နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုတစ်ဖန်ပြန်စရတော့မယ် ဆိုပေမယ့်လည်း နှစ်သစ်ကိုစဖို့အဆင်သင့်မဖြစ်သေးတာ စာရေးသူ အပါအ၀င်အချို့ဘ၀တူသူငယ်ချင်းတွေလည်းရှိလိမ့်မယ်လို့ထင်ပါတယ်။ အလုပ်တွေနဲ့လုံးပန်းရင်း ဖြတ်သန်းလာခဲ့တဲ့တစ်နှစ်တာမှာ စာရေးသူအနေနဲ့ အချစ်ရေးကံမကောင်းတာ၊ ငွေရေးကြေးရေးအဆင်မပြေတာ၊ ဘာလုပ်လုပ်မပြေပြစ်တာ စတဲ့အဆင်မပြေမှုတွေများစွာ နဲ့ကြုံတွေ့ခဲ့ရပါတယ် ဒါကြောင့်နှစ်သစ်ကိုကံကောင်းခြင်းတွေနဲ့ဖြတ်သန်းနိုင်စေဖို့ ထိုင်းနိုင်ငံရဲ့ အထင်ကရ နာမည်ကြီးဆုတောင်းပြည့် နေရာတွေမှာဆုသွားတောင်းကြရအောင်…..

၁. ခရိုင်နတ်ကွန်း : ထိုင်းနိုင်ငံသားတွေဟာ မြို့ပြခေတ်မတိုင်ခင်က အရောင်းအ၀ယ်၊ စီးပွားရေး စတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် နတ်ကွန်းကိုအရင်တိုင်တည်လေ့ရှိကြပါတယ် နတ်ကွန်းကိုတိုင်တည်ခြင်းအားဖြင့်လည်း အရောင်း အ၀ယ်လုပ်ရာမှာ အဆင်ပြေလေ့ရှိတယ်လို့ပြောကြပါတယ်။ ဒါကြောင့်နှစ်ဟောင်းမကုန်ဆုံးမီ ရာထူးတိုးချင်တဲ့သူတွေ၊ အရောင်းအ၀ယ် အဆင်ပြေချင်တဲ့သူတွေ၊ အလုပ်ရချင်တဲ့သူတွေအနေနဲ့ ခရိုင်နတ်ကွန်းမှာသွားရောက်တောင်းဆုပြုကြည့်ဖို့အကြံပြုလိုက်ပါတယ်။

တည်နေရာ : ခရိုင်တိုင်းတွင်နတ်ကွန်းအသီးသီးရှိသည်

၂. မြဘုရား (wat phra kaew)  ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်း ထိပ်တန်းတော်ဝင်ဘုန်းကြီးကျောင်းဖြစ်ပြီး ကျောက်စမ်းနဲ့ ထုစစ်ထားတဲ့ဗုဒ္ဓဆင်းတုတော် တည်ထားကိုးကွယ်ထားတဲ့ နာမည်ကြီးဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပါတယ် ထိုင်းလူမျိုးဒေသခံတွေ ကတော့ မြဘုရားကိုဖူးမျှော်ပြီးသူတိုင်း လာဘ်လာဘတိုးပွားလေ့ရှိကြတယ်လို့ဆိုပါတယ်။  ကဲ အမြန်သွားဖူးလိုက်ကြရအောင် !!

တည်နေရာ : ဖရာ့နခွန်မြို့နယ်၊ နာ့ဖရလန်လမ်း၊ ဘန်ကောက်မြို့

၃. လုန်လျံစီဘုန်းကြီးကျောင်း (တရုတ်နဂါးကျောင်း) ဘန်ကောက်မြို့တွင်းအခန်းနားဆုံးတရုတ်ဘုန်းကြီးကျောင်းလို့ဆိုလို့ရပါတယ် ဘုန်းကြီးကျောင်းအတွင်းမှာတော့ တရုတ်နတ်ဘုရားရုပ်တုတွေများစွာတည်ထားပြီး အများစုကတော့ “ထိုက်ဆွေအီ” ကံဇာတာနတ်ဘုရား နဲ့ “ချိုင်စင်းအီ” လာဘ်လာဘ နတ်ဘုရားတို့ကို သွားရောက်ပူဇော်ပသကြတာများပါတယ်။ ဘုန်းကြီးကျောင်းအတွင်းမှာလည်းဖယောင်းတိုင် အမွှေးတိုင် ပြင်ဆင်ပေးထားတာကြောင့် ကံဇာတာမြင့်တက်အောင် လာဘ်လာဘတိုးပွားအောင် သွားရောက်ပူဇော်ကြည့်ကြဖို့မမေ့နဲ့နော်။

တည်နေရာ : ကျရိန်ကရုန်လမ်း Pom Prap Sattru Phai မြို့နယ် ဘန်ကောက်မြို့

၎. Trimurti Shrine Central World နတ်စင် : ဘန်ကောက်မြို့လယ်ခေါင်က ကမ္ဘာ့လှည့်ခရီးသွားတွေအများစုကို ဆွဲဆောင် နိုင်တဲ့နတ်စင်တစ်ခုလို့ပြောရမှာပါ နေ့စဉ်နဲ့အမျှ လာရောက်ပူဇော်ကြတဲ့သူတွေတိုးကြိတ်လို့နေပြီး အများစုကတော့ Trimurti နတ်စင်မှာ ပူဇော်ဝတ်ပြုခြင်းအားဖြင့် လူလွတ်များ ဖူးစာဆုံစေပြီး ချစ်သူရည်းစားတွေဆိုရင်အချစ်ရေးခိုင်မြဲစေတယ်လို့ ယုံကြည်ထားကြပါတယ်။  ၉း၃၀ မှ ၂၁း၃၀ ထိ ပူဇော်ရန်ဖွင့်လှစ်ပေးထားပြီး အများစုကတော့ ထူးခြားစွာနဲ့ ကြာသပတေးနေ့အပတ်တိုင်းမှာသာ သာမာန်ထက်လာရောက် ပူဇော်သူ များပြားလေ့ရှိပါတယ်။

တည်နေရာ : Central World ကုန်တိုက်ရှေ့ ပရထုမ်ဝမ်မြို့နယ်၊ ဘန်ကောက်မြို့

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် : TQM, masii Simplified Comparison, Kapook, MTHAI,Office of the City Pillar Shrine Administration, TRAWELL