ဇန်န၀ါရီလ ၁၅ ရက်နေ့က တာ့ခ်ခရိုင်၊ မဲ့ဆောက်မြို့ မဲဆောက်-တာ့ခ်သွားလမ်းမကြီး ဟွေ့ဟင်ဖွန် လုံခြုံရေးဂိတ်မှာ လဝကရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့များစောင့်ကြပ်စစ်ဆေးနေစဉ် ပလပ်စတစ်ရေစည်ပိုင်း ဖြင့်ရေပို့ဆောင်သည့် မသင်္ကာဖွယ်ရာ လိုင်စင်အမှတ် 1 ฒบ.6623 မစ်ဆူဘီရှီဟိုင်းလပ်ကားတစ်စင်းကို တွေ့ရှိတာကြောင့် တားဆီး စစ်ဆေးခဲ့ရာမှာတော့ ရေစည်ထဲမှာ ရေတွေမရှိဘဲ ကြမ်းခင်း ပြုလုပ်ထားတာတွေ့ရှိရပါတယ် ကြမ်းခင်းအောက်မှာ ၁ ပေလောက်မြှင့်ထားတဲ့ အထပ် ၁ ထပ်ရှိပြီး အနက်ရောက်မိုးကာနဲ့ အုပ်ထားပြီး အဆိုပါ မိုးကာကို ဖွင့်လှစ်စစ်ဆေး ကြည့်ရာမှာတော့ အိပ်လျက်အနေအထားနဲ့ လိုက်ပါလာတဲ့ အမျိုးသား ၄ ဦး နဲ့ အမျိုးသမီး ၂ ဦးတို့ကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်းဝိတ်ထချိုင်း မားလိုင်း ဆိုသူ ယာဉ်မောင်းသမားကိုစစ်ဆေးရာမှာတော့ သူတို့အားလုံးကို မဲ့ဆောက်မှ ဘန်ကောက်မြို့ သို့ ပို့ပေးရန် မြ၀တီဘက်ခြမ်းမှ ပွဲစားတစ်ဦးက ၄င်းကို တစ်ယောက် ဘတ် ၈၀၀၀ နှုန်းပေးပြီး ပို့ဆောင်ပေးရန် စေခိုင်း ခဲ့ကြောင့်ပြောပါတယ်

လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းသမားနှင့် တရားမ၀င်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ ဦးကို အရေးယူဆောင် ရွက်ရန် မဲ့ဆောက်မြို့နယ် ရဲသခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : 77 Kaoded, Amarin TV