တနင်္ဂနွေသားသမီးများ

လုပ်ငန်းခွင်အတွင်း လုပ်ဖေါ်ကိုင်ဘက်များရဲ့တစ်ယူသန်စိတ်ကြောင့် ပြဿနာများနှင့်ရင်ဆိုင်ရမယ် ဝင်ငွေအတည်တစ်ကျ ရှိမယ် သို့သော်ငွေကိုမသုံးဆွဲခင်ကြိုတင်စီမံခန့်ခွဲထားပါ။ ချစ်သူရည်းစားများ စိတ်ချင်းမတူတာကြောင့် စကားများရန်ဖြစ် ရမယ်။ တစ်ဦးအပေါ်တစ်ဦးသည်းခံပြီးပေါင်းသင်းပါ လူလွတ်များအထီးကျန်ရဦးမယ်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အဝါရောင်

အကျိုးပေးဂဏန်း

၂၊ ၆၊ ၈

တနင်္လာသားသမီးများ

အလုပ်အကိုင်စီးပွားရေးအောင်မြင်တိုးတတ်မယ် ရင်းနှီးထားသမျှအကျိုးအမြတ်ပေါ်ထွန်းမယ် မထင်မှတ်ထားတဲ့အရာများမှ ငွေတိုငွေစဖြစ်ထွန်းမယ် လူလွတ်များ မထင်မှတ်ထားသည့်သူနှင့်ဖူးစာဆုံမယ်။ ချစ်သူရည်းစားရှိသူများ အချစ်ရေးကံ ကောင်းမယ်။

ယတြာ

လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်

အနီရောင်

အကျိုးပေးဂဏန်း

၁၊ ၄၊ ၅

အင်္ဂါသားသမီးများ

လုပ်ငန်းခွင်အတွင်းပြဿနာအမြောက်အများဖြင့်ကြုံတွေ့ရမယ် သို့သော်မိတ်ဆွေကောင်းတို့ရဲ့အကူအညီများကြောင့် ပြဿနာများကိုလွယ်လွယ်ကူကူကျော်လွှားနိုင်မယ် သည်းခံပြီးဆက်လုပ်ပါ ရာထူးတိုးခြင်းခံရမယ်။ ငွေကိုရတုန်းစုဆောင်းပါ ချစ်သူရည်းစားရှိသူများ အချစ်ကိုဦးစားပေးပါက အစစအရာရာနှောင့်နှေးရမယ်။ လူလွတ်များတစ်ဦးတည်းနေရင်း ပျော်ရွှင် နေသည့်အချိန်ဖြစ်တယ်။

ယတြာ

ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းများတွင်တတ်နိုင်သလောက်လူဒါန်းပါ   

အကျိုးပေးအရောင်

ခရမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၉

ဗုဒ္ဓဟူးသားသမီးများ

အလုပ်ကိစ္စများရေသေပမာငြိမ်သက်နေတာကြောင့် ဝင်ငွေလည်းလျော့နည်းရမယ် ငွေကိုချင့်ချိန်ပြီးသုံးဆွဲပါ  လူလွတ်များမိမိထက်အသက်ကြီးသူနှင့် ဖူးစာဆုံကိန်းရှိတယ်။ ချစ်သူရည်းစားများတစ်ဦးအပေါ်တစ်ဦးရိုင်းပင်းကူညီ ပြီးရှေ့ဆက်ပါနှစ်ဦးတွဲလုပ်သည့်လုပ်ငန်းများအောင်မြင်ကိန်းရှိတယ်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

ပန်းရောင်

အကျိုးပေးဂဏန်း

၃၊ ၅၊ ၇

ရာဟုသားသမီးများ

ကြီးလေးတဲ့တာဝန်တွေထမ်းဆောင်နေရတာကြောင့် အလုပ်အမှားအယွင်းတွေရှိနိုင်တယ် သတိထားလုပ်ကိုင်ပါ မပေါ့ဆ ပါနဲ့ ချေးဌားထားတဲ့ ကြွေးမြီများပြန်လည်ဆပ်နိုင်မယ် ရင်းနှီးမြှပ်နှံခြင်းများရှောင်ကြဉ်ပါ အရှုံးပေါ်နိုင်တယ်။ လူလွတ်များအချစ်ရေးကြောင့်သူငယ်ချင်းအပေါင်းအသင်းများမှ လစ်လျူရှု့ခြင်းခံရမယ်။ ချစ်သူရည်းစားရှိသူများ အချစ်ရေး ကံကောင်းမယ်။

ယတြာ

မိဘမဲ့ကလေးများကိုစွန့်ကျဲပါ

အကျိုးပေးအရောင်  

အဖြူရောင်

အကျိုးပေးဂဏန်း

၃၊ ၄၊ ၇

ကြာသပတေးသားသမီးများ

လုပ်ငန်းခွင်အတွင်းလုပ်ဖေါ်ကိုင်ဖက်များနှင့်ပြဿနာတတ်ရကိန်းရှိတယ် ဒေါသကိုအရှေ့မထားပါနဲ့ မိမိရရှိထားတဲ့ တာဝန်ကိုကေပြွန်အောင်လုပ်ဆောင်ပါ ရာထူးတိုးမြှင့်ခံရကိန်းရှိတယ် လူချစ်လူခင်ပေါများမယ် လူလွတ်များ မိမိထက် အသက်ကြီးတဲ့သူနဲ့ ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ၊ လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၆၊ ၇

သောကြာသားသမီးများ

အလုပ်ခွင်အတွင်းတစ်ခုခုလုပ်ကိုင်တော့မယ်ဆိုရင် ကြိုတင်စဉ်းစားပြီးအစီအစဉ်ချမှတ်လုပ်ဆောင်ပါ မဟုတ်ပါက အမှားအယွင်းများစွာနှင့်ရင်ဆိုင်ရမယ် ငွေကြေးအလားအလာကောင်းတယ်ဆိုပေမယ့် ဈေးကြီးလွန်းတဲ့အသုံးအဆောင် ပစ္စည်းများဝယ်ယူသုံးဆွဲခြင်းကိုလျှော့ပါ လူလွတ်များအထီးကျန်ရဦးမယ်။

ယတြာ

သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်  

အညိုရောင်

အကျိုးပေးဂဏန်း

၅၊ ၈၊ ၉   

စနေသားသမီးများ

အလုပ်အကိုင်အဆင်မပြေဖြစ်မယ် လစာမလောက်မငှဖြစ်တာကြောင့် အလုပ်သစ်ရှာဖွေလုပ်ကိုင်ရန် အတွေးများနေလိမ့် မယ် အပြင်အလုပ်အကိုင်များမှငွေတိုငွေစရမယ်။ ချစ်သူနှင့်ခနတာဝေးကွာရကိန်းရှိတယ်။ လူလွတ်များမထင်မှတ်ထားသည့် သူတစ်ဦးဖြင့်ဖူးစာဆုံကိန်းရှိတယ်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်

အမည်းရောင်  

အကျိုးပေးဂဏန်း

၆၊ ၇၊ ၉