

တနင်္ဂနွေသားသမီးများ
အလုပ်ကိစ္စများကို ပင်ပန်းနွမ်းနယ်စွာလုပ်ကိုင်ရမယ်။ အလုပ်ကြောင့်စိတ်ဖိစီးမှုဖြစ်ရမယ် ထွက်ငွေများပြီး ဝင်ငွေနည်းမယ် သို့ပေမယ့်လည်း ငွေအစုအလိုက်အပြုံလိုက်ဝင်ကိန်းရှိတယ် ချစ်သူရည်းစားများ တစ်ဦးအပေါ်တစ်ဦး အနိုင်ယူချင်စိတ် ကြောင့်စကားများရန်ဖြစ်ရမယ်။ တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိပါစေ။
ယတြာ
ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ
အကျိုးပေးအရောင်
ပန်းရောင်
အကျိုးပေးဂဏန်း
၁၊ ၂၊ ၈

တနင်္လာသားသမီးများ
အလုပ်ကြောင့်စိတ်ပင်ပန်းရမယ် မိတ်ဆွေကောင်းတို့ရဲ့ ဖေးမကူညီမှုကြောင့် အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်နိုင် မယ်။ ရှာသမျှငွေ မစုမိမဆောင်းမိဖြစ်မယ် မဝယ်သင့်မစုဆောင်းသင့် တဲ့အရာတွေကိုမဝယ်မိဖို့သတိထားပါ။ အနည်းအများ စုဆောင်းတတ်အောင်ကြိုးစားပါ။ လူလွတ်များချစ်ရသူနဲ့ဖူးစာဆုံခွင့်ရှိတယ် အချစ်ရေးကံကောင်းမယ်။
ယတြာ
လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ
အကျိုးပေးအရောင်
လိမ္မော်ရောင်
အကျိုးပေးဂဏန်း
၂၊ ၅၊ ၆

အင်္ဂါသားသမီးများ
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေနဲ့ကြုံတွေ့ရမယ်။ သင်နဲ့ကိုက်ညီတဲ့အလုပ်မှာ လုပ်ကိုင်ရကိန်းရှိတယ်။ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိတယ် လူလွတ်များ မိမိထက်အသက်ငယ်တဲ့သူနဲ့ဖူးစာဆုံကိန်းရှိတယ်။ ချစ်သူရည်းစားရှိသူများအချစ်ရေးကံကောင်းမယ်။
ယတြာ
ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းများတွင်တတ်နိုင်သလောက်လူဒါန်းပါ
အကျိုးပေးအရောင်
အနီရောင်
အကျိုးပေးဂဏန်း
၃၊ ၇၊ ၈

ဗုဒ္ဓဟူးသားသမီးများ
လူကြီးသူကောင်းများမှ အကူအညီအထောက်အပံ့များရရှိမယ်။ မိတ်ဆွေကောင်းများရဲ့အကူအညီကြောင့် အခက်အခဲများ ကိုရင်ဆိုင်ကျော်လွှားနိုင်မယ်။ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေရမယ် လူလွတ်များအလုပ်ကိုအားစိုက်လုပ်နေရတာကြောင့် အထီးကျန်ရဦးမယ်။
ယတြာ
ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ
အကျိုးပေးအရောင်
အဖြူရောင်
အကျိုးပေးဂဏန်း
၂၊ ၆၊ ၇
ရာဟုသားသမီးများ
အလုပ်ကိစ္စတွေနှင့်အချိန်ပြည့်လုံးပန်းရှုပ်ထွေးနေရမယ် ငွေမစုမိမဆောင်းမိဖြစ်နေမယ် ခကြာခနခရီးထွက်ရကိန်းရှိတယ် ခရီးထွက်ရခြင်းကြောင့်ငွေကုန်ကြေးကျများမယ်။ ချစ်သူရည်းစားများသဘောထားမတူညီတာကြောင့် မကြာခဏစကားများ ရမယ်။
ယတြာ
မိဘမဲ့ကလေးများကိုစွန့်ကျဲပါ
အကျိုးပေးအရောင်
အပြာရောင်
အကျိုးပေးဂဏန်း
၃၊ ၆၊ ၉

ကြာသပတေးသားသမီးများ
အလုပ်အကိုင်အဆင်ပြေမယ် အခွင့်အလမ်းကောင်းတွေနဲ့ ကြုံတွေ့ရမယ် ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိတယ်။ ချစ်သူရည်းစားရှိသူများ ပူးတွဲလုပ်တဲ့အလုပ်များအောင်မြင်မယ်။ ချေးငှားထားတဲ့ကြွေးမြီများ ပြန်ရကိန်းရှိတယ်။
ယတြာ
သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ၊ လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ
အကျိုးပေးအရောင်
အပြာရောင်
အကျိုးပေးဂဏန်း
၁၊ ၆၊ ၉

သောကြာသားသမီးများ
အလုပ်အကိုင်ကြီးပွားအောင်မြင်တိုးတက်မှုတို့ဖြင့်ကြုံတွေ့ရမယ် အရမ်းရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတို့ရဲ့ သစ္စာဖောက်ခြင်းခံရနိုင်တယ်။ ချစ်သူရည်းစားများ တစ်ဦးပေါ်တစ်ဦး သဝန်တိုစိတ်ကြောင့် အချစ်ရေး မသာမယာဖြစ်မယ်။ လူလွတ်များကြိုက်နှစ်သက်နေတဲ့သူနဲ့ ဖူးစာဆုံကိန်းရှိတယ်။
ယတြာ
သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ
အကျိုးပေးအရောင်
အစိမ်းရောင်
အကျိုးပေးဂဏန်း
၂၊ ၃၊ ၉

စနေသားသမီးများ
လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရနိုင်တယ် သတိထားလုပ်ကိုင်ပါ။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေနဲ့ကြုံတွေ့ရမယ်။ မပေါ့ဆပါနှင့် ချစ်သူရည်းစားရှိသူများ ဒေါသအရှေ့ထားလျင်ကွဲပြဲကိန်းနှင့်ကြုံရမယ်။
ယတြာ
သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ
အကျိုးပေးအရောင်
အနီရောင်
အကျိုးပေးဂဏန်း
၆၊ ၈၊ ၉