တနင်္ဂနွေသား/သမီး

အလုပ်ရှာနေတဲ့သူတွေ အလုပ်ပြောင်း အလုပ်နေရာရာထူးပြောင်းချင်နေတဲ့သူတွေအတွက် အခွင့်အလမ်းကောင်းဝင်လာမည် ဒီအခွင့်အရေးကိုလက်လွတ်မခံပါနဲ့။ ဝင်ငွေဖြည်းဖြည်းချင်းတိုးတက်နေမည် ကံစမ်းခြင်းမှကံထူးကိန်းရှိသည်။ လူလွတ်များကို ကိုယ်ကျင့်စရိုက်တူညီသူ အကြိုက်ချင်းတူညီသူမှ ချဉ်းကပ်လာမည်။ စုံတွဲများ သာယာမည်။

ယတြာ

ဘုန်းကြီးကျောင်းကိုသင်္ကန်းလှူဒါန်းပါ

အကျိုးပေးအရောင်

ပန်း၊ အနီ

အကျိုးပေးဂဏန်း

၎၊ ၅၊ ၇

တနင်္လာသား/သမီး

အလုပ်အကိုင်ပင်ပန်းနေမည် မည်သူ့ကိုမှအားကိုးမရဘဲဖြစ်နေမည် ကိုယ့်ကိုယ်ကိုအားပေးပါ ခံနိုင်ရည်မွေးပါ။ ဝင်ငွေပမာဏသည်သင့်ရဲ့အရည်အချင်းပေါ်မူတည်သည် လတ်တလောမှာ ကံဇာတာကို အားမကိုးပါနဲ့။ လူလွတ်များ အလွန်အကျွံမမျှော်လင့်ပါနဲ့ စိတ်ရှည်လက်ရှည်စောင့်စားပြီး သဘာဝအတိုင်းလွတ်ထားပါ။ စုံတွဲများ မိမိဆန္ဒကိုရှေ့တန်းမတင်ပါနဲ့ မကြာခဏစိတ်ထိခိုက်တာကို ဘယ်သူမကြိုက်ပါဘူး။

ယတြာ

ဆွမ်းလောင်းလှူခြင်းဖြင့် ကုသိုလ်ပြုပါ

အကျိုးပေးအရောင်

ပြာနု

အကျိုးပေးဂဏန်း

၂၊ ၄၊ ၆

အင်္ဂါသား/သမီး

အလုပ်ကြပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိအားပေးမှုကြောင့် စိတ်ဖိစီးနေမည် အလုပ်အကိုင်နဲ့ပတ်သက်ပြီးအထူးသတိထားပါ စိတ်မကျနပ်မှုဖြစ်စေမယ့် အပြုအမူတွေကို ရှောင်ပါ။ လတ်တလောမှာ ရင်းနှီးမြှုပ်နှံတာတွေမလုပ်ပါနဲ့ အရှုံးပေါ်ဖို့များပါတယ်။ လူလွတ်များ အနီးနားရှိလူမှ မထင်မှတ်ဘဲ ချစ်ရေးဆိုတာခံရကိန်းရှိပါတယ်။ စုံတွဲများ နီးစပ်ရာလူမှ ချစ်သူလုခြင်းခံရနိုင်သည်။

ယတြာ

ကျွဲနွားများကို အသက်ကယ်တင်ပါ

အကျိုးပေးအရောင်

ခရမ်းရင့်၊ အနက်

အကျိုးပေးဂဏန်း

၅၊ ၇၊ ၉

ဗုဒ္ဓဟူးသား/သမီး

အလုပ်အကိုင်တွင် ထင်ပေါ်ခြင်းမရှိဘဲပုံမှန်ဖြစ်နေမည် ရာထူးတိုးခြင်း လစာတိုးခြင်းကိုမျှော်လင့်နေတဲ့သူများ အချိန်မတန်သေးပါ။ ငွေရေးကြေးရေးတွင် အတိုးအလျော့မရှိဘဲ တည်ငြိမ်နေမည် ရင်းနှီးမြှုပ်နှံဖို့မသင့်တော်သေးပါ။ လူလွတ်များ မိမိထက်အသက်ကြီးသူနဲ့ချစ်ကြိုက်ရကိန်းရှိသည်။ ဒါမှမဟုတ် အချိန်အတန်ကြာဆက်လက်အထီးကျန်နေမည်။

ယတြာ

တရားထိုင်ပါ၊ ပဌာန်းဆက်ရှိသူများကို မေတ္တာပို့ပေးပါ

အကျိုးပေးအရောင်

အဝါ၊ အသား

အကျိုးပေးဂဏန်း

၂၊ ၄၊ ၅

ဗုဒ္ဓဟူးသား/သမီး (ရာဟု)

