ထိုင်းရိုးရာအစားအစာဖြစ်တဲ့ အသားစိမ်းကိုအချဉ်တို့ပြီးစားတတ်တဲ့ ထိုင်းလူမျိုးတွေရဲ့အူထဲမှာ ဝက်တုပ်ပြား ကောင်တွေ့ရှိရတာကြောင့် အစားအစာကိုကြတ်အောင်ချက်ပြုတ်ပြီးမှစားဖို့ ထိုင်းဆရာဝန်များသတိပေး…

ထိုင်းနိုင်ငံ PDRC ကပ်ပါးရောဂါသုတေသနဌာနမှ ဆရာဝန်တစ်ဦးဟာ အသားစိမ်းငါးစိမ်းတွေကိုမှကြိုက်နှစ်သက် ကြပြီး နာမကျန်းဖြစ်လေ့ရှိတဲ့ ထိုင်းလူမျိုးတွေထံမှာ ဝက်တုပ်ပြားကောင်တွေ့ရှိရတာကြောင့် အသားစိမ်းငါးစိမ်း မစားကြဖို့ ဖေ့ဘွတ်လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ သတိပေးစာရေးတင်ပြီး ထိုင်းလူမျိုးတွေကို အသိပေးခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် ထိုင်းလူနာတစ်ဦးဟာ ဗိုက်အောင့်နေတာ ၂ လ ကြာပြီဆိုပြီး ဆေးရုံလာပြရာမှ စစ်ဆေး ကုသရာ အူမကြီးထဲမှာ ဝက်တုပ်ပြားကောင်ကိုတွေ့ရှိခဲ့တာပါ။

လူနာရဲ့ဗိုက်ထဲမှာရှိတဲ့တုပ်ပြားကောင်ကို ပါးစပ်မှထုတ် ယူခဲ့တဲ့ ပုံတွေဟာ အချိန်အနည်းငယ်အတွင်း အွန်လိုင်းစာမျက်နှာပေါ်ကိုပြန့်ခဲ့တာကြောင့် လတ်တစ်လော ထိုင်းလူမှုကွန် ယက်မှာ မျှဝေတဲ့သူတွေအများ နှင့် ဝေဖန်အကြံပြုသူတွေများပြားလျက်ရှိပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : thairath