ကျနော်လိုင်းကားမောင်းခါစတုန်းလောက်ကပေါ့ ဘန်ကောက်ကနေ မဲ့ဆောက်ကိုပြေးဆွဲတဲ့ ခရီးစဉ်မှာ တက္ကသိုလ်ကျောင်းသူ ၅ ဦးနဲ့မဲ့ဆောက်ကိုသွားတော့ ကျနော့ရဲ့ဘေးမှာ တစ်ယောက်ထိုင်တယ် ကျနော့ရဲ့အနောက်ခုံတန်းမှာ ၂ ယောက်ထိုင်ပြီးတော့ သမီးရည်းစားလို့ယူဆရသူကျောင်းသား ၂ ဦးကတော့ နောက်ဆုံးထိုင်ခုံမှာထိုင်ပြီး အလယ်ခုံကိုမှာတော့တယောက်မှထိုင်တဲ့သူမရှိတဲ့အတွက် တတန်းလုံးနေရာလွတ်နေပါတယ်

ကားစထွက်ပြီးစက်မှုဇုန်တစ်ခုအကျော်လောက်ရောက်တော့ ကျနော့ထိုင်ခုံအနောက်က ကျောင်းသားတစ်ယောက်က “အကို အရှေ့မှာလူတစ်ယောက်ကားတားနေတယ်” ရပ်ပေးလိုက်ပါဦး ဆိုတာ့ ကျနော်ဘေးဘီပတ်လည်ကိုကြည့်လိုက်တော့ နတ်စင်ကလွဲပြီးဘာမှမရှိဘူး ကျနော်လည်းကားရပ်ခိုင်းတဲ့ညီလေးကိုကြည့်လိုက်တော့ သူလည်းအံ့သြတဲ့ပုံစံနဲ့ ကျနော့်ကိုပြန်ကြည့်တယ် ကားပြန်ထွက်မယ်ကြံတော့ အနောက်ဆုံးမှာထိုင်နေတဲ့ ညီလေးတစ်ယောက်က “တက်လာလေ” ဆိုပြီးလှမ်းခေါ်ပြီး တံခါးကိုဖွင့်ပေးလိုက်တယ် ဒါနဲ့ ကျနော်လည်းလှမ်းမေးလိုက်တယ် “ညီလေးခုနကဘယ်သူနဲ့စကားပြောနေတာလဲ” ဆိုတော့ “ခုနကပဲကျနော့သူငယ်ချင်းကလူတင်မယ်ဆိုပြီးပြောတယ်မဟုတ်လား” အဲဒါကြောင့်မို့ တံခါးဖွင့်ပေးလိုက်တာလေ လို့ပြောတယ် ကျနော်လည်း ဘာမှဆက်မပြောပဲ ခရီးဆက်နှင်ဖို့ ကားလီဗာနင်းပြီး အဲဒီနေရာကနေ ထွက်ခွာခဲ့လိုက်တယ်

ကားထဲမှာလာတုန်းကနဲ့မတူပဲ အားလုံးတိတ်ဆိတ်နေတယ် အဲယားကွန်းကလည်း ပိုပြီးအေးလာသလလိုခံစားရတယ် ခဏကြာတော့ အနောက်ကညီလေးကကျနော့ကို လက်တို့ပြီး “အကို အရှေ့မှာလေးယောက်ထိုင်လို့ရလား” လို့မေးတယ် ကျနော်က “ဘာဖြစ်လို့လဲ” မေးလိုက်တော့ “ကျနော်အနောက်မှာမထိုင်ရဲတော့ဘူး” ကျနော့ရဲ့အနောက်ခုံက စကားတွေပြောသံကြားနေရတယ် 

ကျနော်လည်းပြန်ပြောလိုက်တယ် “အနောက်မှာထိုင်နေတဲ့စုံတွဲပြောနေတာဖြစ်မှာပေါ့” ဆိုတော့ အကိုကလည်းမဟုတ်တာ သူတို့စုံတွဲကကားစထွက်ကတည်းကအိပ်နေတာလေ… ကျနော်လည်းဘာမှပြောမနေတော့ဘဲကားကိုလမ်းဘေးထိုးရပ်ပြီးအရှေ့မှာ ထိုင်ခိုင်းလိုက်တယ် အရှေ့ရောက်တော့ “ကျနော်တို့ကားရပ်တုန်းကလူတင်လာသေးလား” ကျနော်လည်းပြန်မေးလိုက်တယ် “ငါ့ညီဘယ်သူ့ကိုတင်လာလို့လဲ”  အကိုကျနော်အရမ်းကြောက်နေပြီ ကျနော့ခုံအနောက်က စကားပြောသံတွေကြားနေရတယ် “ဘယ်လိုတွေကြားနေရတာလဲ” လို့ကျနော်ကမေးတော့ “အဖိုးအိုတစ်ယောက်စကားပြောသံ ဘာဘာသာစကားလည်းမသိဘူး ကျနော်နားမလည်ဘူး ကျနော့်တို့နိုင်ငံကစကားမဟုတ်ဘူး” တလမ်းလုံးကားပေါ်မှာ ငြိမ်သက်စွာနဲ့လိုက်လာခဲ့တယ်

အတန်ကြာမောင်းလာတော့ ဘန်ကောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ ရဲက ကျနော့ကားကိုတားတော့ “သွားပါပြီကွာ အကိုတော့ဒဏ်ငွေဆောင်ရတော့မယ်နဲ့တူတယ် အရှေ့မှာ ၄ ယောက်ပေးမထိုင်ဘူးကွ” လို့တိုးတိုးရေရွတ်မိလိုက်တယ် ရဲဝန်ထမ်းတစ်ယောက်လာပြီး ကျနော့ရဲ့ကားကိုဖွင့်ပြီးစစ်ဆေးတယ် ခရီးသွားတွေကို ကားတံခါးဖွင့်ပြီးကြည့်တယ် ပြီးတော့ ထူးဆန်းစွာပဲ ကျနော့ကို ဒဏ်ငွေမရိုက်ပဲ သွားလို့ရပြီလို့ပြောတယ် အဲဒီဂိတ်လည်းလွန်ရော ကျနော့ကားမှာ စကားပြောသံတွေမကြားရတော့ပဲ အေးဆေးစွာပဲကားကိုမောင်းနှင်ခဲ့လိုက်တယ် ကနော့စိတ်ထဲမှာတော့ ကားတံခါးဖွင့်တုန်း စစ်ဆေးရေးဂိတ်မှာဆင်းသွားတာဖြစ်လိမ့်မယ် လို့တွေးရင်း…