COVID-19 ရောဂါပိုးတွေ့လူနာ သုံးဦးထပ်တိုးလာပြီး တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ ၁၈၇ ဦးရှိကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။

မေလ ၁၇ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၉၀ခုအား ယင်းနေ့ညပိုင်းတွင် စစ်ဆေးခဲ့ရာ အထက်ပါအတိုင်း လူနာသစ်သုံးဦးတွေ့ရှိခဲ့ ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ထပ်တိုးလူနာသုံးဦးမှာ တနင်္သာရီမြို့နယ်မှ (၄၆) နှစ်အရွယ်အမျိုးသား လူနာအမှတ်(၁၈၅)၊ ကော့ကရိတ်မြို့နယ်မှ (၂၂) နှစ်အရွယ်အမျိုးသား လူနာအမှတ်(၁၈၆)နှင့် (၃၅) နှစ်အရွယ်အမျိုးသား လူနာအမှတ်(၁၈၇)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့သူ(၉၈)ဦးရှိပြီး ယင်းတို့အနက် (၈၄)ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အချက်အလက်နှင့်ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : 7 day daily