ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းအရင်ကထက်ရာချီခုန်မတက်ဘဲ လျော့ကျလာသဖွယ်ရှိနေသော် လည်း မနေ့ကတစ်နေ့ထဲမှာ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် လ၀က ရဲအချုပ်ခန်းအတွင်း ဖမ်းဆီးထားသူတွေမှာ မြန်မာ ၃၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၅၃ ယောက်ရှိနေပြီဖြစ်တာကြောင့်  ထိုင်းအစိုးရနဲ့အရပ်ဘက်အဖွဲ့ အစည်းများက ရောဂါဆက်လက်မပြန့်ပွားရန်လိုက်လံပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။ Myanmar Live အနေနဲ့ ထိုင်းနိုင်ငံအတွင်းရောဂါကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားများရဲ့ စာရင်းများကိုအခုလိုရသလာက်စုစည်းပြီး ရေးသားတင်ပြပေးလိုက်ပါတယ်။

အုပ်စု ၁

ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ပထမဆုံးကူးစက်ခံခဲ့ရတဲ့မြန်မာနိုင်ငံသားတစ်ဦးကို ၂၀၂၀ မတ်လ ၁၉ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့၊ စမွတ်ပရကန်ခရိုင်နှင့် နွန်ထဘူရိုင်တို့မှာ ၂၀၂၀ ဧပြီလ ၁၈ ရက် နောက်ဆုံး သတင်းအရ အသက် ၁ နှစ်မှ ၃၉ နှစ်ကြား မြန်မာနိုင်ငံသား ယောင်္ကျားလေး ၈ ဦး မိန်းကလေး ၉ ဦးနှင့် လိင်မဖေါ်ပြ ထားသူ ၁ ဦး စုစုပေါင်း ၁၉ ဦးကိုတွေ့ရှိခဲ့ပါတယ်။

အုပ်စု ၂

၂၀၂၀ ဧပြီလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင်ရှိ အချုပ်ခန်းအတွင်းချုပ်နှောင်ခံထားရတဲ့ အသက် ၁၅-၄၈ နှစ်အရွယ် မိန်းကလေး ၅ ဦး လိင်မဖေါ်ပြထားသည့် ၂၉ ဦး ဖမ်းဆီးခံထားရချိန် အချုပ်ခန်းတွင်းရောဂါ ပိုးကူးစက်ခံခဲ့ရတာပါ။             ထိုင်းအားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှလည်း ထိုင်းရောက်မြန်မာများကြား ရောဂါပိုးဆက်လက်မပြန့်ပွား စေရန်ကြပ်မတ်စွာဆောက်ရွက်လျက်ရှိပြီး စမွတ်ဆာခွန်ခရိုင်နှင့် အခြားမြန်မာနိုင်ငံသားအများအပြားနေထိုင်လျက်ရှိတဲ့ နေရာများတွင် ကိုဗစ်-၁၉ ရောဂါပိုးအကြောင်းပညာပေးခြင်း ဟန်းဂျယ်နှင့် နှာခေါင်းစည်းများပေးဝေခြင်းတို့ လုပ်ဆောင် လျက်ရှိပါတယ်။

အချက်အလက်နှင့်ဓါတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : data.go.th , Ministry of Labour , workpoint , thestandard