ဒီသီတင်းပတ်မှာ တောင်ပုံယာပုံတဲ့အလုပ်တွေဝင်လာပြီး သင်ရဲ့အရည်ချင်းကိုစမ်းသပ်လိမ့်မည်။ အလုပ်ပိုလုပ်ခြင်းမှ ဝင်ငွေတိုးလာမည်။ လူလွတ်များလွတ်လပ်တဲ့ဘဝမှာပျော်ရွှင်နေဦးမည် တယောက်တည်းနေတာကပိုကောင်းပါတယ်။ စုံတွဲများ တဦးနဲ့တဦးအချိန်အပေးနိုင်ခြင်းကြောင့် ဆက်ဆံရေးကျဲနေမည်။

ယတြာ

ကလေးသူငယ်များနဲ့မသန်စွမ်းများကို ဒါနပြုပါ

အကျိုးပေးအရောင်

ငွေ၊ အဖြူ

အကျိုးပေးဂဏန်း

၂၊ ၃၊ ၇

ကြာသပတေးသား/သမီး

သင့်ရဲ့အလုပ်ကြိုးစားမှုနဲ့ စေ့စေ့စပ်စပ်လုပ်တတ်တဲ့အကျင့်ကြောင့် အလုပ်အကိုင်အဆင်ပြေချောမွေ့နေမည် လုပ်ဖော်ကိုင်ဖက်တွေကိုမိတ်ဖွဲ့ထားမယ်ဆိုရင် ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်ဘဝကိုရရှိလာနိုင်ပါတယ်။ လူလွတ်များကိုချဉ်းကပ်ချင်နေတဲ့သူတွေအများကြီးရှိပါတယ် အခွင့်အလမ်းဖွင့်ပေးလိုက်ပါ။ စုံတွဲများ သစ္စာရှိပါ သတိလလွတ်ပြီးဖောက်ပြန်မိတာတွေမဖြစ်စေနဲ့ လူကောင်းသူကောင်းကို  လက်လွတ်သွားမည်။

ယတြာ

ဘုန်းကြီးကျောင်းတွေကို အလင်းရောင်ပေးတဲ့ မီးသီးမီးတောက်များ ဆီမီးများလှူဒါန်းပါ

အကျိုးပေးအရောင်

မီးခိုး

အကျိုးပေးဂဏန်း

၁၊ ၂၊ ၆

သောကြာသား/သမီး

သင့်အပေါ်ယုံကြည်စိတ်ချတဲ့အတွက် အလုပ်ရှင်ကသင့်ကို အရေးကြီးတဲ့အလုပ် ပေးအပ်ခြင်းခံရမည်။ ရင်နှီးမြှုပ်နှံမှုအသစ်များလုပ်ကြည့်ပါ အကျိုးအမြတ်မြောက်များစွာရရှိနိုင်သည်။ အချစ်ရေးမှာ စိတ်ဓာတ်ကျဆင်းနေတဲ့သူတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့သူများ ချဉ်းကပ်လာမည်။ စုံတွဲများသာယာမည် တဦးနဲ့တဦး အားပေးမှုရှိမည်။

ယတြာ

ဘုန်းကြီးကျောင်းနဲ့နာရေးကူညီမှုအသင်းတွေကို လူသေအခေါင်းလှူဒါန်းပါ

အကျိုးပေးအရောင်

အပြာ၊ ဇီး

အကျိုးပေးဂဏန်း

၃၊ ၄ ၊ ၅

စနေသား/သမီး

ဒီသီတင်းပတ်မှာ သင့်ရဲ့အမှားကြောင့် အလုပ်ကိုဆိုးရွားစွာထိခိုက်ရာမှ စိတ်ဖိစီးမှုဖြစ်ပြီး ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်နိုင်သည် သည်းခံပြီးစိတ်အေးအေနဲ့လုပ်ကိုင်ထားပြီး ထွက်ပေါက်ရှာပါ။ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အကျိုးအမြတ်မရရှိတဲ့အပြင် ကြွေးမြီတင်နိုင်သည်။ လူလွတ်များကို အကျိုးအမြတ် တစုံတရာမျှော်လင့်တဲ့သူမှ ချဉ်းကပ်လာမည်။ စုံတွဲများ နှုတ်ဆက်ခံရမည်။

ယတြာ

ဘုန်းကြီးကျောင်းတက် တရားနာပြီး လှူဖွယ်ဝတ္ထုလှူဒါန်းပါ

အကျိုးပေးအရောင်

အနီ၊ လိမ္မော်

အကျိုးပေးဂဏန်း

၃၊ ၆၊ ၈