၂၀၂၀ မေလ ၁၈ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၃ လကြာခြေရာခံပြီးရှာဖွေနေတဲ့ မူးယစ်ဂိုဏ်းတစ်ခုကို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ လွိုင်ခမ်းကျေးရွာတွင် တရားခံ ၃၃ ဦးနှင့်အတူ သက်သေခံပစ္စည်းများနှင့်တစ်ကွ အတူဖမ်းဆီး ရရှိခဲ့တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂရုံး (UNODC) နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် စိတ်ကြွဆေးပြားပေါင်း ၁၉၃ သန်း၊ အိုက်စ် ၅၀၀ ဂရမ်၊ မူးယစ်ဆေးဝါးပြုလုပ်သည့်ဓာတုပစ္စည်းပေါင်း ၃၅.၅ တန် နှင့် အခြားဓာတုပစ္စည်းများ ၁၆၃,၀၀၀ လီတာ ဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင် ဓာတ်ပါရှိတဲ့မူးယစ်ဆေးဝါးတွေကို အလွန်အကျွံသုံးဆွဲမှုကြောင့် တစ်နေ့ကိုအမေရိကန်နိုင်ငံသား ၁၃၀ ဦးခန့် သေဆုံးကြရပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Fentanyl ဓာတ်ပါရှိတဲ့မူးယစ်ဆေးဝါးတွေကိုသုံးဆွဲမှုကြောင့် လူပေါင်း ၁၃၀,၀၀၀ ခန့်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Fentany ဟာ ဟီးရိုးအင်းထက် အဆ ၅၀ ပြင်းတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး မော်ဖင်းထက်လည်း အဆ ၂၀ ပြင်းထန်တယ်လိုဆိုပါတယ်။ ယခုဖမ်းဆီးထိန်းသိမ်းရခဲ့တဲ့အထဲမှာ Fentanyl ၃,၇၅၀ လီတာလည်းအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာမူးယစ်ဆေးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး မူးယစ်ကုန်သွယ်မှုအများဆုံးကိုတော့ တရုတ်နဲ့ မက်ဆီကို နိုင်ငံတို့ကနေရာယူထားတာဖြစ်ပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Thairath