COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ပေးရန်အတွက် JJ Express မော်တော်ယာဉ်များ၌ အကာအရံများ ပြုလုပ်၍ ပြေးဆွဲသွားမည်။

JJ Express ဖြင့် ရန်ကုန်-မန္တလေး ခရီးသွားပြည်သူများ COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ပေးရန်အတွက် JJ Express မော်တော်ယာဉ်များ၌ အကာအရံများပြုလုပ်၍ ဇွန်လ ၁၅ ရက်နေ့မှစတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လောလောဆယ် JJ Express ၈ စီးကို အကာအရံများတပ်ဆင်ပေးထားပြီး ဖြစ်ပြီး ယာဉ်စီးခကို ရိုးရိုးကား ၁၆၈၀၀ကျပ်၊ အထူးကား ၂၉၈၀၀ကျပ် ကျသင့်မည်ဟုလည်းသိရှိရသည်။ ယခုလိုမြန်မာပြည်တွင်းဖြစ်ယာဉ်လိုင်း၏ ဆန်းသစ်တီထွင်မှု ကြောင့်နိုင်ငံတစ်ကာသတင်းများတွင် မြန်မာနိုင်ငံ၏ Social Distancing အကြောင်းကို ဦးစားပေး ချီးမွမ်းရေးသားဖေါ်ပြခံရလျက်ရှိသည်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : sanook , Facebook : Myanmarbusticket.com – Myanmar Bus Ticket