

ဗုဒ္ဓဟူးသားသမီးများ

လုပ်ငန်းခွင်အတွင်း အရင်ကထက်ပိုပြီးစေ့စေ့စပ်စပ်စဉ်းစားလုပ်ကိုင်ဖို့လိုမယ်။ မဟုတ်ပါကအောင်မြင်မှုကိုလက်ဆုပ်လက် ကိုင်ရဖို့အလှမ်းဝေးနေမယ်။ ငွေကိုချွေတာသုံးဆွဲပါဝင်ငွေနှင့်ထွက်ငွေကွာဟကိန်းရှိတယ်။ လူလွတ်များပိုးပန်းနေတဲ့သူနှင့် ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

ဘုန်ကြီးကျောင်းတွင် သင်္ဃန်းကပ်ခှုခြင်းခြင့်ယတြာချေပါ

အကျိုးပေးအရောင်

အနီရောင်

အကျိုးပေးဂဏန်း

၁၊ ၆၊ ၈

ရာဟုသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းသစ်တွေနဲ့ကြုံကြိုက်ရကိန်းရှိတယ်။ ငွေဝငလမ်းဖြောင့်ဖြူးမယ် သို့သော်မိသားစုကိစ္စဖြင့် ငွေကုန်ကြေးကျများမယ် ချစ်သူရည်းစားများအချစ်ရေးကံကောင်းတယ်ဆိုပေမယ့် လူလွတ်များရဲ့အချစ်ရေးရည်မှန်းထားတဲ့ အတိုင်းဖြစ်မလာနိုင်တာကြောင့် စိတ်သောကရောက်ရမယ်။

ယတြာ

ဘုန်ကြီးကျောင်းတွင် သင်္ဃန်းကပ်ခှုခြင်းခြင့်ယတြာချေပါ

အကျိုးပေးအရောင်  

အမည်းရောင်

အကျိုးပေးဂဏန်း

၃၊ ၄၊ ၈

ကြာသပတေးသားသမီးများ

သင့်ရဲ့ဝါသနာနှင့်အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကိုလုပ်ကိုင်ရကိန်းရှိတယ် ငွေဝင်လမ်းဖြောင့်ဖြူးတာကြောင့်ငွေကြေးပြဿနာ တွေလျော့နည်းသွားတယ်ဆိုပေမယ့် အနာဂတ်အတွက်စုဆောင်းသင့်တာစုဆောင်းပါ ချစ်သူရည်းစားများ အချစ်ရေးဖြောင့် ဖြူးပြီး လူလွတ်များလည်းပိုးပန်းနေသူနှင့်ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

အခေါင်းလှုခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

၎၊ ၆၊ ၇

သောကြာသားသမီးများ

လုပ်ငန်းခွင်အတွင်း စာရင်းဇယားအမှားအယွင်းတို့ဖြင့်ကြုံရမယ် ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာတာကြောင့် စိတ်သောက ရောက်ရမယ် ငွေကိုချွေတာစုဆောင်းပါ ဝင်ငွေနှင့်ထွက်ငွေကွာဟမှုဖြင့်ကြုံရမယ် ရင်းနှီးမြှပ်နှံခြင်းတို့မှအရှုံးပေါ်နိုင်တာ ကြောင့် စီးပွားရေးတစ်ခုခုလုပ်တော့မယ်ဆိုရင် စေ့စေ့စပ်စပ်စဉ်းစားလုပ်ကိုင်ပါ ချစ်သူရည်းစားများအလုပ်ကိစ္စကြောင့် မကြာခဏခွဲခွာရမယ်။ လူလွတ်များအထီးကျန်ရဦးမယ်။

ယတြာ

အလင်းပေးသောအရာများကိုလှုတန်းခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်  

ပန်းရောင်

အကျိုးပေးဂဏန်း

၅၊ ၇၊ ၈

စနေသားသမီးများ

လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ အတည်တစ်ကျဖြစ်နေမယ် ဝင်ငွေနှင့်ထွက်ငွေမမျှမတဖြစ်မယ် အသောက်အစားကိစ္စတို့ ကြောင့်ငွေကုန်ကြေးကျများမယ် အပျော်အပါးလျော့ပါ ချစ်သူရည်းစားများတစ်ဦးအပေါ်တစ်ဦးယုံကြည်လေးစားမှုရှိရှိဖြင့် လက်တွဲပါ လူလွတ်များလိင်တူအချင်းချင်းမှ လာရောက်ပိုးပန်းခြင်းနှင့်ကြုံတွေ့ရမယ်။

ယတြာ

မိဘမဲ့ကလေး၊ ဘိုးဘွားရိပ်သာများတွင်လိုအပ်တာလှုတန်းခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

ခရမ်းရောင်

အကျိုးပေးဂဏန်း

၂၊ ၅၊ ၈