ဘောလုံးပရိသတ်များ မျှော်လင့်စောင်းစားနေကြတဲ့ နာမည်ကြီး အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်များ ကို ပြန်လည်ကျင်းပမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ယူကေအစိုးရနဲ့အင်္ဂလိပ်ဘောလုံး သမားများအသင်းတို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ကစားသမားနဲ့ဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာတွေ ရှိလာတာကြောင့် ထပ်မံရွေ့ဆိုင်းဖွယ်ရှိသည်ဟု သိရပါတယ်။

အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လဆန်းပိုင်းမှာပြန်လည်ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်မှု တစ်ရပ်အနေနဲ့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ကစားသမားနဲ့ဝန်ထမ်း ၇၄၈ ဦး ကို ကိုဗစ်-၁၉ စစ်ဆေးမှုပြုရာတွင် ကလပ် ၃ ခုမှ ကစားသမားနဲ့ဝန်ထမ်း ၆ ဦးတွင် ပိုးတွေ့ရှိခဲ့ သည်ဟု ပရီးမီးယားလိဂ်က အတည်ပြုထုတ်ပြန်ထားပါတယ်။

မတ်လကတည်းကရပ်ဆိုင်းထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာပြန်လည်ကျင်းပဖို့ရာထားပေမဲ့ အခုလို ကိုဗစ်-၁၉ စစ်ဆေးမှုအဖြေကြောင့် သတ်မှတ်ရက်အတွင်း မှာ ပြန်လည်ကျင်းပနိုင်မလားဆိုတာ တကယ်ကို  စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ 

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : ThairathOnline, Football.London