အင်အားပြင်း စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(Amphan) အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်ရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပထမဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်ထားသည်။‘‘နေရာကွက်မိုးကြီးတာ‌‌တွေ ဖြစ်လာနိုင်တာမို့ မြေပြိုတာ တွေ၊ တောင်ကျရေ ရုတ်တရက်ဆင်းလာတာတွေကို အထူးသတိထား ဖို့ လိုနေပါတယ်’’ ဟု  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

ယခင်ရက်က သတိပေးမှုများတွင်အမ်ဖန်မုန်တိုင်းအရှိန်ကြောင့် နေရာကွက် မိုးရွာနိုင်ကြောင်းသာပါဝင်ခဲ့ပြီး ‌နေရာကွက် မိုးကြီးမည့် သတိပေးချက်ကို မေလ ၁၉ ရက် နေ့လယ်တွင်  ပထမဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် အမ်ဖန်မုန် တိုင်း အရှိန်ကြောင့် မေလ ၁၉ ရက်မှ ၂၁ ရက်အတွင်းနေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ ကိုအမ်ဖန်မုန် တိုင်းအဖျားခတ်နိုင်သည့် အခြေအနေကြောင့်  ကုန်းတွင်းဒေသများ၌ မြေပြိုမှု ဘေးနှင့် တောင်ကျချောင်းရေ ဆင်းမည့် ဘေးသတိပြုရန် သတိပေးချက်  ထုတ်ပြန်ထားသည်။

အထက်ပါ တိုင်းနှင့် ပြည် နယ်ရှစ်ခုအပြင် ကျန်ဒေသများ တွင်လည်း နေရာကွက်၍ မိုးရွာ နိုင်ကြောင်း ထုတ်ပြန်ထားသည်။ မုန်တိုင်း အရှိန်ကြောင့် မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်ထားရာ မြန်မာနိုင်ငံ ဒေသအနှံ့ရှိ ဆည်များရေဝင်ရောက်မှုများလာပါက အရေးပေါ်ရေလျှော့ချရေး အစီအမံများကို ဆည်မြောင်း ဝန်ထမ်းများက လုပ်ဆောင်နေသည်။

ယနေ့ (မေလ၂၀ ရက်) ည ပိုင်းတွင် အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို မေလ၂၀ ရက်တွင် ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထား သည်။

ာတ်ပုံနှင့်အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် : 7 day daily , spring news , sanook