တနင်္ဂနွေသားသမီးများ

အထင်မှတ်ထားပဲ အလုပ်ပြောင်းကိန်း၊ အလုပ်လက်မဲ့ဖြစ်ရကိန်းရှိတယ်။ ကြိုတင်ပြင်ဆင်မှုရှိပါစေ ဝင်ငွေနှင့်ထွက်ငွေ မမျှတတာကြောင့် မစုမိမဆောင်းမိဖြစ်နေလိမ့်မယ်။ အချစ်ရေးသာယာဖြောင့်ဖြူးမည်မဟုတ်ပါ လူလွတ်များ လူပွေလူရှုပ် များနှင့်ဆုံတွေ့ရကိန်းရှိသည်။

ယတြာ

အလှုခံပုံးများတွင်ငွေသားလှုဒါန်းပါ

အကျိုးပေးအရောင်

ခရမ်းရောင်

အကျိုးပေးဂဏန်း

၂၊ ၅၊ ၆  

တနင်္လာသားသမီးများ

အလုပ်အကိုင်အခွင့်အလမ်းတွေများနေတာကြောင့် အစဉ်လိုက်စီမံခန့်ခွဲတတ်အောင် ကြိုးပန်းပါ။ ငွေအစုလိုက်အပြုံလိုက် ဝင်ကိန်းရှိသည် သို့သော်ကိုင်တွယ်စုဆောင်းမတတ်မှုကြောင့် မကုန်သင့်တဲ့နေရာများမှာငွေကုန်ကြေးကျများရလိမ့်မည်။ အချစ်ရေးသာယာဖြောင့်ဖြူးချင်ရင် တစ်ဦးပေါ်တစ်ဦးမျှမျှတတ တွေးတောပြောဆိုပြီး နားလည်တစ်ခုရအောင်တည်ဆောက် ပါ။

ယတြာ

လိုအပ်သည့်နေရာများတွင် အလင်းရောင်ရရန် လှုဒါန်းပါ  

အကျိုးပေးအရောင်

အဖြူရောင်

အကျိုးပေးဂဏန်း

၁၊ ၃၊ ၎

အင်္ဂါသားသမီးများ

အလုပ်အကိုင်ကြီးပွားအောင်မြင်တိုးတက်မည်။ နာမည်ကောင်းကျော်ကြားမည် ရင်းနှီးမြှပ်နှံထားသည့်အရင်းအနှီးများမျှ အမြတ်ငွေရရှိမည်။ ကံစမ်းခြင်းမှငွေတိုငွေစရမည် အချစ်ရေးသာယာဖြောင့်ဖြူးပြီး လူလွတ်များကြိုက်နှစ်သက်တဲ့သူနှင့် ဖူးစာဆုံမည်။

ယတြာ

ငှက်လွှတ်၊ ငှားလွှတ်ခြင်းဖြင့်ယတြာချေပါ

အကျိုးပေးအရောင်

အပြာရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၉

ဗုဒ္ဓဟူးသားသမီးများ

အလုပ်အကိုင်ညှိနှိုင်းရမည့်ကိစ္စရပ်တွေမှာ အမှားအယွင်းရှိနိုင်တာကြောင့် သတိထားဆောင်ရွက်လုပ်ကိုင်ပါ ပူးတွဲလုပ် ကိုင်သည့်အလုပ်အကိုင်များ ကြီးပွားအောင်မြင်မည်။ ချေးငှားထားသောကြွေးမြီများ ပြန်လည်ရရှိမည် အချစ်ရေးသာယာ ဖြောင့်ဖြူးမည်။ လူလွတ်များ မိမိကြိုက်နှစ်သက်သူနှင့်ဖူးစာဆုံရမည်။

ယတြာ

သံဃာတော်များကို သင်္ဃန်းလှုဒါန်းပါ

အကျိုးပေးအရောင်

ပန်းရောင်

အကျိုးပေးဂဏန်း

၎၊ ၅၊ ၈

ရာဟုသားသမီးများ

ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများနှင့် ကြီးပွားအောင်မြင်ကိန်းရှိသည် သင့်ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် မိတ်ဆွေအပေါင်း အသင်းများမည်။ အချစ်ရေးသာယာဖြောင့်ဖြူးမည် တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိပါစေ။

ယတြာ

သံဃာတော်များကို ထီး၊ ဖိနပ် လှုဒါန်းပါ

အကျိုးပေးအရောင်  

အနီရောင်

အကျိုးပေးဂဏန်း

၃၊ ၇၊ ၉

ကြာသပတေးသားသမီးများ

လုပ်ဖေါ်ကိုင်ဖက်အပေါင်းအသင်းများ၏ ကူညီဖေးမမှုတို့ကြောင့် အလုပ်အကိုင်ကြီးပွားအောင်မြင်တိုးတတ်မည် ဝင်ငွေအတည်တစ်ကျဖြစ်မည်။ လူလွတ်များ မိမိကြိုက်နှစ်သက်သောသူနှင့်ဖူးစာဆုံကိန်းရှိသည်။ ချစ်သူရည်းစားရှိသူများ အသေးအမွှားကိစ္စများကြောင့် စကားများရကိန်းရှိသည်။

ယတြာ

ပိုလိုသည့်ပစ္စည်းများကို ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာများတွင်လှုဒါန်းပါ

အကျိုးပေးအရောင်

အမည်းရောင်

အကျိုးပေးဂဏန်း

၁၊ ၅၊ ၇

သောကြာသားသမီးများ

အလုပ်ကြောင့်စိတ်ဖိစီးရမည် ကိုယ့်ကိုကိုယ်အားကိုးနေရတဲ့အလုပ်ဖြစ်တာကြောင့်လည်း ပင်ပန်းနွမ်းနယ်ရမည်။ ငွေကြေးဥစ္စာကံမကောင်းတာကြောင့် ငွေကိုချင့်ချိန်သုံးဆွဲပါ အရေးတစ်ကြီးငွေအစုလိုက်အပြုံလိုက်သုံဆွဲရကိန်းရှိသည်။ လူလွတ်များအထီးကျန်ရဦးမည်။

ယတြာ

ဆေးရုံများတွင်လိုအပ်သည့် ဆေးကိရိယာများလှုဒါန်းပါ စာသင်ကျောင်းများတွင်အလင်ရောင် ရနိုင်သည့်ပစ္စည်းများလှုပါ

အကျိုးပေးအရောင်  

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၎၊ ၆၊ ၇   

စနေသားသမီးများ

လုပ်ငန်းခွင်အတွင်းအမှားအယွင်းရှိနိုင်တာကြောင့် စာရင်းဇယားများကို အချိန်ပေးစစ်ဆေးပါ မှားယွင်းတဲ့ဆုံးဖြတ်ချက်ချမှု တို့ကြောင့် ငွေကုန်ကြေးကျများမည်။ လူလွတ်များအယုံလွယ်တာကြောင့် အချစ်ရေးလိမ်လည်ခံရနိုင်သည်။ ချစ်သူရည်းစား များအချစ်ရေးအဆင်ပြေချောမွေ့မည်။

ယတြာ

ဘုန်းကြီးကျောင်းတွင်ခေါင်မိုးတစ်ချပ်နိုင်နိုင်နှစ်ချက်နိုင်နိုင်လှုဒါန်းပါ

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်း

၂၊ ၆၊ ၉