ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နေရပ်ပြန်လာသူ ၂၃ ဦးတွင်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း အစတည်ပြုလူနာ၂၈၆ ဦးရှိကြောင်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီတွင် ထုတ်ပြန်သည်။

ပိုးတွေ့လူနာသစ် ၂၃ ဦးတွင် ထိုင်းနိုင်ငံမှပြန်လာသူ ၁၉ ဦးနှင့်မလေးရှားနိုင်ငံမှပြန် လာသူ​လေးဦးဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီစသည့် တိုင်းဒေသကြီးများနှင့် မွန်၊ ကရင်နှင့် ရခိုင် စသည့်ပြည်နယ်များမှ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂၃ ဦးကိုသက်ဆိုင်ရာသတ်မှတ် ဆေးရုံများ၌ ဆက်လက်၍ ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၆၆၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ၉၄ ခုဖြင့် စုစုပေါင်း ဓာတ်ခွဲနမူနာ ၇၆၃ ခုအား စစ်ဆေးရာတွင် အထက်ပါအတိုင်း ပိုးတွေ့လူနာသစ်များ တွေ့ရှိခြင်းဖြစ်သည်။

အချက်အလက်နှင့်ဓါတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : 7 day news Journal, laprensalatina