တနင်္ဂနွေသားသမီးများ

အလုပ်အကိုင်ပြောင်းလဲတိုးတတ်ကိန်းရှိတယ် သို့ပေမယ့်ငွေကြေးနဲ့ပတ်သက်ပြီးလိမ်လည်ခံရနိုင်တာကြောင့် အလုပ်အပေါ်မှာ အားရုံစူးစိုက်မှုရှိဖို့လိုမယ်။ အိမ်ထောင်ဖက် သို့မဟုတ် မိသားစုနဲ့ပူးတွဲလုပ်ကိုင်တဲ့လုပ်ငန်းတွေ အောင်မြင်တိုးတက်မယ် လူလွတ်များခရီးထွက်ခြင်းက မိမိနှင့်စိတ်တူကိုယ်တူ တစ်ဦးဦးနဲ့ ဖူးစာဆုံရမယ်။

ယတြာ

တရိစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်း

၃၊ ၆၊ ၅၊ ၉

တနင်္လာသားသမီးများ

လုပ်ငန်းခွင်အတွင်းအလုပ်ကိစ္စနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း စကားအချေအတင်ဖြစ်နိုင်တာကြောင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့လိုအပ်မယ်။ ပြဿနာတွေရှိလာရင်လည်း စိတ်ငြိမ်ငြိမ်ထား ပြီးဆုံးဖြတ်ပါ အကြီးအကဲများရဲ့ထောက်ပံ့မှုတို့ကြောင့် အခက်အခဲများကိုကျော်လွှားနိုင်မယ်။ ငွေဝင်လမ်းအတည်တစ်ကျ ရှိတယ် ကံတက်နေတာကြောင့်အခုအချိန်မှာ စီးပွားရေးတိုးချဲ့လုပ်ကိုင်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်။ လူလွတ်များ အချစ်ရေးမှာရှုံနိုမ့်ရဦးမယ်။

ယတြာ

ဆေးရုံဆေးခန်းများမှာလိုအပ်တဲ့အရာလေးတွေဖြည့်စွက်ပြီးယတြာချေပါ

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၇၊ ၈

အင်္ဂါသားသမီးများ

လုပ်ငန်းခွင်အတွင်းလုပ်ဖေါ်ကိုင်ဖက်များ၊ အကြီးအကဲများနဲ့စကားအချေအတင်ဖြစ်နိုင်ကိန်းရှိတယ် စကားအပြောအဆို ဆင်ခြင်ပါ။ အရမ်းဆိုးရွားတဲ့အခြေအနေကိုရောက်နေပါက အလုပ်ပါထုတ်ခံရနိုင်ပါတယ်။ ငွေဝင်သလောက် မစုမဆောင်းမိ ဖြစ်နိုင်ပါတယ်။ ကံစမ်းခြင်းအချို့မှ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိတယ် လူလွတ်များအထီးကျန်ရဦးမယ်။

ယတြာ

လူကြီးသူအို၊ မိမိအပေါ်ကျေးဇူးရှိသူတို့ကိုကျေးဇူးဆပ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အနီရောင်

အကျိုးပေးဂဏန်း

၁၊ ၀၊ ၄၊ ၅

ဗုဒ္ဓဟူးသားသမီးများ

လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး ရင်းနှီးမြှပ်နှံမှုများပြုလုပ်တော့မယ်ဆိုရင် အစစအရာရာကိုမပေါ့စမိစေရန်အထူးသတိထားပါ အရမ်းရင်းနီးတဲ့မိတ်ဆွေ အပေါင်းအသင်းများမှငွေရေးကြေးရေးလိမ်လည်ခံရနိုင်တာကြောင့် ချေးငှားခြင်းများရှောင်ကြဉ်ပါ  ချစ်သူရည်းစားရှိသူများ တစ်ဦးအပေါ်တစ်ဦးနားလည်မှုကြောင့် အချစ်ခရီးဖြောင့်ဖြူးမယ် လူလွတ်များ ပိုးပန်းနေသည့် သူထံမှအဖြေရဖို့ကို အချိန်အတန်ကြာစောင့်ရဦးမယ်။

