WHO နဲ့ထိုင်းကျန်းမာရေးဌာနပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီးသိချင်တဲ့အချက်အလက်တွေကို ဆုံစမ်းမေးမြန်းနိုင်ရန် ထိုင်းဘာသာစကားနှင့် ၃ နိုင်ငံရွှေ့ပြောင်းလုပ်သားများရဲ့ ဘာသာစကားပါရှိတဲ့ ဟော့လိုင်းဖုန်းနံပါတ်တစ်ခုကိုအကောင်အထည်ဖေါ်ခဲ့ပါတယ်။

ဟော့လိုင်းဖုန်းနံပါတ်ကိုအကောင်အထည်ဖေါ်ခဲ့ရာမှာ ရွှေ့ပြောင်းသွားလာနေထိုင်းခြင်းဆိုင်ရင်နိုင်ငံတကာအဖွဲ့ အစည်း (IOM) ၊ ကျန်းမာရေးစီးပွားရေးနှင့် လူနေမှုကျန်းမာရေးစောင့်ရှောက်မှုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အကျိုးစီးပွားမရှာသောအဖွဲ့အစည်းတွေဖြစ်တဲ့ Raks Thai Foundation၊ world vision foundation၊ တို့က ပူးပေါင်းပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။

ကူးစက်ရောဂါနှင့်ပတ်သက်ပြီး မေးမြန်းချင်တဲ့အချက်အလက်တွေကို 1422 ဟော့လိုင်းနံပါတ်မှာ ဆက်သွယ်မေးမြန်း နိုင်ပြီး ဘာသာစကားများကို ကမ္ဘောဒီးယားဘာသာဖြင့်ပြောလိုလျင် ၈၁၊ လာအိုဘာသာဖြင့်ပြောလိုလျင် ၈၂၊ မြန်မာလာသာဖြင့်ပြောလိုလျင် ၈၃ စသည်ဖြင့် လိုင်းခွဲများဖြင့်ထားရှိပေးထားပြီး ၂၀၂၀ မေလ ၁ ရက်နေ့မှစပြီး ဆက်သွယ်မေးမြန်းနိုင်ပြီလို့သိရပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်  : Thansettakij Online, Department of Disease Control