၂ဝ၂ဝ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တရားမဝင် ရွှေ့ပြောင်းအိမ်အကူမလေးတစ်ဦးကို အိမ်တွင်းမှအိမ်ပြင် ထွက်ခွင့်မပေးဘဲ နှစ်ရှည်ချုပ်နှောင် ခိုင်းစေခဲ့တဲ့ ထိုင်းလင်မယား ၂ ဦးကို လူကုန်ကူးမှုထမြောက်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။  

ထိုင်းနိုင်ငံစမွတ်စာခွန်ခရိုင်မှာ ဖွင့်လှစ်ထားတဲ့ ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်တွင် “နန်းဆောင်ဖွန်” အသက် ၂၁ နှစ်အရွယ် ရွှေ့ပြောင်းလာအိုအိမ်အကူမလေးတစ်ဦးကို ၉ နှစ်ကြာ အိမ်ရှင်မှ ဘယ်မှပေးမသွားပဲအိမ်အတွင်း ချုပ်နှောင်ပြီး မတရား သဖြင့်ခိုင်းစေခဲ့တယ်လို့ သတင်းရတာကြောင့် တရားရုံမှရှာဖွေခွင့်အမိန့်စာနှင့်အတူ ယင်းနေအိမ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ရာ နန်းဆောင်ဖွန်ကိုတွေ့ခဲ့ပါတယ်။

“နန်းဆောင်ဖွန်” ဟာ အသက် ၁၃ နှစ်အရွယ် ၂ဝ၁၁ ခုနှစ်လောက်ကတည်းက ကျွန်လိုခိုင်းစေခဲ့တဲ့ လင်မယားထံမှာ ၉ နှစ်ကြာကာလပတ်လုံး ဆင်းရဲခြင်းများစွာဖြင့်နေလာခဲ့ရကြောင်းထွက်ဆိုပါတယ်။ အလုပ်လုပ် ခါစတစ်လနှစ်လအတွင်း လစာ ၁၅ဝဝ ဘတ်သာပေးပြီး နောက်ပိုင်းလစာမပေးတော့ဘဲ သူမကိုလည်း ပစ္စည်းတွေသိမ်းတဲ့ စတိုခန်းငယ်လေးထဲမှာ သာနေခိုင်းခဲ့တယ်လို့ပြောပါတယ်။

ယင်းအိမ်မှာအလုပ်လုပ်ကိုင်နေပြီး လအနည်းငယ်ကြာလာတဲ့အခါမှာ အိမ်ရှင်လင်မယားမှ သူမကို ကိုယ်ထိ လက်ရောက်ရိုက်နှက်ခြင်း၊ အလိုမကျတဲ့အခါရိုင်းဆိုင်းစွာ ဆဲဆိုကြိမ်းမောင်းခြင်းတို့ရှိခဲ့ပြီး တစ်နေ့သူမအိမ်ကထွက်ပြေး တဲ့အခါအိမ်နီးနားခြင်းတွေကို သူမဟာစိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း ပြောပြီး ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်းများရှိခဲ့တယ် လို့ပြောပါတယ်။  

သူမကိုဖမ်းမိတဲ့အခါမှာဆိုရင်လည်း ရိုက်နှက်ပြီး အခန်းငယ်လေးထဲမှာ လှောင်ပိတ်ထားပါတယ်။ ၂ဝ၁၁ ခုနှစ်က စလို့ နားရက်မရှိ နေ့စဉ်အလုပ်လုပ်ခဲ့ရပြီး ၂ဝ၁၆ ခုနှစ်လောက်မှသာ တစ်ပတ်မှာတစ်ရက်ပေးနားခဲ့တယ်လို့ ဆိုပါတယ်။ နားရက်တွေမှာလည်းသူဌေးလင်မယားအပြင်သွားတဲ့အခါ သူမအတွက်အခန်းကျဉ်းထဲ ခေါက်ဆွဲပြုတ်ထည့်ပေးခဲ့ပြီး အပြင် က သော့ခတ်ကာချုပ်နှောင်ထားခဲ့တယ်လို့ဆိုပါတယ်။

တာဝန်သိပြည်သူတစ်ဦးမှ ရဲတပ်ဖွဲ့ကိုသတင်းပေးပို့ခဲ့ကြောင့် သူမကိုကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူမကို မတရားသဖြင့်စေခိုင်းခဲ့တဲ့ သူဌေးလင်မယားကို စစ်ဆေးမေးမြန်းရာမှာ ၄င်းတို့မနှိပ်စက်ခဲ့ကြောင်းနဲ့ ချုပ်နှောင်ခဲ့ခြင်းမရှိ ကြောင်းငြင်းဆိုပါတယ်။ ကနဦးမှာ ရက်စက်ကြမ်းကြုတ်လှသော ထိုင်းသူဌေးလင်မယားကို လူကုန်ကူးတိုက် ဖြတ်ရေးနှင့် လူသားဘဝမြှင့်တင်ရေးအဖွဲ့တို့မှ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : khaosod , amarintv ,tvpoolonline