အမျိုးသားတစ်ဦးသည်၎င်း၏ကလေးငယ်နှစ်ဦးရှေ့တွင်  မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီ ရင်မှုအား ဖေ့စ်ဘွတ်ခ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ကြိုးဆွဲချသူသည် အမျိုးသမီးတစ်ဦး နှင့် စကားအချေအတင်ဖြစ်ကြ ပြီးနောက်  နေအိမ်အတွင်းဘက် ထပ်ခိုးဝရံတာ၌ အသင့်ချည် နှောင်ပြီးဖြစ်သော ကြိုးရှိရာသို့ သွားစဉ် ၎င်း၏သားနှင့်သမီးဟုဆို သော ကလေးငယ်နှစ်ဦးအားလာ  ရပ်ကြည့်ရန်ပြောဆိုထားသည်။

ပြီးလျှင် ထိုအမျိုးသားက ထပ်ခိုးသို့တက်ကာ ‘နှုတ်ဆက်ခဲ့ ပါတယ်ဟေ့’ဟု နှုတ်မှအော်ကာ  ဝရံတာ၌ ချည်ထားသောကြိုးကို  လည်ပင်း၌စွပ်ကာအောက်သို့ခုန် ချပြီး အဆုံးစီရင်ခဲ့သည်။

သေဆုံးသူသည် အသက် (၄၀) ကျော်အရွယ်ရှိပြီဖြစ်ပြီး သန်လျင်မြို့ ပေါ်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်း၏ယောက်ဖဝမ်းကွဲတော်စပ် သူ ဦးကျော်ထွန်းမင်းက အတည်

‘‘သူက ကျွန်တော့်ရဲ့ ညီမ ဝမ်းကွဲတစ်ယောက်ရဲ့ အမျိုးသား ပေါ့။  အဆက်အသွယ်ပြတ်နေ တာတော့ကြာပြီ။ ရှေ့ပိုင်းတုန်း ကတော့ လင်မယားချင်းအဆင် မပြေလို့ ကွာရှင်းမယ်ဘာညာဆို တာမျိုးရှိခဲ့ဖူးတယ်’’ဟု ၎င်းက ပြောသည်။

သားနှင့်သမီးငယ်နှစ်ဦးရှေ့ ၌ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ သော အမျိုးသားသည်၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ‘ပတ်ဝန်း ကျင်မှာ ကျွန်တော့်ကို အရက် ကြောင်ပါတယ်၊ ဆေးကြောင်ပါ တယ်ဆိုပြီး သတင်းလိုက်လွှင့် နေ ပြီး ကျွန်တော့်ဘဝမှာ အရာအား လုံးဆုံးရှုံးခဲ့ပြီးတော့’ ဟု စာတစ်ပိုင်းတစ်စကို  နောက်ဆုံးရေးသားခဲ့သည်။

အဆိုပါ ရုပ်သံဖိုင် ပျံ့နှံ့ပြီး နာရီပိုင်အကြာတွင် ဖေ့စ်ဘွတ်ခ် က ဖျက်ချလိုက်သည်။ အဆိုပါ အဆုံးစီရင်မှုဖြစ်စဉ် မှာသန်လျင်မြို့နယ် အေးမေတ္တာ ရပ်ကွက်၌ ဖြစ်ပွားခြင်းဖြစ်ပြီး သေမှု၊သေခင်းဖြင့် အမှုဖွင့်ထား ကြောင်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြု သည်။

အချက်အလက်များအတွက်ကျေးဇုးတင်ပါသည် : 7 day News Journal