ထိုင်းနိုင်ငံချွန်ဘူရီခရိုင်တွင် ဆိုင်ကယ်သူခိုးတစ်ဦးအား ဖမ်းဆီးရမိထားတယ်လို့ အကြောင်းကြားလာတာကြောင့် သွားရောက်စစ်ဆေးရာတွင် သူခိုးမဟုတ်ဘဲ သူခိုးမှ လှည့်စားခြင်းခံလိုက်ရတဲ့ ကိုအောင်သိန်းဌေး အသက် ၄၁ နှစ်နှင့် Honda ဆိုင်ကယ်အစုတ်တစ်စီးသာတွေ့!

ထိုင်းကာဗျူးအရေးအပေါ်အမိန့် မရုတ်သိမ်းမီရက်အနည်းငယ်အလိုက လူတစ်ကာကိုကူညီတတ်တဲ့ ကိုအောင်သိန်းဌေးဟာ ထိုင်းနိုင်ငံချွန်ဘူရီခရိုင်အနီးက ဘန်စယ် ကမ်းခြေကို ဆိုင်ကယ်မောင်းနှင်ကာ သွားရောက် လည်ပတ်ခဲ့ရာမှ ခရီးလွန်ပြီး အစိုးရအမိန့်ထုတ်ပြန်ထားတဲ့ ညမထွက်ရအချိန်ရောက်ရှိလာတာကြောင့် ၄င်းနေထိုင်တဲ့ စီရာချာခရိုင်ကိုမပြန်တော့ဘဲ ကမ်းခြေမှာအိပ်ဖို့ဆုံးဖြတ်ခဲ့ပြီး မနက် ၃ နာရီအချိန် လောက်မှာ ကိုအောင်သိန်းဌေးဟာ ကမ်းခြေကပြန်လည် ထွက်ခွာခဲ့ကာ ဆိုင်ကယ် ဆီဖြည့်ဖို့ ဆီပန့်တစ်ခုကိုဝင်ခဲ့တယ်လို့ဆိုပါတယ်။ 

ဆီဖြည့်ပြီးဆီပန့်ကအထွက် Homepro အရောင်းဆိုင်နားရောက်တဲ့အချိန်မှာ ကိုအောင်သိန်းဌေးဟာ ဆိုင်ကယ် အစုတ်တစ်စီးကိုတွန်းနေတဲ့ လူတစ်ယောက်တွေ့တာကြောင့် ၄င်းဟာဆိုင်ကယ်ကိုခြေထောက်နဲ့ကန်ပြီး အိမ်အရောက်ပို့ ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်ကိုအောင်သိန်းဌေးဟာခြေထောက်နာနေတာကြောင့် ၄င်းမောင်းနှင်လာတဲ့ဆိုင် ကယ်ကို ဆိုင်ကယ်သူခိုးအားပေးမောင်းပြီး ၄င်းကဆိုင်ကယ်အစုတ်အပေါ်ထိုင်ပြီး ဟန်ချက်ထိန်းပေးနေတဲ့အခိုက်မှာပဲ ဆိုင်ကယ်သူခိုးက ၄င်းကိုထားရစ်ခဲ့ပြီး ၄င်း၏ဆိုင်ကယ်ကိုခိုးယူမောင်းနှင်သွားခဲ့တာကြောင့် ၄င်းကိုယ်တိုင်ရဲကိုဖုန်းဆက် တိုင်ကြားခဲ့ခြင်းဖြစ်တယ် လို့သတင်းဌာနကိုပြန်လည်ပြောပြပါတယ်။

တာဝန်ရှိသူများရောက်ရှိလာတဲ့အချိန်မှာ ကိုအောင်သိန်းဌေးဆီဝင်ဖြည့်ခဲ့တဲ့ဆီဆိုင်ကို တာဝန်ရှိသူများက မေးမြန်းရာတွင် ကိုအောင်သိန်းဌေးဟာနယ်မြေခံမဟုတ်တာကြောင့် ဆီဆိုင်ကိုတွေ့အောင် မိုးလင်းတဲ့အထိရှာခဲ့ရတယ် လို့သိရပါတယ်။ တာဝန်ရှိသူများမှ ဆီပန့်မှဝန်ထမ်းတစ်ဦးအားမေးမြန်းခဲ့ရာမှာ ကိုအောင်သိန်းဌေးဟာအခိုးခံခဲ့ရတဲ့ ဆိုင်ကယ်နဲ့ ဆီဖြည့်ခဲ့ကြောင်းထွက်ဆိုတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့မှ အမှုမှန်မမြန်ဆုံးပေါ်ပေါက်အောင်ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် :  thaipost , 77kaoded