ယတြာ

ဘုန်ကြီးကျောင်းတွင် သင်္ဃန်းကပ်ခှုခြင်းခြင့်ယတြာချေပါ

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၄၊ ၈

ရာဟုသားသမီးများ

အလုပ်နှင့်ပတ်သက်ပြီး ဘယ်သူ့ကိုမှအလွယ်တစ်ကူမယုံမိအောင်သတိထားပါ သင့်ရဲ့အများအပေါ်မှာထားတဲ့ သနားစိတ် ကြောင့် ဒုက္ခရောက်ရနိုင်တယ်။ ယခုရက်ပိုင်းအတွင်းလုပ်ငန်းခွင် အခွင့်အလမ်းအသစ်များဖြင့် ကြုံတွေ့ရမယ်။ ငွေကိစ္စ နှင့်ပတ်သက်ပြီး မိသားစုအချင်းချင်း စိတ်ဝမ်းကွဲရနိုင်တယ်။ လူလွတ်များမိမိနှင့်ရင်းနှီးနေပြီးသားသူနှင့်ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

ဘုရားတွင်အမွှေးအကြိုင်ရှိသောပန်းဆပ်ကပ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်  

မီးခိုးရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၅၊ ၆

ကြာသပတေးသားသမီးများ

အလုပ်ကိစ္စနှင့်ပတ်သက်ပြီး အစစအရာရာအသေးအမွှားကိစ္စများကိုပါ ထည့်သွင်းစဉ်းစားပြီးလုပ်ဆောင်ပါ စာချုပ်စာတမ်းနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို စစ်ဆေးပြီးမှအတည်ပြုပါ မဟုတ်ပါကအကြီးအမားကြီးဆုံးရှုံးနိုင်တယ် ချစ်သူရည်းစားရှိသူများ တစ်ဦးအပေါ်တစ်ဦးအရင်ကထက်နားလည်မှုရှိအောင်နေပါ လူလွတ်များ ရွယ်ချယ်စရာပေါများ နေမည်။

ယတြာ

အခေါင်းလှုခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အညိုရောင်

အကျိုးပေးဂဏန်း

၃၊ ၄၊ ၅၊ ၇

သောကြာသားသမီးများ

လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အခွင့်အလမ်းသစ်တွေနဲ့ ကြုံရမယ်။ အလုပ်အသစ်စတင်လုပ်ကိုင်မယ့်သူများ ငွေကြေး လိမ်လည်ခံရနိုင်တယ် ရင်းနှီးတဲ့သူတွေနဲ့စပ်တူအရင်းအနှီးလုပ်သော်ငြားလည်း စေ့စေ့စပ်စပ်တွေးတောလုပ်ကိုင်ပါ။ ချစ်သူရည်းစားများ ခရီးဝေးထွက်ရခြင်းကြောင့် တစ်ဦးနှင့်တစ်ဦးမကြာခဏခွဲခွာရမယ် လူလွတ်များမိမိရဲ့စိတ်ကို မိမိပြန်လည်သုံးသပ်ပါ။

ယတြာ

အလင်းပေးသောအရာများကိုလှုတန်းခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်  

ခရမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၃၊ ၄၊ ၉

စနေသားသမီးများ

အလုပ်အကိုင်နှင့်ပတ်သက်ပြီး လူမှုရေးအရလူဝင်ဆန့်အောင်ကြိုးစားပါ ယခုအချိန်မှာအလုပ်ပြောင်းချင်နေသူအတွက် အခွင့်အလမ်းတွေရှိတဲ့အချိန်ဖြစ်တယ်။ ငွေကိုမသုံးဆွဲခင်ကြိုတင်စီမံခန့်ခွဲပါ ငွေကြေးအကြပ်အတည်းနှင့်ကြုံတွေ့ရနိုင် တယ်။ ချစ်သူရည်းစားရှိသူများ တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိလာမယ် လူလွတ်များ တစ်ယောက်ယောက်နှင့်တွဲတော့ မယ်ဆိုရင် တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားပါ။

ယတြာ

မိဘမဲ့ကလေး၊ ဘိုးဘွားရိပ်သာများတွင်လိုအပ်တာလှုတန်းခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အမည်းရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၆၊ ၉