ထိုင်းနိုင်ငံရဲ့မဟာမြို့တော်ဘန်ကောက်အတွင်းမှာ အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိကြတဲ့သူတွေအနေနဲ့ လာမည့် ရက်ရှည်ရုံးပိတ်ရက်မှာ မြို့ပြနဲ့ဝေးရာ သဘာဝအလှတရားတွေရှိတဲ့နေရာတွေကို အလည်အပတ်သွား ချင်ကြမှာပေါ့ ဘန်ကောက်မြို့ဟာ မဟာမြို့တော်ဆိုပေမယ့်လည်း ဘန်ကောက်နဲ့အနီးတစ်ဝိုက်ခရိုင်ဖြစ်တဲ့ လန်းစစ်- ပထုမ်ဌာနီ ခရိုင်အတွင်းမှာတော့ နေ့ချင်းပြန်သွားရောက် လည်ပတ်နိုင်တဲ့ သဘာဝအတိုင်း မပျက်စီးသေးတဲ့ လှပတဲ့အလည် အပတ်နေရာတွေရှိနေဆဲဖြစ်ပါတယ်။

သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ကားရှင်းတဲ့ တနင်္ဂနွေနေ့မှာသွားလည်ဖို့အကြံပြုလိုက်ပါရစေ အရင်ဆုံးအနေနဲ့ “တလတ်ရဟင်း” နှစ်တစ်ရာဈေးကိုသွားလိုက်ကြရအောင် ဒီဈေးလေးဟာ ထိုင်းနိုင်ငံရဲ့နာမည်ကြီးရေပေါ်ဈေးဖြစ်တဲ့ အမ်ဖ၀ါးဈေးနဲ့ခပ်ဆင်ဆင်ပါပဲ အစားတလိုင်းမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် လုံးဝအကြိုက်တွေ့စေမှာပါ ဈေးပတ် ပြီးရင်တော့ Highlight ဖြစ်တဲ့ ရဟင်းဘုံကျောင်းကိုဖူးမျှော်ပြီး လိုအင်ဆန္ဒတွေကိုဆုတောင်းခဲ့ဖို့မမေ့နဲ့နော်

ခရုစေတီကိုမရောက်ဖူးရင် ပထုမ်ဌာနီကိုမရောက်တာနဲ့အတူတူပဲ လို့ဒေသခံတွေကပြောကြတယ်  “ခရုစေတီ” ဟာဆိုရင် အထူးခြားဆုံး ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်ဆူပဲရှိတဲ့ ခရုခွံတွေနဲ့တည်ထားတဲ့ စေတီတစ်ဆူပဲ ဖြစ်ပါတယ်   ၁၉၉၅ ခုနှစ်က တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ဟာ မကြာခဏ မြန်မာနိုင်ငံကိုသွားပြီး တရားကျင့်သုံးလေ့ရှိတာကြောင့် ဘုန်းကြီးကျောင်းအတွင်း မြန်မာ့ဗိသုကာလက်ရာများကိန်းအောင်းလျက်ရှိတာကို အံ့သြဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်

၂ နေရာလောက်လည်ပြီးသွားပြီဆိုတော့ ဗိုက်ဆာနေပြီလေ  “အင်းနမ်းဆမ်ခုတ်” ဈေးမှာ နေ့လည်စာစားလိုက်           ရအောင် ဒီဈေးလေးကတော့ ထိုင်းရိုးရာမုန့်များစုဝေးရာလို့ပဲပြောရမလား ထိုင်းနိုင်ငံရဲ့နာမည်ကြီးအရသာရှိတဲ့ ရိုးရာမုန့်တွေအများကြီးပါပဲ ဗိုက်ဝသွားပြီဆိုရင် အိမ်ကသူတွေအတွက်လည်း လက်ဆောင်ဝယ်သွားပေးဖို့မမေ့နဲ့နော်

ဝမ်းဒေးထရစ်ပ် လေးကိုအဆုံးသတ်တဲ့အနေနဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး ဓမ္မကထိကဘုန်းကြီးရုပ်တုကို ထုစစ်ကိုးကွယ် ထားတဲ့ဘုန်းကြီးကျောင်းကိုသွားကြရအောင် ပေ ၁၀၀ နီးပါးညဏ်တော်အမြင့်ရှိတဲ့ “၀ပ်ဘွပ်” ဘုန်ကြီးကျောင်းဟာ ပထုမ်ဌာနီခရိုင်ဒေသခံများ ယုံကြည်အားထားကိုးကွယ်ကြတဲ့ ဘုန်ကြီးကျောင်းလို့လည်းကြားသိရပါတယ် ကဲကဲ နှစ်သစ်ကူးအလုပ်ပိတ်ရက်မှာဘယ်သွားလို့ ဘယ်လာရမလဲမသိတဲ့သူတွေ ဒီနေ့ပဲ သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး ၁ ရက်ခရီးစဉ်လေးကို ချစ်တဲ့သူနဲ့ အမြန် ပြင်ဆင်လိုက်ကြနော်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်  : tripgether, Manager Online, Kapook, TrueID Lifestyle, IZERADAH, welovetogo, MGR ONLINE, tourwatthai