ထိုင်းနိုင်ငံဟာစီးပွားရေးတောက်လျှောက်ကျဆင်းနေပြီး အရင်ကလို ခေတ်မကောင်းတော့တာကြောင့် အလုပ်ပြန်လာ လုပ်ဖို့စိတ်ကူးမရှိတော့ကြောင်း နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများဆို…

ကိုဗစ်-၁၉ အကြပ်အတည်းကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ် သားတွေ နေရပ်ပြန်နိုင်ဖို့ကို ပြီးခဲ့တဲ့လက ၂ နိုင်ငံသဘောတူ ညှိနှိုင်းဆောင်ရွက်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံအခြေဆိုက် မြန်မာသံရုံးအစီအစဉ်နဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မဲ့ဆောက်-မြဝတီဂိတ်ကို ဘတ်စ်ကား ၂၂ စီးနဲ့ ပထမအသုတ် ရောက်လာခဲ့သူစုစုပေါင်း ၅၀၄ ဦးရှိခဲ့ပါတယ်။ တာ့ခ်ခရိုင် အရာရှိများနှင့် ကျန်းမာရေးဌာနများ မှလည်း နေရပ်ပြန်ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံအတွင်းသို့ပြန်လည်မဝင်ရောက်မီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်မယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ ကိုပြန်လည်ဝင်ရောက်လာဖို့အစီအစဉ်ရှိလားလို့မေးမြန်းခဲ့ရာမှာ အများစုက ပြန်လာဖို့အစီအစဉ်မရှိတော့ဘူးလို့ဖြေ ကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံပတ္တရားမြို့ကပြန်လာတဲ့သူတစ်ဦးကတော့ “ထိုင်းနိုင်ငံမှာအလုပ်အရမ်းရှားသွားတော့ သိပ်ပြီးမပြေလည်ဘူး ထိုင်းကိုလာတာအဓိကကငွေရှာဖို့လေ အခုကစားစရိတ်နဲ့အခန်းခတောင်မကာမိဘူးဆိုတော့ ပြန်လာဖို့အစီအစဉ်မရှိတော့ဘူး” လို့ထိုင်းအာဏာပိုင်တစ်ဦးရဲ့မေးခွန်းကိုဖြေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာအရေးပေါ်အမိန့်ကြောင့် လမ်းများပိတ်ဆို့ထားဆဲဖြစ်တာကြောင့် ထိုင်းနိုင်ငံအခြေဆိုက် မြန်မာသံရုံးအကူ အညီဖြင့် ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသူပေါင်း ၁ သောင်းကျော်ရှိပြီဖြစ်ပါတယ်။ ၂၀၂၀ သြဂုတ်လ လောက်မှာ နယ်စပ်လမ်းများပြန်လည်ဖွင့်လှစ်လာနိုင်ဖွယ်ရှိတာကြောင့် မြန်မာနိုင်ငံအတွင်းပိတ်မိနေတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာနှုန်းကိုလည်း လက်သင့်ခံဖို့ပြင်ဆင်ထားဖို့ လိုတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

ထပ်မံပြီး Update သတင်းများကို Myanmar Live ဖေ့ဘွတ်ပေ့ခ်ျတွင်တင်ပေးသွားမှာဖြစ်ပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Thairath Online