ICONSIAM လို့ပြောလိုက်တာနဲ့ အခုအချိန်မှာဆိုရင်မသိတဲ့သူ မရှိသလောက်ရှားပါတယ် ဘန်ကောက်မြို့ ကျောက်ဖရယားမြစ်နံဘေးမှာဆောက်လုပ်ထားတဲ့ တစ်ခုတည်းသောအကြီးဆုံးရှော့ပင်းမောဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ အလှကိုပုံဖေါ်ချင်တဲ့သူတွေ ရှော့ပင်ထွက်ချင်တဲ့သူတွေအနေနဲ့  လုံးဝလက်မလွတ်သင့်တဲ့ရှော့ပင်းမောတစ်ခုပါ ဒါကြောင့် အထဲမှာဘာတွေများစိတ်ဝင်စားစရာတွေရှိလဲဆိုတာ သွားကြည့်လိုက်ကြရအောင်။

 ၁ ထပ် မှာတော့ ခေတ်မီလူငယ်အ၀တ်အစားများနဲ့ ဖက်ရှင်များကိုရောင်းချတဲ့ဇုန်ဖြစ်ပါတယ်။

၂ ထပ် မှာတော့ lifestyle အသုံးအဆောင်ပစ္စည်းများရောင်းချပြီး ထိုင်းနိုင်ငံရဲ့ပထမဦးဆုံး Apple Store လည်းရှိတာကြောင့် Apple ရဲ့ခေတ်မီနည်းပညာများကိုစမ်းသုံးကြည့်ချင်တဲ့  Apple ပရိသတ်တွေလုံးဝလက်မလွတ် သင့်တဲ့နေရာပါ။

၃ ထပ်ဟာဆိုရင် အားကစားပစ္စည်းများ ရောင်းချတဲ့နေရာဖြစ်တာကြောင့် ကျန်းမာရေး လိုက်စားတဲ့သူများ သွားသင့်တဲ့နေရာပါ adidas နဲ့ Nike ဖိနပ်များဟာဆိုရင်လည်းတစ်တပတ်တစ်ခါ အပ်ဒိတ်အမြဲလုပ်နေတာကြောင့် အများထက်ဦးစွာပိုင်ဆိုင်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။

၎ ထပ်မှာတော့ အိမ်အလှပြင်ပစ္စည်းနဲ့ပရိဘောဂများရောင်းချပြီး အိုင်တီပစ္စည်းနဲ့ ကင်မရာ မိုဘိုင်းဖုန်းတို့ ရောင်းချနေတဲ့ဆိုင်တွေအများအပြားရှိပါတယ်။

၅  ထပ်ကိုတော့ ပျိုမေတွေအကြိုက် ဆံပင်အလှပြင်ဆိုင် ဗျူတီကလစ်နစ် စပါး နဲ့အသားအရေပြုပြင်မွမ်းမံ ဆိုင်တွေနဲ့ ဘဏ်တွေရှိပါတယ်။

၆ ထပ်မှာတော့ ခေတ်မီရုပ်ရှင်ရုံတွေရှိပြီး အစားအစာတွေကလည်း ပရီးမီယမ်အစားအစာတွေဖြစ်တာ ကြောင့်တစ်ခေါက်လောက် ရုပ်ရှင်ကြည့်ပြီး ပရီမီယမ်အစားအစာတွေကို မြည်းကြည့်ဖို့မမေ့နဲ့နော်။

၇ ထက်မှာတော့ ရှေ့ပြေးနည်းပညာများကိုတွေ့ရမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးဂျင်မ် လည်းဖွင့်လှစ်ထား တာကြောင့်အနီးနားမှာနေတဲ့သူတွေဆိုရင် ကျန်းမာရေးလိုက်စားဖို့ ICONSIAM ရဲ့ ၇ ထပ်ဟာသင့်အတွက်အဆင်ပြေ စေမှာပါ။

၈ ထပ်မြောက်မှာတော့ သမိုင်းအကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေ လက်မလွတ်သင့်တဲ့ ကမ္ဘာ့အဆင့်မီ သမိုင်းပြတိုက်ပဲဖြစ်ပါတယ် ဘယ်လိုအကြောင်းအရာတွေကိုပြသထားလဲဆိုတာတော့ ကိုယ်တိုင်သွားရောက်ကြည့်စေ ချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့အစားအစာတွေ စတစ်ဖွတ်တွေစားချင်ရင်တော့ G အထပ်ကို ပတ်ကြည့်လိုက်ပါ ထိုင်းနိုင်ငံရဲ့အရပ် ၄ ရပ်မှအစားအစာတွေကိုရောင်းချပြီး ဈေးနှုန်းကလည်းချိုသာတာကြောင့် စိတ်ကြိုက်စားနိုင်မှာပါ။

ဘယ်လိုသွားနိုင်လဲ

ICONSIAM ဈေးဝယ်စင်တာဟာ ကျရုန်ကရွန် (Chroen Krung) လမ်းပေါ်မှာတည်ရှိပါတယ် 

– မိုးပျံရထားစီးပြီး ထွန်ဘူရီ (Thonburi) ဘူတာမှာဆင်းပါ။ ဒီဘူတာကနေ ICONSIAM ကို ဖရီးပို့ဆောင်ပေးနေတဲ့ SHUTTLE BUS ကိုဆက်စီးနိုင်ပါတယ်။ ၈.ဝဝ မှ ၂၃.ဝဝ နာရီထိ ပြေးဆွဲပေးနေပြီး၁၅ မိနစ် ၁ စီးထွက်ပါတယ်။ ဒီဘူဒါကနေ ၈၄ အဲယားကွန်းလိုင်းကားစီးပြီးတော့လည်း သွားနိုင်ပါတယ်။ 

– စီဖယား (SiPyaya Jetty) ဆိပ်ခံတံတားကနေ Shuttle Boat စီးပြီးတော့လည်း ICONSIAM ကိုအရောက်သွားနိုင်ပါတယ်။ ၉.ဝဝ မှ ၂၃.ဝဝ နာရီထိပြေးဆွဲပေးနေပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Wongnai, iMod, Lonely Planet, wongnau, ICONSIAM, paikondieow, MARKETINGOOPS!, Facebook: tiewlongpoongg