၂၀၂၀ ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆:၃၀ အချိန်တွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချစီမာခရိုင်တွင် မြန်မာနိုင်ငံသား ၃ ဦးစီးနှင်းလာသည့် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီးသေဆုံး သွားကြောင်းသိရသည်။  အခင်းဖြစ်ပွားရာသို့သွားရောက်စစ်ဆေးရာတွင် ၄င်းတို့ ၃ ဦးစီးနှင်းလိုက်ပါလာသည့် Honda wave ဆိုင်ကယ်မှာကြေမွနေသည်ကိုတွေ့ရသည်။

သေဆုံးသူ ၃ ဦးဟာ နခွန်ရတ်ချစီမာခရိုင်အတွင်းရှိ ပလတ်စတစ်အိပ်နှင့် ဂျုံမှုန့်များထုတ်လုပ်သည့် စက်ရုံတွင်အလုပ်လုပ် နေသည့် ကိုညိုမင်းဦး အသက် ၂၇ နှစ်၊ ကိုကျော်ဟိန်း အသက် ၂၇ နှစ် နှင့် ကိုစီ အသက် ၂၃ နှစ်တို့ဖြစ်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ သေဆုံးသူ ကိုကျော်ဟိန်းဟာ ၄င်းနှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ထိုင်းအမျိုးသမီးတစ်ဦးထံမှ ဈေးသွားရန် ဆိုင်ကယ်ငှားခဲ့ပြီး  သေဆုံးသူ ကိုညိုမင်းဦး၊ ကိုစီ တို့လည်း ကိုကျော်ဟိန်းနှင့်အတူလိုက်ပါသွားခဲ့ရာမှ လမ်းအကွေ့တစ်ခု တွင် အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီးသေဆုံး သွားခဲ့ရ ကြောင်းသိရသည်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Thairath