၂၀၂၀ ဇွန်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံချွန်ဘူရီခရိုင် ဆီရချာမြို့ရှိ ပလတ်စတစ်စက်ရုံတစ်ရုံအနီး အခန်းငှား နေထိုင်ကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သားအချင်းချင်း အရက်ဝိုင်းဖွဲ့သောက် စကားများကြရာမှ ဓားထိုးမှုဖြစ်ပွား ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံအကြောင်းကြားလာတာကြောင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ဗိုက်၊ ညာဘက်လက်နှင့် ခြေထောက် ၂ ဖက် ဘယ်ဘက်ရင်အုံတို့ တွင် ဓားထိုးသွင်း ဒဏ်ရာဖြင့် ဟိုင်းလက်ကားတစ်စီး အနောက်တွင်လဲကျနေသည့် နိုင်ဖုမ်း အသက် ၃၈ နှစ် နှင့် လက်ကောက်ဝတ်တွင် ဓားဒဏ်ရာ ဖြင့်လဲကျနေသည့် နိုင်ကာကာ အသက် ၂၇ နှစ်တို့ကိုတွေ့ရှိရတာကြောင့် နီးစပ်ရာ ဆေးရုံသို့အမြန်ပို့ဆောင်ပေးခဲ့ရာ နိုင်ဖုမ်းမှာဆေးရုံတွင် သေဆုံးသွားကြောင်းသိရသည်။

ပြစ်မှုကျူးလွန် ၂ ဦးဖြစ်တဲ့ ဓားဖြင့်ထိုးသူ နိုင်ထစ် နှင့် ဒဏ်ရာရသူများလဲကျနေချိန်တွင် ကျောက်ခဲနှင့် ဝင်ရောက်ထုနှက်ခဲ့တဲ့ နိုင်ဝါယို မြန်မာနိုင်ငံသား ၂ ဦးကိုတော့ အခင်းဖြစ်ပွားသည့်နေရာအနီးမှာပဲ ထွက်ပြေးတိမ်းရှောင် နေစဉ် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာမှာတော့

နိုင်ထစ်မှ ၄င်းတို့ ၄ ဦးဟာ အရက်တစ်ဝိုင်းထဲ သောက်နေခဲ့တာဖြစ်ပြီး နိုင်ထစ်မှ အလုပ်ထဲကအကြောင်းတွေကို ပြန်လည် ပြောဆိုရင်းကနေ သေဆုံးသူနိုင်ဖုမ်းနှင့်စကားများကြကာနိုင်ထစ်မှ မီးဖိုချောင်သုံးဓားဖြင့် နိုင်ဖုမ်းကိုအချက်ပေါင်း များစွာ ထိုးသွင်းခဲ့တာဖြစ်ပြီး နိုင်ကာကာမှရန်ပွဲကို ဝင်ဖြေရာမှ လက်ကောက်ဝတ်တွင် ဓားဒဏ်ရာရခဲ့တာလို့ ထွက် ဆိုပါတယ်။  

ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ပွားရာနေရာတွင်တွေ့ရှိခဲ့သည့် သက်သေခံပစ္စည်းများကိုသိမ်းဆည်းသွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးကိုဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ kaoded သတင်းဌာနကိုပြောပါတယ်။ (သတင်းတွင်ဖေါ်ပြပါနာမည်များသည်အခင်းဖြစ်ပွားရာနေရာတွင်ကနဦးမေးမြန်းခဲ့သည့်အမည်များဖြစ်သည်)      

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်။ : 77kaoded