တနင်္ဂနွေသားသမီးများ

အလုပ်အသစ်ရကိန်းရှိတယ် အလုပ်အသစ်၌အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတွေ့ရမယ် သင့်အနေနဲ့လည်း အောင်မြင်စွာလုပ်ဆောင်နိုင်မယ် ငွေကြေးမတည်မငြိမ်ဖြစ်မယ် လူလွတ်များ အချစ်ရေးမှာ အချိန်ယူစောင့်ကြည့်ပါ ချစ်သူရည်းစားရှိသူများ အချစ်ရေးဖြောင့်ဖြူးမယ်

ယတြာ

အလင်းရောင်ပေးသည့်အရာများလှုဒါန်းပါ ဥပမာ မီးချောင်း၊ ဓာတ်မီးစသဖြင့်

အကျိုးပေးအရောင်

အနီရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၆

တနင်္လာသားသမီးများ

အလုပ်ကြောင့်စိတ်ညစ်ရမယ် လုပ်ငန်းကိုင်ငန်းနှင့်ငွေကြေး မျှော်မှန်းထားသလောက် မပေါက်ရောက်တာကြောင့် စိတ်ညစ်ရမယ် လူလွတ်များချစ်သူမှလိမ်လည်ခြင်းခံရမယ် ချစ်ခြင်းကြောင့်စိတ်ညစ်ရမယ်။

ယတြာ

အလှုအတန်းများလုပ်ပေးပါ ရေလှုဒါန်းပါ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများကို တတ်နိုင်သလောက် ကူညီပါ

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၎၊ ၅၊ ၆

အင်္ဂါသားသမီးများ

လက်ရှိလုပ်နေတဲ့အလုပ်ကို ကြိုးစားပန်းစားလုပ်ကိုင်မှသာလျင် အထိုင်ကျနိုင်မည် မကြာခဏခရီးထွက်ရလိမ့်မယ် ဒါကြောင့်ငွေလည်းမစုမိမဆောင်းမိဖြစ်မယ် အချစ်ရေးမျှော်မှန်းမထားသလောက်ပျော်ရွှင်စရာကောင်းမည် မဟုတ်ပါ

ယတြာ

ချို့တဲ့သည့်နေရာများတွင် ဆေးဝါးများလှုဒါန်းပါ သို့မဟုတ်ကျန်းမာရေးကိုအထောက်အကူဖြစ်စေမည့် ပစ္စည်းများ အစားအသောက်များလှုဒါန်းပါ

အကျိုးပေးအရောင်

အမည်းရောင်

အကျိုးပေးဂဏန်း

၃၊ ၆၊ ၈

ဗုဒ္ဓဟူးသားသမီးများ

လက်မလည်လောက်တဲ့အထိ အလုပ်များပြားမည် ငွေကြေးပြေလည်လောက်တဲ့အထိ အသင့်အတင့်အနေ အထားမှာရှိနေမည် အရင်လတွေထက်ငွေအမြောက်အများဝင်ပြီး မမျှော်မှန်းထားသည့်သူတစ်ယောက်ဖြင့်ဖူးစာစုံကိန်းရှိ သည်။

ယတြာ

စာကြည့်တိုက်များတွင် စာအုပ်စာပေများလှုဒါန်းပါ

အကျိုးပေးအရောင်

ရွှေရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၅

ရာဟုသားသမီးများ

အလုပ်အသစ်ရကိန်းရှိသည် သင့်ရဲ့လုပ်ရည်ကိုင်ရည်ပေါ်မှာမူတည်ပြီး အကျိုးခံစားခွင့်ရှိတဲ့အလုပ်လည်း ဖြစ်တယ် ငွေရလာသမျှ ပေးကမ်းသုံးစွဲခြင်းများနှင့်ကုန်ဆုံးသွားရလိမ့်မယ် ဆွဲဆောက်မှုအပြည့်ရှိနေတဲ့ကာလဖြစ်တာကြောင့် ကြိုက်နှစ်သက်သူပေါများမယ်။

ယတြာ

ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်းတို့ဖြင့် ကံတက်လာအောင် ကုသိုလ်ယူပါ စနေနေ့များတွင်အမဲသားရှောက်ကြဉ်ပါ

အကျိုးပေးအရောင်

အစိမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၇

ကြာသပတေးသားသမီးများ

လက်မလည်လောက်တဲ့အထိ အလုပ်များပြားမည်သင့်အနေနဲ့အောင်မြင်စွာကျော်ဖြတ်နိုင်လိမ့်မယ် ငွေကြေးအတည်တစ်ကျမဖြစ်တာကြောင့်အနည်းငယ်စိတ်ပင်ပန်းရလိမ့်မယ် အချစ်ရေးကြောင့်လည်းစိတ်ညစ်ရမယ်။

ယတြာ

ဘုရားဝတ်ပြုပါ ကြသပတေးနေ့တိုင်း သက်သတ်လွတ်စားပေးပါ

အကျိုးပေးအရောင်

ပန်းရောင်

အကျိုးပေးဂဏန်း

၁၊ ၆ ၊ ၉

သောကြာသားသမီးများ

လက်ရှိလုပ်ကိုင်နေသည့်အလုပ်ကြောင့် အောင်မြင်မှုတစ်ခု သို့မဟုတ် အကြီးအကဲများ၏ လက်ခံမှုတစ်ခုကို ရရှိမည် ငွေကြေးချောင်ချောင်လည်လည်ရှိမယ် ရင်းနှီးမြှပ်နှံမှုများမှငွေရမယ် ခရီးထွက်ရင်းဖူးစာစုံကိန်းရှိတယ်။

ယတြာ

သက်သတ်လွတ်မစားပါ၊ ချို့တဲ့သူများအား အဝတ်အစားနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများလှုဒါန်းပါ။

အကျိုးပေးအရောင်

အဝါရောင်

အကျိုးပေးဂဏန်း

၃၊ ၄၊ ၆

စနေသားသမီးများ

အလုပ်အကိုင်အဆင်ပြေချောမွေ့ပြီး အခက်အခဲများရှိသော်ငြားလည်း ကောင်းမွန်စွာဖြေရှင်းနိုင်မယ် ငွေအတိုအစများဝင်မည်  အချစ်ရေးကံကောင်းမည်။

ယတြာ

အများသုံးအိမ်သာဆောက်ပေးခြင်း၊ ဇရပ်ဆောက်ပေးခြင်းတို့ပြုပါ

အကျိုးပေးအရောင်

အဖြူရောင်

အကျိုးပေးဂဏန်း

၁၊ ၄၊ ၆